အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

RV uterus ဆိုတာ

ဒီတစ်ခေါက်တော့ မေမေဖြစ်နိုင်တဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားတဲ့ လေဒီလေးတို့မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေလေးတစ်ရပ်အကြောင်းကို ဆွေးနွေးချင်ပါတယ်။ Retroverted (RV) uterus ဆိုတာ Retroverted (RV) ဆိုတာက သားအိမ်က ပုံမှန်အခြေအနေမဟုတ်ဘဲ နောက်လန်နေတာပါ။ သားအိမ်က ရှိသင့်တဲ့ပုံစံအတိုင်းတည့်တည့်ရှိမနေဘဲ နောက်ကို နည်းနည်းကွေးနေတာမျိုးပါ။ ဒီအချက်ကို ပုံမှန်အတိုင်းတော့ မသိနိုင်ပါဘူး။ အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းလောက် RV ကိုခံစားနေရတာပါ။ RV utreus (သားအိမ်နောက်လန်တယ်) ဆိုတာကသားအိမ်အဝကနေ အတွင်ပိုင်းထဲကို ဆက်သွားတဲ့ လမ်းကြောင်းက အောက်ဘက်ဆီကို ဦးတည်နေတာပါ။ အမျိုးသမီးတိုင်းမှာ မွေးလမ်းကြောင်းအဆုံးမှာ သားအိမ်ဝရှိနေပြီး သားအိမ်ဝနဲ့ တစ်ဆက်တည်းမှာ သားအိမ်ရှိနေပါတယ်။ ဒီလမ်းကြောင်းတွေက ပုံမှန်ဆိုရင် တဖြောင့်တည်းရှိနေတတ်တာဖြစ်ပြီး RV (သားအိမ်နောက်လန်ခြင်း) ခံစားနေရသူတွေမှာတော့ သားအိမ်ခေါင်းပိုင်းက သားအိမ်နဲ့ တဖြောင့်တည်းဖြစ်မနေဘဲ ထောင့်ချိုးပုံစံမျိုးရှိနေတာပါ။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ.................. RV (သားအိမ်နောက်လန်ခြင်း) RV […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားလျော့တွဲနေတာကို ပုံကျလာစေမယ့် သဘာဝနည်း (၄) ခု

ခန္ဓါကိုယ်အချိုးအစားပုံကျလှပဖို့က အလှအပကိုတန်ဖိုးထားတဲ့မိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်မှာပါ။ ရှိသင့်တဲ့အချိုးအစားအတိုင်း အချိုးကျနေဖို့ဆိုရင်တော့ ရင်သားတင်းရင်းလှပမှုကလည်း အရေးပါပါတယ်။ ဒါ့ကြောင့်မိန်းကလေးတွေက ရင်နဲ့တင် တက်ဖို့ ၊ အချိုးကျလှပဖို့ (ပြောရရင် ကိတ်ဖို့ပေါ့) ဂျင်မ်တွေမှာ အားကစားလုပ်ရင်း ကြိုးစားကြပါတယ်။ မကိတ်သေးတဲ့သူတွေက ကြိုးစားရင်ရပေမယ့် ရင်ရှိပြီးသား မိန်းကလေးတွေမှာ တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့၊ ဥပမာ - ကိုယ်ကျပ်အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုး၊ ကိုယ့်အိမ်မှာဆို အတွင်းခံမဝတ်ဘဲ နေတတ်တဲ့အကျင့်မျိုးတွေက ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့ ရင်သားလျော့တွဲရတာလဲ အသက်အရွယ်ကြောင့်ဒီလိုဖြစ်လာတာက သဘာဝဆိုပေမယ့် လူငယ်တွေမှာရော ဘာလို့ဖြစ်လာရလဲ။ ဒီအချက်တွေကြောင့် ရင်သားလျော့တွဲစေနိုင်ပါတယ် - ကိုယ်ဝန်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်း ရင်သားအရွယ်အစားကြီးခြင်း ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း ကိုယ်အလေးချိန်များခြင်း နေရောင်ခြည်ထိတွေ့မှုများခြင်း သွေးဆုံးခြင်း ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေပါဝင်ပါတယ်။ ဒီတော့ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ နေထိုင်ပုံလွဲမှားလို့ပဲဖြစ်ဖြစ်၊ ဘေဘီလေးမွေးထားလို့ပဲဖြစ်ဖြစ် လျော့တွဲမှုပြဿနာဖြစ်လာတဲ့လေဒီတွေအတွက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

RV uterus လေဒီလေးတို့အတွက် လေ့ကျင့်ခန်း

သားအိမ်နောက်လန်ခြင်း (RV uterus)က ၂၀ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်၊၊ များသောအားဖြင့် ဒုက္ခမပေးတတ်သလို လက္ခဏာလည်း ပြလေ့မရှိပါဘူး၊၊ ဒါပေမယ့် တချို့တွေမှာ သားအိမ်လန်နေလို့ အတူနေရင် နာတာမျိုး ဖြစ်နိုင်ပါတယ်၊၊ ဒါကိုသက်သာဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်လို့ရသလို ခွဲစိတ်ကုသမှုခံယူလို့ရတယ်ဆိုတယ်။ ခွဲစိတ်တာတော့ မလုပ်ချင်ဘူး။ လေ့ကျင့်ခန်းပဲလုပ်မယ်ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက လေ့ကျင့်ခန်းလေးတွေက အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။ သားအိမ်နောက်လန်ခြင်း (RV uterus) ဘာကြောင့်ဖြစ်ရတာလဲ........ ဒီအခြေအနေက အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ အများစုအတွက် ဒါက ပုံမှန်ပါပဲ၊၊ တင်ပဆုံအရွတ်တွေ အားနည်းမှုကြောင့် ဖြစ်နိုင်သလို မွေးရာပါလည်း ဖြစ်နိုင်ပါတယ်၊၊ ရောဂါကြောင့်ဆိုရင်တော့ Endometriosis (သားအိမ်အတွင်းမြှေးနံရံ ပြဿနာ) ခံစားနေရတာ သားအိမ်ထဲကို ပိုးဝင်ကူးစက်တာ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ တင်ပဆုံပိုင်း ခွဲစိတ်ကုသမှုခံယူထားသူတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။

မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါ သားအိမ်ကျ နေပြီဆိုတဲ့ ဝေဒနာ ကိုယ့်မှာ ခံစားနေရပြီ ဆိုတဲ့ အဖြေထွက်လာပြီ ဆိုရင် လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာ ရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ် အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။ သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ဆိုတာတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။ သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလားဆိုတဲ့ အဖြေလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့် ဖြစ်ရတာလဲ။ အဓိက ကတော့ သားအိမ်ကို ထိန်းထားတဲ့ တင်ပဆုံ ကြွက်သားတွေနဲ့ အရွတ်တွေ အားလျော့သွားတာကြောင့် ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့ […]


အမျိုးသမီးများတွင် ဖြစ်လေ့ရှိသည့် ဟော်မုန်းမမျှတခြင်း

အမျိုးသမီးတွေမှာတွေ့ရတဲ့ ဟော်မုန်းမမျှတ ခြင်းရဲ့ လက္ခဏာများ

ဟော်မုန်းဆိုတာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ စိတ်အခြေအနေတွေအားလုံးကို အုပ်စိုးထားတဲ့အရာတစ်ခုလေ။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ဟော်မုန်းမမျှတ တာဖြစ်တတ်တဲ့ သွေးဆုံးခါနီးသူတွေကို ကြည့်ပါလား။ ဟော်မုန်းတွေ အပြောင်းအလဲဖြစ်တာကြောင့် တော်ကြာနေရင်း အေးလိုက် တော်ကြာနေပူလိုက် ဓမ္မတာလည်း လာလိုက်မလာလိုက်နဲ့ မီးယပ်ပြဿနာတွေဖြစ်ရတာပေါ့။ ကိုယ်က သွေးဆုံးခါနီးအရွယ်ကို မရောက်သေးပေမယ့် ကိုယ့်ဆီမှာ ဟော်မုန်းမမျှတတဲ့ ပြဿနာရှိနေရင် ဘယ်လိုလက္ခဏာတွေပြလဲ ဆိုတာကြိုသိထားတော့ မမှားဘူးပေါ့။ ဟော်မုန်းဓာတ်တွေ ညီညွတ်မျှတမှ ဓမ္မတာစက်ဝန်းမှန်မယ်။ စိတ်တိုစိတ်ရှုပ် စိတ်ဖိစီးတာတွေကင်းမှာလေ။ ဒီတော့ ဟော်မုန်းမမျှတ အပြောင်းအလဲ ဖြစ်နေပြီဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲ  ( ၁ ) ရုတ်တရက် ကိုယ်အလေးချိန် အများကြီးတက်လာမယ်။ ဟော်မုန်းမမျှတ ခြင်း ရဲ့ လက္ခဏာ တစ်ခုက ကိုယ်အလေးချိန်တွေ ရုတ်တရက်အများကြီးတက်လာပြီး ပြန်ချဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် အီစတိုဂျင်၊ cortisol နဲ့ အင်ဆူလင်ဟော်မုန်းတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

သားအိမ်ကျတဲ့ ပြဿနာကို ကြားဖူးကြပါသလား။ မိန်းမကိုယ်အဝမှာ တစ်ဆို့ဆို့ကြီးနဲ့ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ခံရခက်တဲ့ ဝေဒနာကြီးတစ်ခုလေ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားဘူးပေါ့။ ဘာ့ကြောင့်လဲ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်း စိတ်ပူရမယ့် ပြဿနာတွေထဲ ဒီ သားအိမ်ကျတဲ့ ပြဿနာက ဘာကြောင့်ပါနေရတာလဲ။ ဒီတစ်ခေါက်တော့ သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။ သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို လေ့လာကြည့်လိုက်ရအောင်လား။ သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကို ဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲ။ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် သွေးဆုံးပြီးသားအမျိုးသမီးတွေ အဝလွန်တဲ့ အမျိုးသမီးတွေ အလေးအပင်မလွန်းတဲ့ […]


ရာသီလာခြင်း

ရာသီလာတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။

ရာသီလာခါနီး ဒါမှမဟုတ် ရာသီလာတဲ့ချိန် ကိုယ့်ဝတ်နေကျ ဘောင်းဘီ၊ ထမီတွေကို စွပ်လို့မရတော့တာ၊ မှန်ထဲကြည့်တဲ့ချိန်မှာလည်း ဗိုက်ကြီးကပူနေတာ၊ မျက်နှာကလည်း ဖောင်းအစ်နေတာ၊ ပေါင်ပြေးချိန်ကြည့်ပြန်တော့လည်း ဝိတ်ကတက်နေတယ်။ ဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲပေါ့နော်။ ကဲ အဖြေရှာကြည့်ရအောင်။ ရာသီလာတဲ့ချိန် ဝိတ်တက်လာတယ်လို့ထင်ရတာ ဘာကြောင့်လဲ။ ၁။ ရာသီလာတဲ့ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေအများကြီးဖြစ်ပါတယ်။ ရာသီစက်ဝန်းရဲ့ နှောင်းပိုင်း (ရာသီလာခါနီးအချိန်) တွေမှာ မ ဟော်မုန်းတွေဖြစ်တဲ့ ပရိုဂျက်စတီရုန်း နှင့် အီစထရိုဂျင် တို့ဟာ သွေးထဲမှာ အမြင့်ဆုံးအခြေအနေမှာရှိနေပါတယ်။ အဲဒီ ဟော်မုန်းတွေက ခန္ဓာကိုယ်အတွင်းက ရေတွေကို အပြင်ကိုမထွက်အောင် စုပ်ယူထိန်းသိမ်းပါတယ်။ ဒါကြောင့် ခါးတွေ ဗိုက်တွေ မျက်နှာတွေမှာ ပုံမှန်ထက်ရေပိုစုပြီးတော့ ဝိတ်ချိန်တဲ့အချိန်မှာလည်း water weight လို့ခေါ်တဲ့ ရေအလေးချိန်တွေကြောင့် ဝိတ်တက်လာတယ်လို့ထင်ရပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ (က) ရေများများသောက်ပါ။ ခန္ဓာကိုယ်မှာ ရေအလေးချိန်တွေများနေတဲ့အတွက် ရေကိုလျှော့သောက်ရမယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမှန်ကတော့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

သူကတော့ ဘယ်ချိန်ကြည့်ကြည့်လှနေရောပဲ။ အားကျလိုက်တာဟယ်လို့တွေးနေပြီလား။ အလှတရားက လူတိုင်းမြတ်နိုးတဲ့အရာပါနော်။ မိန်းကလေးတွေဆိုပိုလို့တောင်အလှကြိုက်ဦးမယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတွေ အဖြစ် ဖြတ်သန်းဖို့ဆန္ဒရှိနေပြီဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာပေးပါလို့ ပြောပါရစေနော်။ အလှတရားက မထိန်းသိမ်းရင်ပျက်စီးတတ်ပါတယ်နော် ကြည့်လိုက်တိုင်းလှနေတဲ့ လေဒီလေးတွေက နည်းနည်းလေးမှကြိုးပမ်းမှုမရှိဘဲ လှနေတာတော့မဟုတ်ပါဘူး။ သူတို့တွေကိုလှနေစေတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်လား။ လှပကြော့ရှင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့က ဆံစကနေ ခြေဖျားအထိ ကျန်းမာလှပနေဖို့လိုအပ်မှာပါ။ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက် ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများလဲဆိုတော့ ရေလုံလောက်အောင်သောက်ကြတယ် လှပကြော့ရှင်းတဲ့ လေဒီလေးတွေက ရေသောက်မပျင်းကြသလို တစ်နေ့တာမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို ပြည့်ပြည့်ဝဝသောက်တတ်ကြသူတွေပါ။ သွားလေရာကိုရေဗူးလေးတောင် ဆောင်သွားတတ်ကြပါသေးတယ်နော်။ အသားအရေကိုဂရုစိုက်ကြတယ် ကိုယ်တွေကသာ ပင်ပန်းလွန်းလို့ မျက်နှာမသစ်ဘဲ အိပ်ရာဝင်ချင်ဝင်လိမ့်မယ်။ ဘယ်ချိန်ကြည့်ကြည့်လှလိုက်တာဆိုတဲ့ လေဒီလေးတွေကတော့ ဘယ်လောက်ပင်ပန်းနေပါစေ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်တွေဖယ်ရှားသန့်စင်ဖို့နဲ့ လုပ်ဆောင်ပေးသင့်တဲ့အသားအရေ ဂရုစိုက်မှုတွေကို မပျက်မကွက်လုပ်တတ်ကြသူတွေပါ။ လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အီစတိုဂျင် ဟော်မုန်းနည်းတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ ။ ။

အမျိုးသမီးတစ်ယောက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ဟော်မုန်းလို့ဆိုလိုက်တာနဲ့ အီစတိုဂျင်ဟော်မုန်းကိုပြောရမှာပါ။ အပျိုဖော်ဝင်တာ ဓမ္မတာ ပေါ်တာ စိတ်ပျော်ရွင် ဝမ်းနည်းတာ အရိုးပွတာ နဲ့ ကလေးရနိုင် မရနိုင်စတဲ့ အမျိုးသမီးတစ်ယောကက်အတွက် အရေးကြီးတဲ့အရာတွေအားလုံးကို ဒီ အီစတိုဂျင် ဟော်မုန်းက ထိန်းချုပ်ထားတာပါ။ အီစတိုဂျင်ဆိုတဲ့အရေးကြီးတဲ့ ဟော်မုန်းကို မမျိုးဥ အိမ်ကနေ တာဝန်ယူထုတ်လုပ်ပြီး သူနည်းသွားတဲ့အခါ ကိုယ်ခန္ဓါမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါလိမ့်မယ်။ ဘာတွေလဲဆိုတာ အရင်မပြောခင် ဘာ့ကြောင့် အီစတိုဂျင် ပမာဏ နည်းသွားရတာလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။ အီစတိုဂျင်ဟော်မုန်း နည်းသွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ။ ။ အသက်ကြီးလာခြင်း - အသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ပမာဏ ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကိုနည်းနေတာတွေ့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးနေတဲ့ အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်း ပမာဏ အင်မတန်မှ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

မိန်းကလေးတွေအတွက် အမြဲသတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မိန်းမကိုယ်သန့်ရှင်းရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ယောက်ျားလေးတွေထက် ပိုပြီး ယားယံလွယ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတာကြောင့် မိန်းကလေးတွေအတွက်တော့ ဒီနေရာကို ပိုပြီးဂရုစိုက်ရတာ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်ပေါ်မူတည်ပြီး ဘာကြောင့် ဒီအရောင်ဖြစ်ရတာလဲဆိုတာကို ခွဲခြားပေးပါမယ်။ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ် ၁။ အနီရောင်၊ အညိုရောင် အမျိုးသမီးတွေ ရာသီလာချိန်မှာ အနီရောင် သို့မဟုတ် အညိုရောင်ရှိတဲ့အရည်တွေ မကြာခဏ ထွက်တာ သဘာဝပါပဲ။ ရာသီလာကာစမှာ ချယ်ရီသီးလို အနီရောင်တောက်တောက်ကနေ ရာသီလာတဲ့နောက်ဆုံးရက်မှာ အညိုရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။ တစ်ခါတလေ ရာသီလာစမှာကို အညိုရောင်ဆင်းတာလည်း ရှိတတ်ပါတယ်။ ဒါပုံမှန်ပါပဲ။ ဒီလိုရာသီလာနေတဲ့အချိန် မဟုတ်ဘဲ တခြားအချိန်မှာ ဒီလိုအရည်တွေ ထွက်တာဆိုရင်တော့ နည်းနည်းစဉ်းစားစရာရှိပါတယ်။ အကြောင်းရင်းတွေကတော့ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း သန္ဓေတားဆေးကြောင့် ရာသီသွေးထွက်ခြင်း ကိုယ်ဝန်ရှိခြင်း ပုံမှန်မဟုတ်တဲ့အချိန် ရာသီလာခြင်း မိန်းမကိုယ်ပိုးဝင်ခြင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း