လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။
ရာသီစက်ဝန်းကို တွက်ချက်ပါ။
ထွက်မှာ သေချာပြီလား။
လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။
ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ… ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။
လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင်
လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် တူဖို့ကတေ့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ကိုယ်က ဘယ်လို ရာသီစက်ဝန်း အမျိုးအစားထဲမှာ ပါသလဲ။ လတစ်လရဲ့ ဘယ်နေ့တွေမှာ ရာသီသွေးပေါ်နိုင်လဲဆိုတာကို သိရှိပြီး လိုအပ်တာတွေကို ပြင်ဆင်နိုင်မှာပါ။ ကိုယ့်ရဲ့ ရာသီစက်ဝန်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို နှိပ်ပြီး တွက်ချက်ကြည့်လို့ ရပါတယ်။
မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တားဆီးနိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိထားဖို့ လိုပါမယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို တားဆီးဖို့ဆိုရင် လေဒီတွေအနေနဲ့ သားဥကြွေမယ့်ရက်ကို သေချာလေး သိထားဖို့ လိုပါမယ်။
ဘေဘီလေး လိုချင်တဲ့ လေဒီတွေ အနေနဲ့လည်း သားဥကြွေချိန်ကို သေချာ သိထားဖို့ လိုပါမယ်။
ရာသီလာခါနီးရက်တွေမှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အလိုလိုနေရင်း စိတ်တိုတာ၊ ဒေါသထွက်တာ၊ ငိုချင်တာ၊ ဝမ်းနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ကြိုတင်ပြင်ဆင်မှု နည်းလမ်းတွေကို လုပ်နိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိရှိထားဖို့ လိုပါမယ်။
သားဥကြွေခါနီးပြီဆိုရင် လေဒီလေးတွေရဲ့ ခန္ဓာကိုယ်မှာ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေ ပြောင်းလဲတာ – သားဥကြွေခါနီး မိန်းမကိုယ်က ထွက်တဲ့ အချွဲမြှေးတွေဟာ ကြက်ဥ အကာရည်လိုမျိုး ကြည်ပြီး ခပ်ချွဲချွဲဖြစ်နေပါမယ်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ovulation signs https://www.pregnancybirthbaby.org.au/ovulation-signs Accessed Date 8 December 2020
5 unexpected benefits of period tracking https://helloclue.com/articles/cycle-a-z/5-reasons-you-should-pay-attention-to-your-period Accessed Date 8 December 2020