ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ

လာတော့လည်း ကိုက်ခဲရတယ်၊ နေရထိုင်ရ မသက်မသာဖြစ်တယ်။ မလာတော့လည်း တွေးပူရတယ်။ နောက်ကျတော့လည်း စိုးရိမ်ရတဲ့ကိစ္စက လေဒီတိုင်းလိုလိုတွေ့ကြုံဖူးမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ လာတာနောက်ကျလို့ စိတ်ပူနေတဲ့ လေဒီလေးတွေကို ဘာကြောင့် ရာသီသွေးဆင်းနောက်ကျတာလဲဆိုတာလေး ပြောပြပေးပါရစေလား။ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီသွေး နောက်ကျနေပြီလား..... အရင် ဒီရက်ဆိုသွေးဆင်းနေကျပါ။ ခုတော့ ရာသီသွေးခုထိမပေါ်သေးဘူးဆိုပြီး စိတ်ညစ်နေပြီလား။ တစ်ခုခုမှားယွင်းနေတယ်လို့များယူဆတွေးပူနေမိပြီလား။ လေဒီလေးတို့ကို ရာသီသွေးဆင်းနောက်ကျစေတဲ့အချက်ကတော်တော်လေးတော့များပါတယ်။ ဒီထဲမှာမှ ကိုယ်က ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်နော်။ ပုံမှန်ကတော့ ရာသီသွေးက ၂ ရက် ၃ ရက်လောက်အထိနောက်ကျတာမျိုးရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်ကျော်ပြီး နောက်ကျနေတယ်ဆိုရင်တော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်ဖြစ်နေနိုင်ပါတယ်နော်။ ရာသီသွေး နောက်ကျနေတာ ဒီအချက်တွေကြောင့်ပါ ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ သင့်ကို ရာသီသွေးနောက်ကျနေစေတဲ့ တစ်ခုမကသော အကြောင်းအရင်းတွေက စိတ်ဖိစီးနေတာ အလုပ်ဖိအားကြောင့်ဖြစ်ဖြစ်၊ မိသားစုကိစ္စ၊လူမှုရေးကိစ္စတစ်ခုခုကြောင့် ကာလရှည်ကြာခံစားနေရဲ့ စိတ်ဖိစီးမှုက လေဒီလေးတွေရဲ့ […]


ရာသီလာခြင်း

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် ယောဂပို့စ်

တစ်လတစ်ကြိမ်ရာသီလာတဲ့အခါတိုင်း နာကျင်ပင်ပန်းနေရတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာတွေ ပင်ပန်းတာတွေ သက်သာစေဖို့ လုပ်ပေးသင့်တဲ့ ယောဂပို့စ်လေးတွေအကြောင်း ပြောပြပေးပါရစေ။ ယောဂလုပ်တာက စိတ်ကျန်းမာစေသလို ခန္ဓာကိုယ်ကိုလည်း နာကျင်မှုကင်းဝေးပြီး ကျန်းမာစေနိုင်ပါတယ်။ ရာသီလာစဉ်မှာ ကိုက်ခဲမှုကင်းစေဖို့ လေဒီလေးတွေ လုပ်ပေးသင့်တဲ့ ယောဂပို့စ်တွေက ဘာတွေဖြစ်မလဲ....... ရာသီလာချိန်မှာ ပုံမှန်အတိုင်းကိုက လေဒီလေးတွေအတွက် တော်တော်ပင်ပန်းတတ်ကြပါတယ်။ ဒီပင်ပန်းမှုမှာ နာကျင်ကိုက်ခဲမှုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေလို့ဆိုရပါမယ်။ ဒီတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကင်းစေဖို့ဆိုရင် ဒီယောဂပို့စလေးတွေက အကောင်းဆုံး​ဖြေရှင်းနိုင်မှာပါ။ Child’s pose ဒီယောဂပို့စ်က သက်တောင့်သက်သာရှိစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ခါးနဲ့နောက်ကျောကြွက်သားတွေကို ဖြည်းဖြည်းချင်းဆွဲဆန့်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေမှာပါ။ ခါးနာတာကို သိသိသာသာသက်သာစေနိုင်မှာ အသေအချာပါ။ ပုဆစ်တုပ်ထိုင်ပြီး ခြေထောက်ကို ပခုံးနဲ့အညီထားပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ရှေ့ကိုဆန့်တန်းလို့ ခါးကို ကိုင်းချပါ။ ခဏလေး […]


ရာသီလာခြင်း

ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ

မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေး အရောင် ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွားမလား။ ဥပမာ ဝါညိုရောင်သွေးဆင်းတာဟာ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖော်ပြနေတတ်ပါတယ်။ ရာသီသွေး ဆင်းချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို မိန်းမကိုယ်ကတဆင့် ခန္ဓာကိုယ်က စွန့်ထုတ်ပါတယ်။ သွေးဆင်းတဲ့အခါ သူရဲ့သက်တမ်းကိုမူတည်ပြီး အနီရဲရဲကနေ အညိုရင့် သို့မဟုတ် အမည်းရောင်အထိ အရောင်အနုအရင့်အမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။ ရာသီသွေး အရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ ဟော်မုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရာသီသွေးရဲ့အရောင်နဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးအရောင်က ဘယ်လိုအခြေအနေမျိုးတွေ မှာ ကွဲပြားကြတာလဲ၊ ဘာအကြောင်းရင်းတွေရှိနေတာလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုတာလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။ အမည်းရောင် အမည်းရောင်ရှိတဲ့ ရာသီသွေးဟာ ရာသီစလာခါစ သို့မဟုတ် ပြီးခါနီးရက်မှာ လာတတ်ပါတယ်။ သွေးက သားအိမ်ထဲမှာ ကျန်နေတာကြာနေပြီး အောက်စီဂျင်နဲ့ဓာတ်ပြုဖို့ အချိန်ရခဲ့တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲမှာ […]


ရာသီလာခြင်း

အပျိုဖော်ဝင်စလေဒီလေးတွေ သိချင်နေမယ့်အချက်အချို့

လေဒီလေးတစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေကမနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေကုန်လွန်ရင်းဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ ဒီလိုဖြတ်သန်းရတဲ့ အတွေ့အကြုံတွေထဲကတစ်ခုကို အကောင်းဆုံးရင်ဆိုင်နိုင်စေဖို့ ဒီဆောင်းပါးလေးက အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အမွေးအတောင်စုံပြီး လှပတဲ့လေဒီလေးအဖြစ် အသွင်ကူးပြောင်းချိန်မှာ ကြုံရမယ့် အတွေ့အကြုံသစ်တွေက ဘာတွေများလဲ......... ကလေးဘဝတုန်းက အစ်ကိုတွေမောင်တွေနဲ့ အတူတူဆော့ရင်း ပေတူးနေခဲ့တဲ့ ကောင်မလေးတစ်ယောက် အပျိုလေးစဖြစ်လာပြီဆိုရင် အရင်ကထက်ပိုပြီးထွားလာတယ်။ ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ဒါတွေကမြင်သာတဲ့ပြောင်းလဲမှုတွေပါ။ ဒီမြင်သာတဲ့ပြောင်းလဲမှုကိုတင် ရင်ဆိုင်ရတာလားဆိုတော့ မဟုတ်ပါဘူး။ အရောင်အသွေးစုံလင်စွာနဲ့ လှပဖို့က ရင်ဆိုင်ရတဲ့ အခြားစိန်ခေါ်မှုတစ်ရပ်ရှိပါသေးတယ်။ ဒါကတော့ ရာသီပန်းကိစ္စပါ။ ရာသီပန်းဆိုတာဘာလဲ အပျိုဖော်စဝင်ချိန်မှာ ဦးနှောက်ရဲ့အချက်ပေးမှုကြောင့် ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးကို စတင်ထုတ်ပါတယ်။ ဒီဟော်မုန်းကပဲ မေမေဖြစ်နိုင်တဲ့ အခွင့်အရေးကို ရစေတာပါ။ ဒီအခြေအနေက တစ်လထဲကြုံရမယ့် ပြဿနာမဟုတ်ပါဘူး။ လစဉ်တိုင်းကြုံတွေ့ရတော့မယ့် ပြဿနာပါ။  ဒါကို ရာသီသွေးပေါ်ခြင်းရယ်လို့ခေါ်ပါတယ်။ ဘယ်အချိန်မှာရာသီသွေးစပေါ်တာလဲ မိန်းကလေးအများစုကတော့ သူတို့အသက် ၁၂ နှစ် […]


ရာသီလာခြင်း

အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

လေဒီလေး တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေက  မနည်းပါဘူး။ ဒီတိုင်းကြည့်လိုက်ရင်တော့ အချိန်တွေ ကုန်လွန်ရင်း ဒီလိုပဲ အရွယ်ရောက်လာတယ်ပေါ့။ တကယ်ကတော့ အတွေ့အကြုံ မျိုးစုံကို ဖြတ်သန်းခဲ့ရတာပါ။ လျှောက်ပြေးလွှားဆော့နေတဲ့ အချိန် ကလေးဘဝကနေ လေဒီလေးဘဝကိုပြောင်းလဲမှုက ပိုးတုံးလုံး ဘဝကနေ လိပ်ပြာဘဝကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်လိုပါပဲ။ အတွေ့အကြုံသစ်တွေကို အချိန်ပေး ကျော်ဖြတ်ရတာပါ။ ဒီလိုရင်ဆိုင်ကျော်ဖြတ်ရတဲ့ အဆင့်တွေထဲမှာ ရာသီလာခြင်းကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတစ်ခေါက်တော့ အပျိုဖော်ဝင်တဲ့ မိန်းကလေးတွေအနေနဲ့ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီလာခြင်းနဲ့ပတ်သက်ပြီး ဆယ်ကျော်သက်သမီးငယ်လေး သိထားသင့်တာတွေက ဘာတွေများလဲ.......... ကလေးပေါက်စလေး အဖြစ်ကနေ အပျိုပေါက်လေးအဖြစ် ပြောင်းလဲလာချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ကြုံရနိုင်သလို ရာသီသွေး ဆင်းတဲ့ကိစ္စကိုလည်း စကြုံလာရပါပြီ။ ဒီအချိန်မှာ အတွေ့အကြုံသစ်ကို စိတ်ရှုပ်မှာ မှန်ပေမယ့် ဒါလေးတွေကို သိထားဖို့တော့ […]


ရာသီလာခြင်း

ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုပြီး စိတ်ပူနေပြီလား ....... ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခု ဖြစ်နေတာများလား။ ဘာတွေကြောင့် ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။ ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုတာက မပြောခင် အရင်ဆုံး ပြောချင်တာလေးက မိန်းကလေးတွေရဲ့ ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေး အပေါ် သက်ရောက်မှု ရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီး ရှိနိုင်ပါတယ်။ ရာသီသွေးဆင်း နည်းတယ် ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့ မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ - အသက်အရွယ် ရာသီသွေးဆင်းပမာဏ အနည်းအများက […]


ရာသီလာခြင်း

ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း (၅) ခု

ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရပေမယ့် ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီတော့ ရာသီလာချိန် ဗိုက်ပွ ဗိုက်ကယ်တာ သက်သာစေမယ့် နည်းလမ်း တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ဒီအချိန်ဆို လူကနေရခက်နေတဲ့အပြင် ဗိုက်က အနည်းငယ်ပိုပူနေသလိုဖြစ်နေတာမို့ ဝိတ်ပဲပိုတက်လာသလိုလိုနဲ့ မိန်းကလေးတွေ စိတ်ညစ်ရပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ ပရိုဂျက်စထရုန်း နဲ့ အက်စထရိုဂျင် ဟော်မုန်းတို့ ပမာဏ အပြောင်းအလဲကြောင့် ရာသီမလာခင်နဲ့ ရာသီလာကာစ ရက်မှာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ရာသီမလာခင် တစ်ပတ်/နှစ်ပတ် အလိုမှာ ဖြစ်တတ်တဲ့ ရာသီမလာခင် ခံစားရတဲ့ဝေဒနာစု(PMS)လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ PMS ရဲ့တခြားလက္ခဏာတွေက - စိတ်အပြောင်းအလဲမြန်တာ ပင်ပန်းနွမ်းနယ်တာ ဗိုက်အောင့်တာ ဝက်ခြံထွက်တာ စားချင်သောက်ချင်စိတ်များနေတာ […]


ရာသီလာခြင်း

ရာသီလာရက်မှာ မပင်ပန်းရအောင် ရှောင်စားသင့်တဲ့ အစားအသောက်တွေ

ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ပိုဆိုးတဲ့လက္ခဏာတွေခံစားနေရတာ ဘာကြောင့်လဲ သိပါသလား။ ရာသီလာရက်မှာ ကိုယ့်ရဲ့စားသောက်ပုံတွေက ကောင်းကျိုးပေးနိုင်သလို ဆိုးကျိုးလည်းပေးနိုင်တာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။ အမျိုးသမီးတွေမှာ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာဖြစ်တဲ့ ရာသီသွေးဆင်းခြင်းဟာ နာကျင်ကိုက်ခဲမှု၊ ဗိုက်အောင့်ခြင်း၊ ဗိုက်ပွခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ဖြစ်စေတတ်တဲ့ ခံစားရခက်တဲ့အချိန်ကာလဖြစ်ပါတယ်။ အမျိုးသမီး ၈၅ ရာခိုင်နှုန်းဟာ ရာသီလာနေစဉ်အတွင်းမှာ သည်လက္ခဏာတွေ ခံစားရတတ်ပါတယ်။ သည် ၃၊ ၄ ရက်အတွင်းမှာ နာကျင်ကိုက်ခဲမှုဝေဒနာ၊ မောပန်းနွမ်းနယ်မှု၊ စိတ်မတည်ငြိမ်မှုတွေနဲ့ လုံးပန်းနေရပြီဆိုရင် ကိုယ်ဘာတွေစားမိနေသလဲဆိုတာ တချက် စစ်ကြည့်သင့်ပါတယ်။ တကယ်တော့ တချို့အစားအစာတွေက သင့်ရဲ့စိတ်ပူပန်မှုတွေကို တိုးစေပြီး ဗိုက်အောင့်ခြင်းကို ပိုခံစားရစေပါတယ်။ ပြဿနာများတဲ့ အစားအစာတွေကို ရှောင်နိုင်ရင်တော့ နောက်တစ်လမှာ ခံစားရတဲ့ဝေဒနာတွေ လျော့နည်းသွားစေနိုင်ပါတယ်။ စားသောက်ပုံအာဟာရ၊ အိပ်စက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့က သင့်ရဲ့ ရာသီစက်ဝန်းမှာ အဓိကအရေးပါနေပါတယ်။ ရာသီလာရက်မှာ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ […]


ရာသီလာခြင်း

ရာသီလာတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။

ရာသီလာခါနီး ဒါမှမဟုတ် ရာသီလာတဲ့ချိန် ကိုယ့်ဝတ်နေကျ ဘောင်းဘီ၊ ထမီတွေကို စွပ်လို့မရတော့တာ၊ မှန်ထဲကြည့်တဲ့ချိန်မှာလည်း ဗိုက်ကြီးကပူနေတာ၊ မျက်နှာကလည်း ဖောင်းအစ်နေတာ၊ ပေါင်ပြေးချိန်ကြည့်ပြန်တော့လည်း ဝိတ်ကတက်နေတယ်။ ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲပေါ့နော်။ ကဲ အဖြေရှာကြည့်ရအောင်။ ရာသီလာတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။ ၁။ ရာသီလာတဲ့ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေအများကြီးဖြစ်ပါတယ်။ ရာသီစက်ဝန်းရဲ့ နှောင်းပိုင်း (ရာသီလာခါနီးအချိန်) တွေမှာ မ ဟော်မုန်းတွေဖြစ်တဲ့ ပရိုဂျက်စတီရုန်း နှင့် အီစထရိုဂျင် တို့ဟာ သွေးထဲမှာ အမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ အဲဒီ ဟော်မုန်းတွေက ခန္ဓာကိုယ်အတွင်းက ရေတွေကို အပြင်ကိုမထွက်အောင် စုပ်ယူထိန်းသိမ်းပါတယ်။ ဒါကြောင့် ခါးတွေ ဗိုက်တွေ မျက်နှာတွေမှာ ပုံမှန်ထက်ရေပိုစုပြီးတော့ ဝိတ်ချိန်တဲ့အချိန်မှာလည်း water weight လို့ခေါ်တဲ့ ရေအလေးချိန်တွေကြောင့် ဝိတ်တက်လာတယ်လို့ထင်ရပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ (က) ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာ ရေအလေးချိန်တွေများနေတဲ့အတွက် ရေကိုလျှော့သောက်ရမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်ကတော့ […]


ရာသီလာခြင်း

ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ....... ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား........... ရာသီလာနေစဉ်မှာ အတူနေလို့ရလား ..... ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား .... ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။ ကလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ဆိုရင် ဒီအချိန်မှာ အတူနေပြီး ကလေးရဖို့မကြိုးစားသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက် နည်းနေတာကြောင့်ပါ။ အဲ ..... ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)