အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ

ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးထွက်တတ်ကြပါတယ်။  ချွေးထွက်တယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာရဲ့အပူချိန်ကို ထိန်းညှိပေးဖို့အတွက် ချွေးပေါက်တွေကနေ ချွေးအဖြစ် အပြင်ကို ထွက်လာရတာပဲဖြစ်ပါတယ်။ ချွေးစော်နံတယ်ဆိုတာကတော့ ချွေးပေါက်ထဲမှာ ချွေးအပြင် အဆီတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ အောင်းနေတာကြောင့် ချွေးနံ့တွေ ထွက်လာရတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ချွေးစော်မနံအောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အတွင်းခံဘောင်းဘီတွေ တစ်နေကုန်ဝတ်ဆင်တာရော၊ လေဝင်ပေါက်ထွက်ပေါက် မရှိဘဲ ပိတ်မိနေတာ၊ အရေပြားနဲ့ အဝတ်အစား မကြာခဏ ပွတ်တိုက်မိပြီး ချွေးထွက်၊ ချွေးပေါက်ထဲကို ဘက်တီးရီးယားပိုးတွေဝင်ပြီး မကောင်းတဲ့ အနံ့အသက်တွေထွက်လာတတ်ပါတယ်။ ဘယ်လောက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေနေ အနံ့အသက်က အနည်းနဲ့ အများတော့ ရှိနေဦးမှာပဲဆိုပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မကျစေဖို့၊ အနံ့ဆိုးတွေ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ် ချွေးစော်မနံအောင် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ......သားအိမ်တွင်း အလုံးအကျိတ် ဖြစ်လို့၊ ရာသီသွေးဆင်း နာကျင်မှုတွေ ခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ် ထုတ်ရပြီဆိုတာဟာ အကြီးစား ခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှု နောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေး အခြေအနေ၊ ခွဲစိတ်မှု နည်းလမ်းတို့ကို မူတည်ပြီး ပြန်လည်ကျန်းမာမယ့် ကြာချိန် ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ဂရုစိုက်မှုက မကောင်းခဲ့ရင် ပြန်လည် သက်သာဖို့ အချိန် ပိုကြာနိုင်ပါတယ်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတော့ (၁) ကိုယ်လက်လှုပ်ရှားမှု နဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ ခွဲစိတ်မှု နောက်ပိုင်းမှာ နားနားနေနေ နေရမယ်ဆိုပေမယ့် လုံးဝ မလှုပ်ရဲဘဲ ငြိမ်နေတာလည်း မကောင်းပါဘူး။ အနီးအနား လမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကို ပြန်လည် […]


ရာသီလာခြင်း

ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား

အိမ်ထောင်ရှင် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ သိချင်နေမယ့် အချက်လေး တစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား ....... ဘာတွေ ဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။ ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား........... ရာသီလာနေစဉ်မှာ အတူနေလို့ရလား ..... ဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား .... ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ် ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲ ပြောရမှာပါ။ ကလေး လိုချင်တဲ့ စုံတွဲတွေ အနေနဲ့ဆိုရင် ဒီအချိန်မှာ အတူနေပြီး ကလေးရဖို့မကြိုးစားသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက် နည်းနေတာကြောင့်ပါ။ အဲ ..... ဒါပေမယ့် ကလေးမရနိုင်လောက်ပါဘူး ဆိုပြီး ဒီအချိန်မှာ အကာအကွယ် မသုံးဘဲ […]


မီးယပ်သွေးဆုံးခြင်း

ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ်

ညဂျူတီ ဆင်းရတဲ့အလုပ်ဟာ အိပ်ရေးပျက်ရုံတင်မကဘဲ အမျိုးသမီးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတင်းဆိုးတစ်ခုပါပဲနော်။ သူနာပြု၊ ဆရာဝန် တို့လို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေဆိုရင် ညဂျူတီနဲ့မကင်းနိုင်သလို ညဘက်အလုပ်လုပ်တတ်တဲ့ အလုပ်များသူ လေဒီတို့အတွက်လည်း မကြာခဏအိပ်ရေးပျက်ရတာပါပဲ။ ဒီလို ညဘက်အလုပ်လုပ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ထက် သွေးဆုံးချိန်စောနိုင်တဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သုတေသနအသစ်ကဖော်ပြလာပါတယ်။ ညဂျူတီ အလုပ်လုပ်တဲ့အမျိုးသမီးတွေ သွေးဆုံးချိန်စောနိုင်တယ် Human Reproduction ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီသုတေသနအရ တစ်ခါတလေမှ ညဆိုင်းအလုပ်လုပ်သူ အမျိုးသမီးတွေမှာတောင် စောစီးစွာသွေးဆုံးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ အရိုးပွရောဂါနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသက် ၄၅ နှစ်မတိုင်ခင်သွေးဆုံးခဲ့တဲ့ အမျိုးသမီးတွေမှာ အလုပ်လုပ်ချိန်က အရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်ခဲ့နိုင်တယ်လို့ ကနေဒါနိုင်ငံ University of Dalhousie မှ ဦးဆောင်သုတေသီ David Stock ကပြောပါတယ်။ ဒီလိုအလုပ်လုပ်ခြင်းကြောင့် ကိုယ်တွင်းဇီဝနာရီကို […]


ရာသီလာခြင်း

ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ

မိန်းကလေးတွေ အတွက် ဓမ္မတာ လာချိန်ဆိုတာ အလုပ်ရှုပ်တဲ့ အချိန် တစ်ခုလို့ ပြောရပါမယ်။ ဒီကြားထဲ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေတာ၊ ဓမ္မတာကြောင့် ကိုက်ခဲနေတာတွေပါ ဖြစ်လို့ကတော့ အတော်ကိုမှ စိတ်ရှုပ်ကြရပါတယ်။ ဒါပေမယ့်လည်း တစ်လတစ်ခါ ရှောင်လွဲလို့ မရတဲ့ ဓမ္မတာဆိုတော့ ဒီလို ထွက်နေတဲ့ အနံ့အသက်ဆိုးတွေ ထပ်မထွက်အောင် တားဆီးပေးဖို့ပဲ ရှိတော့တာပေါ့ ။ ။ ဒီတော့ ရာသီလာချိန် ထွက်တတ်တဲ့ အနံ့ဆိုးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ရာသီလာချိန် ဘာကြောင့် မိန်းမကိုယ်ကနေ အနံ့ဆိုးတွေ ထွက်တာလဲ ။။ မိန်းမကိုယ်မှာ ကိုယ်ပိုင် အနံ့ တစ်မျိုး ရှိတတ်တယ် ဆိုပေမယ့် ရာသီလာချိန် မှာတော့ အနံ့တွေ ပြောင်းသွားတတ်ပါတယ်။ ရာသီလာချိန် မိန်းမကိုယ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက သိပ်ကိုအရေးကြီးတယ်နော်။ ဒီလိုမျိုး မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းကင်းနဲ့ ကျန်းမာနေဖို့ဆိုရင် အတွင်းခံကို မှန်ကန်စွာ ဝတ်ဆင်တတ်ဖို့နဲ့ မိန်းမကိုယ်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ မိန်းမကိုယ် ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတော့ ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်က အမြဲလိုလို စိုစွတ်နေတတ်ပြီး ထိခိုက်ယားယံဖို့ လွယ်ကူလွန်းတာကြောင့် အတွင်းခံတွေကိုရွေးတဲ့အခါ ပါးလွှာပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံတွေကိုရွေးချယ်သင့်ပါတယ်။ တစ်နေကုန် အပြင်သွားလာရလို့ အဲ့နေရာမှာ ချွေးတွေအရမ်းထွက်လာရင်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်လွန်၊ စပန့်သားနဲ့ လုပ်ထားတဲ့ အတွင်းခံတွေကတော့ လေဝင်လေထွက်ရခက်သလို အပူကို အထဲမှာအောင်းထားသလို […]


ရာသီလာခြင်း

ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု

မကြာခင်မှာ အရေးကြီးတဲ့ပွဲတွေရှိတယ်၊ ခရီးသွားဖို့ရှိနေတယ်၊ ရာသီလာမယ့်ရက်နဲ့ တိုက်မှာကို စိုးရိမ်နေတယ်ဆိုရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ ရာသီစောစောလာစေမယ့် နည်းလမ်း တွေပါ။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေမျိုးတွေအတွက်တင်မကဘဲ ရာသီလာတာ နောက်ကျနေသူတွေ၊ ထိမ်နေတဲ့သူတွေလည်း သုံးလို့ရပါတယ်။တစ်ခုတော့ရှိတာပေါ့။ ရာသီစောစောလာစေမယ့် နည်းလမ်း တွေက လူတိုင်းအတွက် အသုံးဝင်ချင်မှ ဝင်မှာပါ။ ရာသီဆိုတာက ဟော်မုန်းအပြောင်းအလဲဖြစ်ရင် တစ်လတလေ မလာတာလည်း ဖြစ်နိုင်လို့ တအားကြီး မစိုးရိမ်လည်း ရပါတယ်။ အတင်းကြီး မဖြစ်မနေ လာအောင် လုပ်စရာ မလိုပါဘူး။ အရင်ဆုံး ရာသီလာအောင် ကူညီပေးမယ့် အစားအသောက်လေးတွေ ပြောပြပေးပါမယ်။ ရာသီစောစောလာစေမယ့် နည်းလမ်း (၇) ခု ရာသီစောစောလာစေမယ့် နည်းလမ်း တွေကတော့ (၁) နာနတ်သီး နာနတ်သီးမှာ အက်စထရိုဂျင်နဲ့ တခြားဟော်မုန်းတွေကို သက်ရောက်မှုရှိနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်တဲ့ bromelain […]


မီးယပ်သွေးဆုံးခြင်း

သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ

အမျိုးသမီးတွေရဲ့ ဘဝမှာ သွေးဆုံးချိန်ဟာလည်း မဖြစ်မနေ ကျော်ဖြတ်ရမယ့် အခက်အခဲကာလတစ်ခုပါပဲ။ ဒီအချိန်ဆိုရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာအပြင် ပုံမှန်ဖြစ်နေကျ ရာသီစက်ဝန်းရဲ့ ရပ်တန့်တော့မယ့်အချိန်ဖြစ်တာရော၊ တခြားကျန်းမာရေးပြဿနာတွေအနေနဲ့ ကိုယ်လက်အရိုးအဆစ်ကိုက်ခဲတာ၊ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲမြန်တာ စတာတွေအပြင် လိင်ကိစ္စဆက်ဆံတဲ့အခါမှာလည်း အမျိုးသမီးတွေအတွက် ပြဿနာအများအပြား ကြုံလာရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ သွေးဆုံးနေချိန် ကြုံရတတ်တဲ့ လိင်မှုကိစ္စအခက်အခဲလေးတွေ ကတော့ ၁။ လိင်စိတ်ဆန္ဒနည်းခြင်း လိင်စိတ်ဆန္ဒဆိုတာ အသက်ကြီးလာတာနဲ့အမျှ နည်းလာတတ်တဲ့အရာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် သွေးဆုံးခါနီးအချိန်ဆိုရင် ကိုက်ခဲနာကျင်နေတဲ့ ဝေဒနာအပြင် ဟော်မုန်းမျှခြေ ကမောက်ကမဖြစ်နေခြင်းကြောင့် လိင်ဆက်ဆံဖို့ကို လုံးဝစိတ်မပါနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမြဲတမ်းလိုလို အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ပိနေတဲ့ အမျိုးသမီးတွေ၊ စိတ်ဖိစီးမှုနဲ့ တစ်ခုခုဆို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား ။ ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။

သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်တယ်ဆိုတာ သိပါသလား။ မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမာရေး၊ သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင်။ သင်မသိဘဲလုပ်မိလိုက်တဲ့ အရာတွေကနေ မိန်းမကိုယ် ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ( ၁ ) အတွင်းခံဝတ်ပြီး အိပ်တာ။ အတွင်းခံ ဆိုတာ မိန်းမကိုယ်ကို အပြင်ကနေ ကာထားတဲ့ အရာဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံ ဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။ အတွင်းခံ ဝတ်အိပ်တဲ့အခါ အောက်ဆီဂျင် ထိတွေ့တာ နည်းသွားပြီး ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများ သွားနိုင်ပါတယ်။ ( ၂ ) Gym […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း