- ပြားပြီး သေးနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းကြီး
နှုတ်ခမ်းကြီး ဆိုပေမယ့် ပြားပြီး သေးနေတာကြောင့် ဆီးခုံရိုးမှာ ကပ်နေနိုင်ပါတယ်။ သေးနေတဲ့အတွက် နှုတ်ခမ်းနှစ်ခုက ဟပြီး မိန်းမကိုယ်နှုတ်ခမ်းငယ်ကို မြင်နေရမှာပါ။
- သေးပြီး စိနေတဲ့ မိန်းမကိုယ်နှုတ်ခမ်းကြီး
ဒါကတော့ အပေါ်ကလိုမျိုး မဟုတ်ဘဲ စိနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကိုပါ အုပ်ထားသလို ဖြစ်နေတတ်ပါတယ်။ အပြာရုပ်ရှင်တွေမှာ တွေ့ရတတ်တာမျိုးပေါ့။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ ဒီအမျိုးအစားက သိပ်တွေ့ရလေ့ မရှိပါဘူး။
- မိန်းမကိုယ်နှုတ်ခမ်းငယ်ကို မြင်နေရတာ
အများအားဖြင့်တော့ မိန်းမကိုယ်နှုတ်ခမ်းကြီးက နာမည်အတိုင်း ပိုကြီးနေတာကြောင့် မိန်းမကိုယ်နှုတ်ခမ်းငယ်ကို ဒီတိုင်းမတွေ့ရတတ်ပါဘူး။ တွဲလောင်းကျနေတယ်ဆိုရင်တောင် နှုတ်ခမ်းကြီးက ကွယ်ထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနှစ်ခုက ဆိုဒ်တူသွားရင်တော့ မြင်ရနိုင်ပါတယ်။ နှုတ်ခမ်းကြီးရဲ့ ထိပ် ဒါမှမဟုတ် ဟိုးအဆုံးနားမှာ မိန်းမကိုယ်နှုတ်ခမ်းငယ်ကို တွေ့ရတတ်ပါတယ်။
ခုပြောခဲ့တာတောင် ၁၀မျိုးလောက် ရှိနေပါပြီ။ ဒီထဲမှာ မပါတဲ့ အမျိုးအစားတွေလည်း ရှိပါသေးတယ်။ မိန်းမအင်္ဂါပုံစံများ က နှုတ်ခမ်းတွေတင် မတူတာ မဟုတ်ပါဘူး။ မိန်းမကိုယ်အရောင်တွေ၊ မိန်းမကိုယ်အစေ့တွေ၊ ဆီးခုံ၊ ဆီးခုံမွေး စတာတွေလည်း မတူတာမျိုး ရှိတတ်ပါတယ်။
တခြားဘယ်နေရာတွေ မတူညီတာမျိုး ရှိသေးလဲ။
ဥပမာ မိန်းမကိုယ် အရောင်ဆိုရင် အမည်းရောင်၊ အညိုရောင်၊ ပန်းရောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ အသားအရောင်တွေလိုပါပဲ။ များသောအားဖြင့်တော့ မိန်းမကိုယ်နေရာတဝိုက်က မယ်လနင်ရှိတာကြောင့် အရောင်ရင့်တတ်ပါတယ်။
မိန်းမကိုယ်အစေ့ဆိုရင်လည်း ဒီလိုပါပဲ။ အစေ့သေးတာ၊ အစေ့ကြီးတာအပြင် စမ်းရခက်တာ၊ သိသိသာသာ ထွက်နေတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။
ဆီးခုံဆိုရင်လည်း အဆီနည်းတာ၊ များတာ၊ အရိုးဖွဲ့စည်းပုံပေါ် မူတည်ပြီး ဆီးခုံမောက်တာ၊ ဖောင်းတာ၊ ပြားချပ်နေတာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးခုံမွေးဆိုရင်လည်း ကျဲတာ၊ ထူတာ၊ တချို့ဆို အမွေးက အရောင်လေးတွေ ကွဲတာလေးတွေ ရှိတတ်ပါတယ်။
အမျိုးသမီးအင်္ဂါပုံစံတွေက လိင်မှုကိစ္စမှာ အဓိပ္ပာယ်တစ်ခုခု ရှိနေသလား။
မိန်းမအင်္ဂါပုံစံများက ထူးခြားတဲ့ အဓိပ္ပာယ်မရှိတာကြောင့် ဒါတွေနဲ့ အမျိုးသမီးတွေကို တံဆိပ်မကပ်သင့်ပါဘူး။ အရင်တုန်းကဆိုရင် မိန်းမကိုယ်အစေ့ကြီးတဲ့ အမျိုးသမီးတွေက လိင်စိတ်ပြင်းပြတယ်။ မိန်းမကိုယ်နှုတ်ခမ်းသားတွေ အရောင်ရင့်နေတာ အာသာဖြေတာများလို့။ မိန်းမကိုယ်နှုတ်ခမ်းသား တွဲလောင်းကျနေတဲ့သူတွေက ယောက်ျားစိတ်ပေါက်နေတာ။ ဒါကြောင့် လိင်တံလို ရှည်ထွက်လာတာ။ မိန်းမကိုယ်လှန်နေတာက ကလေးမွေးထားလို့၊ အပျိုမစစ်လို့ စသဖြင့် သတ်မှတ်ကြပါတယ်။
ဒါတွေက အခြေအမြစ်မရှိသလို နှာခေါင်းကြီးတဲ့သူ နှာဘူးလို့ ပြောနေသလိုပါပဲ။ မိန်းမကိုယ်ပုံစံတွေက သီးသန့်ဖြစ်တာကြောင့် ဘာအဓိပ္ပာယ်မှလည်း မရှိပါဘူး။ လိင်မှုကိစ္စမှာလည်း ထူးခြားချက်မရှိပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။