(၂) ရေများများသောက်ပေးပါ
ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်စေဖို့နဲ့ ကျန်းမာစေဖို့အတွက် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါမယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာပါ။ အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံးပေးပါ။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဖို့အတွက်လည်း ရေလုံလောက်အောင်သောက်ဖို့ လိုပါမယ်။
(၃) ဟော်မုန်းဆေးသောက်ပေးပါ
ဟော်မုန်းဆေး အထူးသဖြင့် estrogen နဲ့ progesterone တွေက ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ ဒီနှစ်မျိုးလုံး ပါတဲ့ဆေးက သန္ဓေတားဆေးနဲ့ တူပါတယ်။ ဒါပေမယ့် doseတော့ ကွာပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။ တချို့က ဝက်ခြံတွေ လုံးဝမထွက်လာတော့ပါဘူး။ တချို့က အရင်ကထက်စာရင် သက်သာသွားပါတယ်။
(၄) ဖုန်းကို သန့်ရှင်းအောင်ထားပေးပါ
အခုခေတ်မှာ ဖုန်းကနေ့စဉ်ဘဝမှာမရှိမဖြစ်တဲ့ ပစ္စည်းတစ်ခုလိုတောင် ဖြစ်လာနေပါပြီ။ ခန္ဓာကိုယ်က ဟော်မုန်းမညီမျှတဲ့အချိန်မှာ ဝက်ခြံက အဖြစ်လွယ်နေပြီး ညစ်ပေနေတဲ့ဖုန်းမျက်နှာပြင်က ဘက်တီးရီးယားတွေက ဝက်ခြံတွေကို ပိုဆိုးလာစေနိုင်ပါတယ်။ ဒါကြောင့် လက်ကိုင်ဖုန်းတွေကိုလည်း သန့်သန့်ရှင်းရှင်းထားပေးဖို့လိုပါမယ်။
(၅) လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုးပေးပါ
တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူ ဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးသန့်စင်လိုက်ပါ။လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွက်လာတဲ့ချွေး၊ အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘက်တွေမှာ ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကိုလည် ပိုဆိုးစေနိုင်ပါတယ်။
(၆) အာဟာရပြည့်ဝအောင် စားသုံးပေးပါ
ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဇင့်၊ အမိုင်နိုအက်ဆစ်တို့ ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ ဝက်ခြံတွေကို သက်သာစေနိုင်သလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်း လုပ်ဆောင်ကြည့်ပြီး ရာသီလာချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝက်ခြံတွေကို နှိမ်နှင်းလိုက်ကြပါစို့လား လေဒီတို့ရေ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။