၂ – မိန်းကိုယ်သန့်စင်ဆေးရည်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးတဲ့ အာနိသင်ရှိတယ်ဆိုတော့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်လို့ မိန်းမကိုယ်ကိုတောင် ထိခိုက်စေပါသေးတယ်။ ။
အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေဟာ အပြင်က ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တယ်ဆိုတိုင်း မိန်းမကိုယ်အတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေမှာမဟုတ်တဲ့အပြင် Perbiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ေတွလည်း ပါတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေ အတွက် ပိုတောင်ကောင်းဦးမှာပါ။
၃ – မိန်းမကိုယ်ဟာ နူးညံ့တဲ့အတွက် ဒီလို ပြင်းလွန်းတဲ့ ဆပ်ပြာပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေ မသုံးသင့်ဘူး ။
ဒီနေရာမှာ ပြောချင်တာက မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ကိုယ်တိုက်ဆပ်ပြာတွေက မတူပါဘူး။ ကိုယ်တိုက်ဆပ်ပြာတွေမှာပါတဲ့ အက်ဆစ်ကပိုပြီးပြင်းထန်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကျတော့ မိန်းမကိုယ် pH ပမာဏ အတိုင်း အခြေခံပြီး ထုတ်ထားတာကြောင့် နူးညံ့တဲ့မိန်းမကိုယ်အတွက် ထိခိုက်မှု တစ်စုံတရာကို ပေးမှာမဟုတ်ပါဘူး။
၄ – အမွှေးနံ့ပြင်းတဲ့ သန့်စင်ဆေးရည်တွေက မိန်းမကိုယ်ကို ခြောက်သွေ့စေလို့ အမျိုးသမီးသန့်စင်ဆေးရည်တွေ မှာ အမွှေးနံ့တွေပါနေတဲ့အတွက် သူတို့ကို မသုံးသင့်ဘူး။ ။
အမွှေးနံ့ပြင်းတဲ့ သန့်စင်ပစ္စည်းတွေကို မိန်းမကိုယ်မှာ မသုံးသင့်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေမှာပါတဲ့ အမွှေးနံ့က မပြင်းဘဲ သင်းသင်းလေးဖြစ်တဲ့အပြင် ရောဂါပိုးတွေကို သန့်စင်ပေးတဲ့အာနိသင်လည်းပါတာကြောင့် မိန်းမကိုယ်က အနံ့ဆိုးထွက်တဲ့ပြဿနာကိုတောင် သူက ရှင်းပေးဦးမှာပါ။
၅ – အမျိုးသမီးသန့်စင်ဆေးရည်တွေကို အိမ်သာဝင်တိုင်းသုံးပေးဖို့လိုတယ် ။ ။
ဒါကျတော့ သုံးနေတဲ့ အမျိုးသမီးတွေကြားထဲမှာ ဖြစ်နေတဲ့ အယူများတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်ကို သုံးပေးတာကောင်းပါတယ်။ ဒါပေမယ့် အိမ်သာဝင်တဲ့အခါတိုင်းသုံးပေးစရာတော့ မလိုပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေးလည်းရှိတဲ့အတွက် ၂ ရက်တစ်ခါ ( ဒါမှမဟုတ် ) ၃ ရက်တစ်ခါလောက် သုံးပေးရင်ရပါပြီ ။ ။
ကဲ ဒီလောက်ဆိုရင် အမျိုးသမီးသန့်စင်ဆေးရည် သုံးသင့်လား မသုံးသင့်ဘူးလားနဲ့ ကြားဖူးနေကျ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပတ်သက်တဲ့ အယူမှားတွေအကြောင်း ရှင်းသွားပြီလို့ထင်ပါတယ်။ ဒီတော့ မိန်းမကိုယ်သန့်ရှင်းရေးကို မပေါ့ဆဘဲ သေချာ ဂရုစိုက်ပြီး နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ကြရအောင်နော် ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။