အီစတိုဂျင်ဆိုတဲ့အရေးကြီးတဲ့ ဟော်မုန်းကို မမျိုးဥ အိမ်ကနေ တာဝန်ယူထုတ်လုပ်ပြီး သူနည်းသွားတဲ့အခါ ကိုယ်ခန္ဓါမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါလိမ့်မယ်။ ဘာတွေလဲဆိုတာ အရင်မပြောခင် ဘာ့ကြောင့် အီစတိုဂျင် ပမာဏ နည်းသွားရတာလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။
အီစတိုဂျင်ဟော်မုန်း နည်းသွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ။ ။
- အသက်ကြီးလာခြင်း – အသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ပမာဏ ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကိုနည်းနေတာတွေ့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးနေတဲ့ အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်း ပမာဏ အင်မတန်မှ နည်းပါတယ်။
- အီစတိုဂျင်ဟော်မုန်း အဓိက ထုတ်လုပ်ပေးတဲ့ မမျိုးဥအိမ် ထိခိုက်သွားတဲ့အခါမျိုးတွေမှာ ဟော်မုန်း မထုတ်နိုင်တော့တာမျိုးတွေ
- Turner syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာရှိနေတဲ့သူတွေ
- သိုင်းရွိုက်ဟော်မုန်း ပြဿနာရှိနေတဲ့သူတွေ
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့သူတွေ
- ကိုယ်အလေးချိန် မတရားကျသွားတဲ့သူတွေ
- ကင်ဆာဆေးသွင်းနေရတဲ့သူတွေ နဲ့
- pituitary gland ပုံမှန် အလုပ်မလုပ်တဲ့ဝေဒနာခံစားနေရတဲ့သူတွေ စတဲ့သူတွေမှာ အီစတိုဂျင် ဟော်မုန်းပမာဏ နည်းနေတတ်ပါတယ်။
ဒါဆို အီစတိုဂျင်နည်းသွားတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။