backup og meta

ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

    ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုပြီး စိတ်ပူနေပြီလား ……. ရာသီလာတာ သိပ်နည်းနေလို့ စိုးရိမ်နေလား။ ငါများသွေးအားနည်းနေလို့လား၊ မီးယပ်ကြောင့် တစ်ခုခု ဖြစ်နေတာများလား။ ဘာတွေကြောင့် ဖြစ်နိုင်လဲ၊ ဘယ်လိုမျိုးဆို စိုးရိမ်ရမလဲ သိချင်ကြမှာပါပဲ။

    ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ

    ရာသီသွေးက ဘာလို့ ဒီလောက်နည်းတာလဲ ဆိုတာက မပြောခင် အရင်ဆုံး ပြောချင်တာလေးက မိန်းကလေးတွေရဲ့ ရာသီသွေးဆင်းတဲ့ပမာဏက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ရာသီသွေး အပေါ် သက်ရောက်မှု ရှိပြီး ပြောင်းလဲစေတဲ့ အကြောင်းရင်းခံတွေကလည်း အများကြီး ရှိနိုင်ပါတယ်။

    ရာသီသွေးဆင်း နည်းတယ် ဆိုတာ ပုံမှန်အားဖြင့် စိတ်ပူဖို့ မလိုပါဘူး။ တစ်လနဲ့တစ်လ ရာသီလာတဲ့ ပမာဏလည်း ကွာခြားနိုင်သလို တချို့လတွေမှာ အရင်ထက် ပိုနည်းတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ –

  • အသက်အရွယ်
  • ရာသီသွေးဆင်းပမာဏ အနည်းအများက လူတစ်ယောက်ရဲ့အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အသက် ၃၀၊ ၄၀ လောက်မှာ ရာသီသွေးဆင်းများလာတတ်ပြီး ရက်တိုလာတတ်ပါတယ်။ လချီပြီး ထိန်တဲ့အခါထိမ်နိုင်တယ်၊ နောက်မှ များများဆင်းတာမျိုးလည်းရှိတတ်တယ်။ သွေးဆုံးကာနီးဆို အရင်ထက် နည်းလာသလို ပိုပြီး မူမမှန်ရှိတတ်ပါတယ်။

  • သားဥမကြွေခြင်း
  • အမျိုးသမီး တစ်ယောက်မှာ သားဥ မထုတ်လုပ်ပေးနိုင်တဲ့အခါမျိုးမှာ တစ်ခါတလေ ရာသီ မမှန်ဖြစ်တတ်ပါတယ်။ လက္ခဏာအားဖြင့် ရာသီသွေးဆင်းနည်းတာ၊ ရာသီမမှန်တာတွေ ဖြစ်လေ့ရှိပါတယ်။

    • ကိုယ်အလေးချိန်နည်းခြင်း

    ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတဲ့သူတွေမှာ ရာသီသွေးဆင်း နည်းတာ၊ ရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်နည်းလွန်းတဲ့အတွက် ဟော်မုန်းကမောက်ကမဖြစ်ပြီး ရာသီသွေးဆင်းတဲ့အခါ နည်းနေတာပါ။

    ဒီလိုလူတွေမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ လွန်ကဲရင်လည်း ရာသီထိမ်တာ၊ နည်းတာတွေ ဖြစ်တတ်ပါတယ်။

  • ကိုယ်ဝန်ရှိခြင်း
  • ကိုယ်ဝန်ရှိရင် ရာသီ မလာဘူးလို့ သိထားကြပေမယ့် ကိုယ်ဝန် ရှိကာစမှာ သွေးအနည်းငယ်‌ ဆင်းတတ်တဲ့ ဖြစ်စဉ်ကို ရာသီလာနည်းတာ လို့ ယူဆပြီး မှားတတ်ကြပါတယ်။ သွေးအနည်းငယ် ဆင်းတတ်တာက ကိုယ်ဝန်ရှိစ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေမှာ ရာသီ သိပ်နည်းတယ်၊ ထိမ်တယ်ဆိုရင် ဆီးစစ်ကြည့်တာ အသေချာဆုံး ပါပဲ။

    • နောက်ခံရောဂါအကြောင်းရင်း

    သားဥအိမ်ရေအိတ်တည်ခြင်းရောဂါစု(PCOS) လိုမျိုး ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေကို သက်ရောက်မှု ရှိနိုင်တဲ့ ရောဂါတွေ နဲ့ သိုင်းရွိုက်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် ရာသီစက်ဝန်းကို ထိခိုက်ပြောင်းလဲစေနိုင် ပါတယ်။

    စိတ်ဖိစီးမှုကြောင့်လည်း ခန္ဓာကိုယ်ရဲ့ဟော်မုန်း ထိန်းညှိမှုကို ထိခိုက်စေနိုင်တာမို့ ပုံမှန် ရာသီစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    • သားဆက်ခြားခြင်း

    သန္ဓေတားဆေးတွေ သောက်နေတဲ့ အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ရာသီမမှန် ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မှာ သွေးဆင်းနည်းတာလည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD ၊ အရေပြားအောက်ထည့် ပစ္စည်း၊ တားဆေး ထိုးတဲ့သူတွေမှာလည်း ဒီပြဿနာ ရှိနိုင်ပါတယ်။ တစ်လ တစ်ကြိမ် မဟုတ်ဘဲနဲ့ ကြားမှာ နှစ်ကြိမ် သုံးကြိမ်လောက် ရာသီသွေး နည်းနည်းလေး ဆင်းတာတွေ ရှိနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ

    အမြဲ စိုးရိမ်နေဖို့ မလိုပေမယ့် တောက်လျှောက်ကို နည်းနည်းလေးပဲ ဆင်းတယ်၊ ပြီးရင် ရာသီထိမ်သွားတာမျိုး၊ ဗိုက်အောက်ပိုင်း နာကျင်မှုအပါအဝင် တခြား လက္ခဏာတွေပါ ရှိနေမယ်ဆိုရင်တော့ ဆရာဝန်ပြတာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement