အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

ရာသီလာခြင်း

Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ကဘာလဲ။ သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း ဆိုတာဘာလဲ ဆိုလိုသည်မှာ ပုံမှန်လာနေကျရာသီသွေးမဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဆိုလိုသည်။ Dysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်းလိုလို၏ အသက်အရွယ်တခုခုတွင် တခါတရံ ဖြစ်ပွားတတ်သည်။ အမေရိကန်ရှိမျိုးဆက်ပွားကျန်းမာရေးကို လေ့လာသောအဖွဲ့တခု၏အဆိုအရ ထိုကဲ့သို့သွေးဆင်းခြင်းသည် အပျိုဖော်ဝင်စအသက်အရွယ်နှင့် သွေးဆုံးသည့် အရွယ်တို့တွင်အဖြစ်အများဆုံးဖြစ်ကြောင်း တွေ့ရှိရသော်လည်း ဟော်မုန်းများခန္ဓါကိုယ်တွင်းမညီမျှသည့် မည်သည့်အချိန်အခါမဆို ဖြစ်ပွားနိုင်ပါသည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများကို ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ လက္ခဏာများDysfunctional uterine bleeding (သားအိမ်မှ ပုံမှန်မဟုတ်သော သွေးယိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးမှာ ရာသီလာရက်မဟုတ်ပဲ ပုံမှန်မဟုတ်ပဲ သွေးဆင်းနေခြင်းဖြစ်သည်။ ရာသီလာနေချိန်အတွင်းလည်းဖြစ်ပွားနိုင်သည်။ အဖြစ်များသော လက္ခဏာရပ်များမှာ ရာသီသွေးသွန်ခြင်း ထိုသို့သွေးဆင်းရာတွင် သွေးခဲများ အဖက်များ များစွာပါလာခြင်း 7ရက်ထက်ကြာအောင် သွေးဆင်းနေခြင်း ပြီးခဲ့သည့် ရာသီရက်များမှ စ၍ 21 ရက်အတွင်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Nipple itching (နို့သီးခေါင်းယားယံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nipple itching (နို့သီးခေါင်းယားယံခြင်း) ကဘာလဲ။ ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းဟာ ရှက်စရာကောင်းတဲ့ ပြဿနာတခု အဖြစ် ယေဘုယျယူဆကြပေမယ့် လူအတော်များများဟာ သူတို့ရဲ့ ဘဝတသက်တာမှာ ဒီပြဿနာနဲ့ တချိန်မဟုတ် တချိန် ကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်။ ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ သာမန်အရေပြားပြဿနာကနေ (အတော်လေးရှားပါးပေမယ့် ပိုပြီးဂရုပြုရမယ့်) အကြောင်းရင်းခံတွေ ဥပမာ ရင်သားကင်ဆာ စတာတွေအထိ မျိုးစုံပါဝင်နေပါတယ်။ Nipple itching (နို့သီးခေါင်းယားယံခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးလုံးဟာ သူတို့ရဲ့ ဘဝတသက်တာမှာ ဒီပြဿနာနဲ့ တချိန်မဟုတ် တချိန် ကြုံတွေ့ရင်ဆိုင်ရတတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNipple itching (နို့သီးခေါင်းယားယံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နို့သီးခေါင်းယားယံခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရင်သား ဒါမှမဟုတ် နို့သီးခေါင်းယားယံခြင်းကြောင့် သင့်အနေနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီး အင်္ဂါ နဲ့ပတ်သက်ပြီး သိကောင်းစရာအချက် (၁၀) ချက်

အမျိုးသမီး အင်္ဂါ ဆိုတဲ့အသံကြားလိုက်ရရင်ကို လူအများစုက ရှက်သလို၊ ကြောက်သလို ဖြစ်သွားတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလို ယဉ်ကျေးမှုအစဉ်အလာ များပြားတဲ့ နိုင်ငံ မပြောနဲ့။ အမေရိကန်လို ပွင့်လင်းမှုရှိတဲ့နိုင်ငံမျိုးမှာတောင် ၂၀၁၆ ခုနှစ် က စစ်တမ်းအရ အမျိုးသမီးငယ် ၆၅ ရာခိုင်နှုန်းခန့်ဟာ Vagina ဆိုတဲ့စကားအစား တခြား အသုံးအနှုန်းတွေကိုသာ သုံးကြကြောင်းတွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီး အင်္ဂါကို ဘယ်လိုပဲ ခေါ်ခေါ် ကျွန်တော်တို့အားလုံး သဘောတူရမယ့် အချက် တစ်ချက်တော့ရှိပါတယ်။ အဲ့ဒါကတော့ အမျိုးသမီး အင်္ဂါတွေဟာ လူသားတွေ မျိုးပွားဖို့အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက် အရေးပါတဲ့ နေရာတစ်ခုမှာ ပါဝင်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။ အမျိုးသမီး အင်္ဂါ နဲ့ပတ်သက်ပြီး သိကောင်းစရာအချက် (၁၀) ချက် ကမ္ဘာ့လူဦးရေ တစ်ဝက်လောက်နီးပါးဟာ အမျိုးသမီးတွေ ဖြစ်ကြပေမယ့် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

Bacterial Vaginosis (မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ)

Bacterial Vaginosis (မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ) ကဘာလဲ။ အဓိပ္ပါယ်ဖွင့်ဆိုချက်Bacterial Vaginosis (မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ) ကဘာလဲ။ မိန်းမကိုယ်ထဲတွင် ခန္ဓါကိုယ်အတွက် ကောင်းသောဘက်တီးရီးယားသာမက မကောင်းသော ပိုးများလည်း နေကြသည်။ ပုံမှန်တွင် ဘက်တီးရီးယားပိုးများ ရှိခြင်း ဟန်ချက်ပျက်သောအခါ အမျိုးသမီးများတွင် Bacterial vaginosis ဖြစ်တတ်သည်။ ထိုသို့ဖြစ်လျှင် လိင်မှတဆင့်ကူးစက်သောရောဂါများပိုဖြစ်စေပါသည်။ Bacterial Vaginosis (မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါသည်။ အထူးသဖြင့် အသက် ၁၅ နှစ်မှ ၄၄ ကြားအမျိုးသမီးများတွင် အဖြစ်များသည်။ ဖြစ်နိုင်ချေကို များစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပါသည်။ သတင်းအချက်အလက်များ ထပ်မံရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBacterial Vaginosis (မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မိန်းမကိုယ်ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းရောဂါ (bacterial vaginosis) ၏ အဖြစ်များသော လက္ခဏာများမှာ-   အနံ့နံသော မီးခိုးဖြူရောင် သို့မဟုတ် အဝါရောင် […]


သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု

Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) ကဘာလဲ။ သားဥအိမ်တွင်ရေအိတ်တည်ခြင်းဆိုသည် ရေပြည့်နေသောအိတ် သည် သားဥအိမ်အတွင်းသို့မဟုတ် သားဥအိမ်မျက်နှာပြင်ပေါ်တွင်ရှိနေခြင်းဖြစ်သည်။ မိန်းမများတွင် သားဥအိမ်နှစ်လုံးရှိသည်။ တစ်ခုစီသည် မက်မွန်သီးကဲ့သို့အရွယ်အစားပုံသဏာန်ရှိသည်။ သားအိမ်၏တစ်ဖက်တစ်ချက်တွင်ရှိသည်။ သားဥသည် သားဥအိမ်အတွင်းတွင်ကြီးလာပြီး ကလေးမွေးဖွားနိုင်သော ရာသီစက်ဝန်းအတွင်းထွက်လာသည်။ မိန်းမအများစုသည် သားဥအိမ်တွင်ရေအိတ်တည်ခြင်းတခါတရံရှိတတ်သည်။ သားဥအိမ်တွင်ရေအိတ်တည်ခြင်းအများစုသည် အနည်းငယ်သို့မဟုတ် လုံးဝအနှောက်အယှက်မဖြစ်စေခြင်း နှင့် အန္ဓါရယ်လဲမပေးပါ။ များသောအားဖြင့် ကုသမှုမလိုပဲ လပိုင်းအနည်းငယ်တွင်ပျောက်သွားတတ်သည်။ သို့သော် သားဥအိမ်တွင်ရေအိတ်တည်ခြင်း များသောအားဖြင့် ပေါက်သွားပါက – တခါတရံ ပြင်းထန်သောလက္ခဏာများပြတတ်သည်။ သင့်ကျန်းမာရေးကိုစောင့်ရှောက်နိုင်သောအကောင်းဆုံးနည်းလမ်းမှာ အရေးကြီးသောလက္ခဏာများကိုသိထားခြင်းနှင့် ပုံမှန် တင်ပါးစုံတွင်းသို့စမ်းသက်ပြုလုပ်မှုများလုပ်သင့်သည်။ Ovarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများOvarian Cysts (သားဥအိမ်တွင်ရေအိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ပဲ သူ့ဟာသူသက်သာသွားတတ်သည်။ ရေအိတ်ကြီးပါက ဗိုက်နေထိုင်မကောင်းခြင်းဖြစ်တတ်သည်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ကဘာလဲ။ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်း ကို ပီအိုင်ဒီဟုလဲခေါ်သည်။ အမျိုးသမီးမျိုးပွားအဂါၤများတွင် ရောဂါပိုးဝင်ခြင်းတမျိုးဖြစ်သည်။ ပီအိုင်ဒီသည် လိင်မှတစ်ဆင့်ကူးသော ရောဂါများ၏ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်သည် ။ ထိုကြောင့် သားအိမ် သားအိမ်ပြွန် သားဥအိမ်နှင့်အခြားသော မျိုးပွားအဂါီများအား ထာဝရပျက်စီးစေတတ်သည်။ ကလေးမရခြင်းကိုဖြစ်စေသော်လည်း ကာကွယ်လို့ရပါသည်။ Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဆိုင်ရာအဖွဲ့အစည်းမှ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်းသည် အမေရိကန်တစ်နှစ်လျင် အမျိုးသမီးတစ်သန်းခန့်ဖြစ်နေသည်ဟုဆိုသည်။ ဆယ်ကျော်သက်အရွယ်တွင်ပို၍အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းရဲ့ အချို့သောရောဂါလက္ခဏာတွေကတော့ ဗိုက်အောက်ပိုင်းနှင့် တင်ပါးစုံအတွင်းပိုင်းမှနာခြင်း မအဂါ်မှ အနံမကောင်းသောအရည်များဆင်းခြင်း။ ပုံမှန်မဟုတ်သောရာသီသွေးများလာခြင်း။ လိင်ဆက်ဆံချိန် နာခြင်း ဖျားခြင်း ဆီးသွားလျင်နာခြင်းသို့မဟုတ် ဆီးသွားရခက်ခြင်း ပီအိုင်ဒီသည် ရောဂါလက္ခဏာမပြင်းထန်သည် သို့မဟုတ် လုံးဝမပြသည်ထိဖြစ်တတ်သည်။ ကလက်မိုင်းဒီးယားကြောင့်ဖြစ်ပါက ရောဂါလက္ခဏာမပြင်းထန်ခြင်း သို့မဟုတ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ

မခွဲစိတ်ဘဲ မိန်းမကိုယ်ကျဉ်းအောင် လုပ်သည့် နည်းလမ်းများ (လေဆာဖြင့် ကုသနည်း) သည် ခွဲစိတ်ကုသခြင်းများထက်စာလျှင် ပိုစိတ်ချရပါသည်။ သို့သော် မည်သည့် ကုသမှုမျိုးမဆို မမျှော်လင့်ထားသော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။ အောက်ပါတို့သည် ကုသမှုများခံယူပြီး ချိန်တွင် ပြုလုပ်ရမည့် ထိန်းသိမ်းမှုများ ဖြစ်ပါသည်။ ဘယ်လို ထိန်းသိမ်းမှုတွေ လုပ်ဆောင်ရမလဲ။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘာတွေကို သတိထားရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမှာ ဖြစ်ပါသည်။ မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်းအကြောင်း သိကောင်းစရာများ မိန်းမကိုယ်ကျဉ်းအောင် ပြန်လည်ပြုလုပ်ခြင်း အကြောင်း သိကောင်းစရာများအကြောင်း အောက်ပါတို့ကို လေ့လာထားသင့်ပါသည်။ မခွဲစိတ်သော နည်းလမ်းများသည် ပိုလည်း စိတ်ချရသလို ပြုလုပ်ပြီးလျှင်လည်း အချိန်မယူရပါ။ သို့သော် သင်သည် ဆေးခန်းကို အကြောင်း အမျိုးမျိုးကြောင့်ပြန်မလာရအောင် အချို့သော အချက်များကို သိထားသင့်ပါသည်။ မိန်းမကိုယ် ကျဉ်းစေသော ကုသမှု (လေဆာဖြင့် ကုသနည်း)သည် မိန်းမကိုယ်တစ်ဝိုက်တွင် […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးတော့မယ်ဆိုတဲ့ လက္ခဏာများ

အမျိုးသမီးတွေရဲ့ခန္ဓါကိုယ်တွေဟာ ဘဝရဲ့ အသက်အပိုင်းအခြားတိုင်း၊ အခြေအနေတိုင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေကို ခံစားကြရပါတယ်။ အရွယ်ရောက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝရဲ့ အထင်ရှားဆုံး အပြောင်းအလဲ နှစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ နောက်ဆုံးပြောင်းလဲမှုဖြစ်ပေမယ့် အထက်ပါအခြေအနေနှစ်ခုလို အရေးကြီးတဲ့ ကာလအပိုင်းအခြားတစ်ခုဖြစ်တဲ့ သွေးဆုံးခြင်းကိုတော့ သေချာသိလေ့မရှိပါဘူး။ သွေးဆုံးတယ်ဆိုတာဘာလဲ။ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်းတွေရဲ့ နိဂုံးကိုရောက်တဲ့အခါ သူမတို့ရဲ့ ခန္ဓါကိုယ်ဟာ အီစထရိုဂျင်နဲ့ Progesterone ထုတ်လုပ်မှုကိုဖြည်းဖြည်းချင်းရပ်လိုက်ပါတယ်။ ဒါကပဲ သူမကို ကလေးမရစေနိုင်တော့တာပါ။ ဒီကာလအပိုင်းအခြားကို သွေးဆုံးတယ်လို့ခေါ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ တစ်ညတည်းမှာ ဖြစ်ပျက်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ သွေးဆုံးတဲ့အဆင့်ကိုရောက်ဖို့ အမျိုးသမီးတွေဟာ perimenopause (အကြိုသွေးဆုံးခြင်း) ဆိုတဲ့ကာလကိုဖြတ်သန်းရပါတယ်။ ဒီအချိန်ဟာ အမျိုးသမီး တစ်ယောက်ချင်းစီရဲ့ ခန္ဓါကိုယ်ပေါ်လိုက်ပြီး လအနည်းငယ်သာကြာနိုင်သလို နှစ်ပေါင်းများစွာလည်း ကြာသွားနိုင်ပါတယ်။ ဖြစ်ခဲတဲ့အခြေအနေအချို့မှာတော့ သွေးဆုံးဖို့ပြင်ဆင်တဲ့ ဒီကာလဟာ ၁၀နှစ်အထက်တောင် ကြာနိုင်ပါသေးတယ်။ သွေးဆုံးခြင်းအများစုဟာ သူမတို့ အသက် ၅၁ဝန်းကျင်ကိုရောက်တဲ့အခါ အမျိုးသမီးတွေရဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မြုံခြင်း၏ အင်္ဂါရပ်များ

မြုံခြင်းရဲ့ အင်္ဂါရပ်တွေ အများကြီး ရှိပါတယ်။ ဒါတွေကို သိထားရင် သားသမီးမရတဲ့အခါ ဘာလုပ်ရမလဲ သိလာပါလိမ့်မယ်။ အမျိုးသမီးတွေရဲ့ မြုံတဲ့အင်္ဂါရပ်တွေဟာ အမျိုးသားများနဲ့ ကွာခြားပါတယ်။ မြုံခြင်းရဲ့ အင်္ဂါရပ် ၁၀ချက် ရှိပါတယ်။ ၁။ အချည်းနှီးဖြစ်ခြင်း မိမိရဲ့ ဓမ္မတာကာလဟာ အရင်ထက် ပိုများနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ မြုံစေပါတယ်။ မျိုးဥကြွေခြင်းမရှိတဲ့ ဓမ္မတာစက်ဝန်းဟာ ဟော်မုန်း မညီမျှမှုကြောင့် ဖြစ်တတ်ပါတယ်။ အထောက်အထားအချို့အရ အမျိုးသမီးများရဲ့ ဟော်မုန်းဓါတ်ဟာ ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေဖို့ ထိန်းသိမ်းပေးပါတယ်။ မျိုးဥမကြွေရင် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒါ့အပြင် ဓမ္မတာများလွန်းခြင်းဟာ တခြား ကျန်းမာရေး ပြသနာတွေ အများကြီး ရှိပါတယ်။ ၂။ ဓမ္မတာကာလဟာ ပုံမှန်မဟုတ်ခြင်း ဒါဟာ ကြီးမားတဲ့ ပြသနာတခု ဖြစ်ပါတယ်။ မျိုးဥမကြွေရခြင်းရဲ့ အကြောင်းတခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်လည်း မဆောင်နိုင်ပါဘူး။ အမျိုးသမီးများရဲ့ […]


ရာသီလာခြင်း

ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

အမျိုးသမီးတွေဟာ တစ်လမှာတစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိကြပြီး ရာသီသွေးဆင်းချိန်မှာ စိတ်မကြည်မသာဖြစ်တာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာနဲ့ လေပွတာမျိုးတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်တွေ့ရနိုင်တဲ့ ပြဿနာက မျက်နှာပါ်မှာ ဝက်ခြံတွေထွက်တာပါပဲ။ အမျိုးသမီးတိုင်း ဖြစ်တတ်တာတော့မဟုတ်ပါဘူး။ အခုတစ်ခါတော့ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပြောပြပေးချင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ လေ့လာမှုတွေအရတော့ ဝက်ခြံထွက်လေ့ရှိတဲ့ အမျိုးသမီး ၆၃ ရာခိုင်နှုန်းက ရာသီမလာခင်နဲ့ ရာသီလာချိန်တွေမှာ ဝက်ခြံထွက်တတ်ကြတယ်လို့ ဆိုပါတယ်။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၁၀ ရက်လောက်ကြိုပြီး ဝက်ခြံထွက်တတ်ကြပြီး ရာသီလာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံဆိုရင်တော့ ရာသီလာချိန်မှာ တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ ရာသီလာချိန်မှာ ဘာကြောင့်ဝက်ခြံပေါက်ရတာလဲ ပျမ်းမျှအားဖြင့်ကတော့ ၂၈ ရက်တစ်ခါလောက်မှာ ရာသီသွေးပေါ်တတ်ပြီး ရာသီစက်ဝန်းရဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့ တစ်ရက်မတူကြပါဘူး။ ရာသီစက်ဝန်းရဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogenဟော်မုန်းတွေ များနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း