backup og meta

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ

ရင်သား လှပမှုက အမျိုးသမီးတွေကို အလှတိုးစေတဲ့ အရာ တစ်ခုပါ။ ရင်သားတွေက နေရင်းထိုင်ရင်း လှတာတော့ မဟုတ်ပါဘူး။ ရင်သား လှပစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးလို့ ရသလို ရင်သားကို ထိခိုက်စေတာမျိုး ဖြစ်စေတဲ့ အလေ့အထတွေကို မလုပ်မိအောင် ဆင်ခြင်ပေးတာကလည်း ရင်သား အလှကို ထိန်းသိမ်းရာမှာ အထောက်အကူပေးနိုင်ပါတယ်။

ရင်သားတွေကို ဘာမှမလုပ်ဘဲ ရင်သားတွေက ဘာလို့ တွဲကျမှာလဲဆိုတော့  အသက်ကြီးလာလို့ ဖြစ်နိုင်သလို အချို့သော နေ့စဉ် လုပ်မိနေတဲ့ အမှုမဲ့ အမှတ်မဲ့ အလေ့အထလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ ကတော့

ဘရာဝတ်တဲ့အခါ ဆိုဒ် မှန်မှန် ဝတ်ဖို့လိုပါတယ်။ တကယ်လို့ ဘရာဆိုဒ်ကို ကြီးတာဝတ်မိရင် ဖြစ်ဖြစ် ဘရာဆိုဒ် သေးတာကိုဖြစ်ဖြစ် ဝတ်မယ်ဆိုရင် ရင်သားတွေ တွဲကျတာ ဖြစ်စေမှာပါ။ ဒါကြောင့် ရင်သားတွဲကျတာကို ကာကွယ်စေဖို့ဆိုရင် ဘရာဆိုဒ် မှန်မှန်ဝတ်ပေးပါ။

  • ရေသောက်နည်းတာ

ကမ္ဘာပေါ်မှာရှိတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သောက်စရာက သောက်ရေပါ။ ရေတွေက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေသလို အသားအရေကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ်။

ရင်သား တွဲကျတာမျိုး မဖြစ်စေဖို့လည်း သောက်ရေက ကောင်းကောင်း လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေ တွဲမကျစေချင်ဘူးဆိုရင် တစ်နေ့ကို ရေဓာတ် ပြည့်ဝအောင် သောက်ပါ။

  • ရင်သားကို နေလောင်ဒဏ်ကနေ မကာကွယ်တာ

ပုံမှန်အားဖြင့် ရင်သားကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ကမ်းခြေသွားတာ၊ ရေကူးကန် သွားတဲ့အခါမျိုးမှာတော့ ရင်သားကို နေလောင်ခံရတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုမျိုး နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာက ရင်သားတွေကို မလိုအပ်ဘဲ လျော့တွဲစေတာ၊ အရွယ်မတိုင်ခင် အရေပြား အိုမင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရင်သားကို နေရောင်ထိတွေ့နိုင်တဲ့ အခြေအနေမျိုးမှာ ရင်သားတွေကို နေလောင်ကာခရင်မ် လိမ်းပေးပါ။

  • ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက အရေပြားကို အိုမင်းစေနိုင်သလို ရင်သားတွေကိုလည်း လျော့တွဲစေနိုင်ပါတယ်။ ဒါကြောင့် ရင်သားအလှ မပျက်စီးစေချင်ဘူးဆိုရင်တော့ ဆေးလိပ် မသောက်ပါနဲ့။

  • ကိုယ်အလေးချိန် အတက်အကျ မြန်တာ

ကိုယ်အလေးချိန် ကျစေဖို့ diet လုပ်တာတွေက အရေပြားရဲ့ တင်းရင်းမှုကို လျော့ကျစေနိုင်ပြီး အရေပြားကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်သလို ရင်သား လျော့တွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရင်သားအလှ မပျက်ချင်ဘူးဆိုရင် ကိုယ်အလေးချိန်ကို ပုံမှန်လေး ထိန်းပေးပါ။

  • ကိုယ်နေဟန်ထား မမှန်တာ

ကိုယ်နေဟန်ထား မမှန်တာက ခါးနာတာ နောက်ကျောနာတာတွေကို ဖြစ်စေသလို မကြာခဏ ကိုယ်နေဟန်ထား မမှန်တာက ရင်သားတွေကို လျော့တွဲစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ထိုင်တဲ့အခါ လက်ပြင်ကို ကိုင်းထားတာမျိုး မလုပ်ပါနဲ့။ ခါးကိုလည်း မတ်မတ်လေးထားပြီး ထိုင်ဖို့ မမေ့ပါနဲ့။

  • လေ့ကျင့်ခန်း မလုပ်တာ

လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို ရင်သား ကြွက်သားတွေကိုလည်း တင်းရင်း လှပစေပါတယ်။ ဒါကြောင့် နေ့စဉ်မှာ ရင်သား လေ့ကျင့်ခန်းလေးကို မှန်မှန်လေး လုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်း လုပ်တဲ့အခါ ရင်သားကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ဆိုရင် sports bra ဝတ်ဆင်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Habits That Cause Breasts To Sag https://www.mcleanclinic.com/blog/health-tips/5-habits-that-cause-breasts-to-sag/ Accessed Date 14 November 2022

Adopt these 6 habits for healthy boobs https://www.healthshots.com/preventive-care/reproductive-care/6-tips-to-keep-your-breasts-health-in-check-through-daily-habits/ Accessed Date 14 November 2022

6 Bad Habits to Avoid if You Don’t Want Sagging Breasts https://steptohealth.com/bad-habits-avoid-dont-want-sagging-breasts/ Accessed Date 14 November 2022

11 Best Tips for Healthy Breasts https://www.healthcentral.com/slideshow/tips-healthy-breasts Accessed Date 14 November 2022

5 Bad Habits That Make Your Boobs Sag https://www.goodhousekeeping.com/health/a20534/habits-sagging-breasts/ Accessed Date 14 November 2022

ယခုပုံစံ

29/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

ရင်သားထွားထွား ရောဂါများများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement