ကြာင့်ဖြစ်သော မျက်စိရောင်ရမ်းခြင်းဟုခေါ်ပါသည်။
ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများ
-ရာသီအလိုက်ဓါတ်မတည့်မှုကိုဖြစ်စေသောအစားအစာများရှိပါသည်။ ထိုဝေဒနာခံစားရလေ့ရှိသူများက အောက်ပါအစားအစာတို့ကိုရှောင်ကြဉ်ရန်လိုအပ်ပါသည်။
အရွက်စားမုန်လာ
-အရွက်စားမုန်လာသည် အပြန်အလှန်ဓါတ်ပြုတတ်သည့်သဘာဝရှိသည်။ အပင်များ၏ဝတ်မှုန်ကိုဓါတ်မတည့်သူများ စားသုံးပါကဓါတ်မတည့်မှုကိုပိုမိုဆိုးရွားတတ်သည်။
ခရမ်းချဉ်သီး
-ဓါတ်မတည့်ခြင်းအခံရှိသူများတွင် ဝင်ရောက်လာသောအရာဝတ္ထုများကိုတုန့်ပြန်ရန်ခန္ဓါကိုယ်ကဟစ်စတမင်း(Histamine)ကိုထုတ်လွှတ်ပေးသည်။ ခရမ်းချဉ်သီးတွင်ဟစ်စတမင်းဓါတ်များ ပါဝင်ပြီးအရွက်စားမုန်လာကဲ့သို့ဓါတ်တုန့်ပြန်တတ်သည့် သဘာဝရှိသည်။ ထို့ကြောင့် ရာသီအလိုက်ဓါတ်မတည့်မှုဖြစ်တတ်သူများသည် ခရမ်းချဉ်သီးကိုမရွေးချယ်သင့်ပါ။
အပြာရောင်မှိုကြောင်းများတက်နေသည့်ဒိန်ခဲ
-ဟစ်စတမင်းကြွယ်ဝစွာပါဝင်သောအစားအစာဖြစ်ပြီးမျက်စိနီရဲယားယံခြင်း ၊ မျက်ရည်ကျခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဗာဒံစေ့
-အပင်များ၏ဝတ်မှုန်များကို ဓါတ်မတည့်သူများသည် ဗာဒံစေ့အပါအဝင် အစေ့အဆန်များကိုစားသုံးခြင်းဖြင့် ဓါတ်မတည့်သည့်လက္ခဏာပိုဆိုးစေနိုင်သည်။ ဗာဒံစေ့ပါဝင်သောနွားနို့နှင့် ကွတ်ကီးမုန့်များသည်လည်းအတူတူပင်ဖြစ်သည်။ ထို့ကြောင့် ဓါတ်မတည့်သူများအနေဖြင့် ဗာဒံစေ့ကိုရှောင်သင့်ပါသည်။
ဝိုင်
-ဝိုင်သည်ဟစ်စတမင်းကြွယ်ဝသော စပျစ်သီးကိုအချဉ်ဖောက်၍ထုတ်လုပ်ထားသည်။ ထို့ပြင်ဝိုင်သည် ပန်းနာရင်ကြပ်ရောဂါကဲ့သို့ ဆိုးရွားသောကျန်းမာရေးပြဿနာများကိုလည်း ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဓါတ်မတည့်သူများအနေဖြင့် ဝိုင်သောက်ခြင်းကိုရှောင်ကြဉ်သင့်သည်။
ငှက်ပျောသီး
-Ragweed ဟုခေါ်သောရေညှိမျိုးနွယ်အပင်တစ်မျိုးကိုဓါတ်မတည့်သူသည် ငှက်ပျောသီးနှင့် စားမိပါကဓါတ်မတည့်ခြင်း ပိုမိုဆိုးရွားနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပါသည်။
တရုတ်နံနံ
-အပင်ဝတ်မှုန်နှင့် ပန်းဝတ်မှုန် တို့ကိုမတည့်သူသည် တရုတ်နံနံပင်ကိုလည်းရှောင်ကြဉ်သင့်ပါသည်။
ချာမိုမိုင်းလက်ဖက်ရည်
-လက်ဖက်ရည်ပူပူသည် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်သော်လည်း Ragweed ပင်ကိုဓါတ်မတည့်သည့်သူများသည် ချာမိုမိုင်းပင်နှင့် ပြုလုပ်ထားသောလက်ဖက်ရည်ကိုရှောင်ကြဉ်သင့်သည်။
-ရာသီအလိုက်ဓါတ်မတည့်မှုများရှိသူတို့သည် ဖြစ်စေရသောအကြောင်းအရင်းအပြင် ရာသီဥတုနှင့် အစားအစာကိုလည်းသတိထားသင့်ပါသည်။ အချို့အစားအစာများကဓါတ်မတည့်မှုကို ဖြစ်စေပြီးအချို့ကအခြေအနေကိုပိုဆိုးစေနိုင်သည်။ ကျန်းမာစွာနေထိုင်ရန်အချိန်ပြည့်သတိထားသင့်ပါသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။