ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါများ ကိုဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ ရောဂါလက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ

ကျောက်ကပ်တွေက လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ကျောက်ကပ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်လေးတွေကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်က မရပ်မနား ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးနေရင်း တစ်ခါတစ်လေမှာ ပိုးဝင်တာမျိုး ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ပိုးဝင်တာက အစပိုင်းမှာ လက္ခဏာ သိသိသာသာ မပြတာမျိုး ရှိနေနိုင်တာကြောင့် လက္ခဏာ ပြင်းထန်မှ သိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ https://hellosayarwon.com/urological-health/kidney-disease/signs-of-kidney-diseases/ ဘာတွေကများ ကျောက်ကပ်ပိုးဝင် တာကို ဖြစ်စေတာလဲ! ကျောက်ကပ်ပိုးဝင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတေသီတွေကတော့ ကျောက်ကပ်ပိုးဝင်တာက ဆီးလမ်းကြောင်းတစ်နေရာမှာ ပိုးဝင်ကူးစက်တာကြောင့်ပါတဲ့။ အစာဟောင်းအိမ်ထဲမှာ […]

ကျောက်ကပ်ရောဂါများ ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်အရည်အိတ်တည်ခြင်း

သာမန်ကျောက်ကပ်အရည်အိတ်ဆိုတာ ဘာလဲ ကျောက်ကပ်ဆိုတာ ပဲကြီးစေ့ပုံစံရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပြီး လူတယောက်မှာ ကျောက်ကပ်၂လုံးစီ ရှိပါတယ်။ သူ့ရဲ့အဓိကတာဝန်ကတော့ သွေးထဲမှာပါဝင်တဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအနေနဲ့ စွန့်ပစ်ဖို့ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်ဆိုတာကတော့ ကျောက်ကပ်အတွင်းနဲ့ ကျောက်ကပ်ပေါ်မှာ အရည်များဟာ လုံးဝန်းတဲ့အိတ်ကလေးတွေအနေနဲ့ စုဝေးဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ်လေးမျိုးရှိပြီး အဖြစ်အများဆုံးကတော့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအရည်အိတ် ဖြစ်ပါတယ်။ ကောင်းတဲ့တချက်က ကျောက်ကပ်အရည်အိတ်ဟာ ကျောက်ကပ် ပျက်စီးခြင်းနဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာတာ ရှားပါတယ်။ သာမန်ကျောက်ကပ်အရည်အိတ် ဘယ်လောက်ထိ ဖြစ်တတ်လဲ လူဥိးရေရဲ့ ၅%ခန့် အများဆုံးဖြစ်တတ်ပါတယ်။ အမျိုးသားများမှာ ဖြစ်တာများပြီး ကျောက်ကပ်ပြသနာများရဲ့ ၆၅-၇၀%ထိ ရှိပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ခြေဟာ ၂၅-၃၃%ထိ မြင့်တက်လာပါတယ်။ ဖြစ်နိုင်ခြေမြင့်တဲ့ အချက်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများ သာမန်ကျောက်ကပ်အရည်အိတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ကင်ဆာမဟုတ်တဲ့ သာမန်ကျောက်ကပ် […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်တခုတည်းရှိခြင်း

ကျောက်ကပ်တခုတည်းရှိခြင်းဆိုတာ ဘာလဲ လူတယောက်မှာ ကျောက်ကပ်တခုသာ ပါရှိခြင်း ဒါမှမဟုတ် အလုပ်လုပ်တဲ့ ကျောက်ကပ် တခုသာရှိခြင်းကို ဆိုလိုပါတယ်။ အဓိကအကြောင်းအရင်း ၃မျိုး ရှိပါတယ်။ မွေးရာပါချို့ယွင်းခြင်း။ ကျောက်ကပ်ဖွံ့ဖြိုးမှု မရှိသူများဟာ ကျောက်ကပ်တခုသာပါပြီး မွေးဖွားလာတတ်ပါတယ်။ ကျောက်ကပ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားခြင်းများ ဖြစ်ခဲ့ရင် ကျောက်ကပ်၂ခုစလုံးနဲ့ မွေးဖွားလာပေမယ့် တခုက အလုပ်မလုပ်တတ်ပါဘူး။ သူတို့ဟာ ကျောက်ကပ်တခုပဲ ရှိတယ်ဆိုတာကို ဓါတ်မှန်၊ အာထရာဆောင်း၊ ခွဲစိတ်မှု စတာတွေ မပြုလုပ်ခင် အချိန်အထိ မသိကြပါဘူး။ ခွဲစိတ်ဖယ်ရှားခြင်း။ လူတချို့မှာ ကင်ဆာ၊ ရောဂါတမျိုးမျိုး၊ ထိခိုက်ဒဏ်ရာရခြင်း စတာတွေကြောင့် ကျောက်ကပ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရတတ်ပါတယ်။ ရောဂါအတွက်၊ ဒါမှမဟုတ် လှူဒါန်းဖို့ ရည်ရွယ်ချက်နဲ့ ကျောက်ကပ်ကို ခွဲစိတ်ဖယ်ထုတ်ရင် ဆီးပြွန်ကိုပါ ဖယ်ထုတ်ပါတယ်။ ကျောက်ကပ်လှူဒါန်းခြင်း။ မိသားစုဝင် ဒါမှမဟုတ် […]


ကျောက်ကပ်ရောဂါများ

End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ကဘာလဲ။ နာတာရှည်ကျောက်ကပ်ရောဂါ မှနေပြီး ကျောက်ကပ်၏ပုံမှန်လုပ်ငန်းများ တဖြည်းဖြည်းချို့ယွင်း ဆိုးရွားလာခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ ဟုခေါ်သည်။ သင်၏ကျောက်ကပ်က ခန္တာကိုယ်၏လိုအပ်ချက် နှင့်အလိုက် လုပ်ငန်းမလုပ်ဆောင်နိုင်တော့ပါဘူး။ ကျောက်ကပ်က အညစ်အကြေးတွေနှင့် ခန္တာကိုယ်အတွက် ပိုနေသော အရည်များကို စစ်ထုတ်ပေးပြီး ဆီးအနေနှင့်စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ကစစ်ထုတ်မှုမလုပ်နိုင်တော့ဘူးဆိုရင် အရည်တွေ၊အညစ်အကြေးတွေဟာ ခန္တာကိုယ်ထဲ မှာ အန္တရာယ်ရှိတဲ့ ပမာဏ တစ်ခုထိစုပုံလာပါတယ်။ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါမှာဆိုရင် အသက်ရှင်ဖို့အတွက်ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်လဲလည်ခြင်းတို့ပြုလုပ်ဖို့လိုပါတယ်။ ကျောက်ကပ်ဆေးခြင်းနှင့် လဲလည်ခြင်းမပြုလုပ်ဘူးဆိုရင်လည်းသင့်ရဲ့ကျန်ရှိနေတဲ့ ဘဝမှာရောဂါလက္ခဏာတွေသက်သာဖို့သင့်တော်သော ဆေးကုသမှုခံယူသင့်ပါတယ်။ End-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ လက္ခဏာများEnd-stage renal disease (နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အစောပိုင်း အခြေအနေမှာရောဂါ ကက္ခဏာတွေမပြတတ်ပါဘူး နာတာရှည်ကျောက်ကပ်ရောဂါကနေပြီးတော့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ ပြောင်းသွားတဲ့ အခါ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ တွေ့ရမှာပါ။ ပျို့ခြင်း အန်ခြင်း အစားအသောက်ပျက်ခြင်း မောပန်းနွမ်းနယ်ခြင်း အိပ်စက်ခြင်းနှင့် ပတ်သတ်သည့်ရောဂါများရှိခြင်း ဆီးသွားသည့်ပမာဏပြောင်းလဲသွားခြင်း ညဏ်ရည်လျော့နည်းလာခြင်း ကြွက်တက်ခြင်း ခြေထောက်နှင့် ခြေချင်းဝတ်များရောင်ခြင်း နှလုံးပတ်လည်တွင်အရည်စုသောကြောင့် ရင်ဖတ်အောင့်ခြင်း အဆုတ်ဘေးတွင် […]


ကျောက်ကပ်ရောဂါများ

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကဘာလဲ။ Lupusကျောက်ကပ်ရောင်ခြင်းဆိုတာသင့်ကျောက်ကပ်ကရောင်လာတဲ့အချိန်မှာဖြစ်တဲ့ အခြေအနေကိုခေါ်ပါတယ်။ ဒီရောဂါကို systemic lupus erythematosusလို့ခေါ ်တဲ့ အရေပြားသွေးလေးဘက်နာရှိတဲ့လူနာတွေမှာနောက်ဆက် တွဲဆိုးကျိုးအနေနဲ့ တွေ့ရပါတယ်။ Lupus လို့အခေါ်များပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်မှာသင့်ရဲ့ကိုယ်ခံအားစနစ်ကထုတ်တဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်တဲ့ autoantibodies တွေကကိုယ့်ရဲ့ မူလတစ်ရှူးတွေ အင်္ဂါတွေကိုပြန်တိုက်နေခြင်းကိုကိုယ့်ကိုယ်ခံအားကိုပြန်တိုက်တဲ့ရောဂါ Lupusဆိုပြီးခေါ်ပါတယ်။Lupus ကျောက်ကပ်ယောင်ခြင်းအာ Lupus autoantibody တွေကသင့်ကျောက်ကပ်မှာအရေးကြီးတဲ့ တာဝန်ကိုထမ်းဆောင်တဲ့ အညစ်အကြေးစွန့်ထုတ်ရာမှာပြုလုပ်တဲ့ တည်ဆောက်ပုံမှာသွားပြီးတိုက်ခိုက်ပါတယ်။ ဒါ ကြောင့်မို့ ကျောက်ကပ်ကယောင်လာရပြီးသွေးထဲမှာဆီးပါခြင်း၊ သွေးထဲမှာပရိုတင်းဓါတ်ပါခြင်း၊ သွေးတိုးခြင်း၊ကျောက်ကပ်လုပ်ငန်းစဉ်များယိုယွင်းခြင်းနဲ့ နောက်ဆုံးမှာကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Lupus ကျောက်ကပ်ရောင်ခြင်းဟာကမ္ဘာတစ်ဝှမ်းမှာ အမျိုးသားကောအမျိုးသမီးပါ အပါအဝင် အနီးစပ်ဆုံး ၁၀၀၀၀မှာ ၃ယောက်လောက်ခံစားနေရပါတယ်။ သို့သော် လည်းအမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုဖြစ်တတ်ပြီးအများအားဖြင့် အသက် ၂၀-၄၀အတွင်း အဖြစ်များတတ်ပါတယ်။ ဒါပေမယ့်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။ (အခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများLupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Lupus […]


ကျောက်ကပ်ရောဂါများ

Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ကဘာလဲ။ ကျောက်ကပ်က ဆီးတွေ ဆီးအိမ်ထဲကို ပုံမှန်အတိုင်း စီးဆင်းမှုမရှိတော့တဲ့အတွက် ကျောက်ကပ်မှာ ရေတွေစုပြီး ဖောင်းကားလာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီလို ဖောင်းကားလာခြင်းဟာ ယေဘုယျအားဖြင့် ကျောက်ကပ်တဖက်တည်းမှာပဲ ဖြစ်ပွားလေ့ရှိပေမယ့် ကျောက်ကပ်နှစ်ခုလုံးမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်မှာ ရေစုခြင်းဟာ သူ့အလိုလိုဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နောက်ခံအကြောင်းရင်း (ဝါ) ရောဂါတခုခုရှိခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ပိတ်ဆို့ခြင်းကြောင့် ဒီအခြေအနေ ပေါ်ပေါက်လာရပါတယ်။ Hydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHydronephrosis (ကျောက်ကပ်တွင်း ရေစုခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆီးလမ်းကြောင်းအတွင်းမှာရှိတဲ့ ဖိအားဟာ ပုံမှန်အားဖြင့် အလွန်နည်းပါးပေမယ့် အဆိုပါလမ်းကြောင်းတနေရာမှာ ပိတ်ဆို့နေပြီဆိုရင်တော့ ဖိအားဟာ တဖြည်းဖြည်းနဲ့ […]


ကျောက်ကပ်ရောဂါများ

Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ကဘာလဲ။ ကျောက်ကပ်ထဲမှာ အရည်တွေပြည့်နေတဲ့ အိတ်များ ကြီးထွားလာခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအိတ်များဟာ ကျောက်ကပ်များကို ပုံမှန်အလုပ်လုပ်နိုင်တဲ့ အခြေအနေမှ ပျက်ယွင်းစေပါတယ်။ သွေးတိုးခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကျောက်တည်ခြင်း စတဲ့ပြသနာတွေ ဖြစ်စေပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းလည်း ဖြစ်စေနိုင်ပါတယ် (လူတိုင်းမှာတော့ မဖြစ်တတ်ပါဘူး) Autosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်းတွေထဲမှာမှ တွေ့ရအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းက လူမျိုးပေါင်းစုံမှာ ဖြစ်တတ်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAutosomal Dominant Polycystic Kidney Disease (Adpkd) (လွှမ်းမိုးဗီဇကြောင့် ကျောက်ကပ်အရည်အိတ်ဖြစ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကတွေ့ရတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း […]


ကျောက်ကပ်ရောဂါများ

Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) ကဘာလဲ။ ကျောက်ကပ်အရည်အိတ်တည်ခြင်းဆိုတာ ကျောက်ကပ်ထဲမှာ အရည်တမျိုးနဲ့ ပြည့်နေတဲ့ အိတ်လေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်မျက်နှာပြင်ပေါ်မှာ ဖြစ်ဖြစ်၊ ကျောက်ကပ်ထဲမှာဖြစ်ဖြစ် ဖြစ်ပေါ်တတ်ပါတယ်။ ဒီပြသနာဟာ ကျောက်ကပ်လုပ်ငန်းတွေ ဆိုးရွားစွာ ထိခိုက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အများစုကတော့ ကင်ဆာမဟုတ်တဲ့ သာမန်အရည်အိတ်များ နောက်ဆက်တွဲ ပြသနာတွေကြုံရတာ ရှားပါတယ်။ ကျောက်ကပ်နှစ်ဖက်စလုံးမှာ ဖြစ်တတ်ပြီး ကျောက်ကပ်ပျက်စီးခြင်း နောက်ဆုံးအဆင့်ကို ထင်ရှားသိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ စောစောပိုင်း အဆင့်တွေမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ ဝမ်းဗိုက်ပိုင်းကို ပုံရိပ်ဖော်စစ်ဆေးရာကနေ မမျှော်လင့်ဘဲ တွေ့မိတတ်တာမျိုး ဖြစ်ပါတယ်။ Acquired Cystic Kidney (ကျောက်ကပ်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီပြသနာဟာ တွေ့ရများပါတယ်။ အမျိုးသမီးများထက် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAcquired […]


ကျောက်ကပ်ရောဂါများ

Addison Disease (အက်ဒဆင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Addison Disease (အက်ဒဆင်ရောဂါ) ကဘာလဲ။ သင့်ကျောက်ကပ်တွေရဲ့ထိပ်မှာ အက်ဒရီနယ်ဂလင်းတွေ ရှိပါတယ်။ အဲဒီဂလင်းတွေကနေ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်ပေးပါတယ်။ အက်ဒဆင်ရောဂါဟာ အဒရီနယ်ဂလင်းအကာပိုင်း ပျက်စီးရင်ဖြစ်တတ်ပြီး ကော်တီဆော၊ အယ်ဒိုစတီရုန်း စတဲ့ စတီးရွိုက်ဟောမုန်းတွေ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ကော်တီဆောဟော်မုန်းရဲ့ တာဝန်ကတော့ ဖိအားများတဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့တုံ့ပြန်မှုတွေကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ အယ်ဒိုစတီရုန်းဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို ထိန်းညှိပေးပါတယ်။ အဒရီနယ်ဂလင်းအကာပိုင်းဟာ ကျားဟော်မုန်းကိုလည်း ထုတ်လုပ်ပေးပါတယ်။   Addison Disease (အက်ဒဆင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အဒရီနယ်မလုံလောက်မှုလို့လည်း ခေါ်ပါတယ်။ အသက်အရွယ်မရွေး ကျားမမရွေးပါဘူး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAddison Disease (အက်ဒဆင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။ ကြွက်သားများအားနည်းခြင်း မောပန်းနွမ်းနယ်ခြင်း အသားအရေမည်းလာခြင်း ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက် […]


ကျောက်ကပ်ရောဂါများ

Acute Glomerulonephritis ( ကျောက်ကပ်ရောင်ခြင်း )

ကျောက်ကပ်ရောင်တယ်လို့ ပြောလိုက်ရင် အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ အဖြစ်အများဆုံးကတော့ Acute Glomerulonephritisလို့ ခေါ်တဲ့ ကျောက်ကပ်ရောင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ Acute Glomerulonephritis ( ကျောက်ကပ်ရောင်ခြင်း ) ဆိုတာ ဘာလဲ။ ကျောက်ကပ်ရောင်ခြင်း ဆိုတာ ကျောက်ကပ်ရဲ့ ဆံချည်မျှင် သွေးကြောများစုနေတဲ့ နေရာမှာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ အဲ့ဒီနေရာက ကိုယ်ခန္ဓာထဲမှာ ပိုနေတဲ့ အရည်တွေ၊ ဓာတ်ဆားတွေကို သွေးထဲကနေတဆင့် ဆီးထဲကို စွန့်ထုတ်တဲ့ နေရာဖြစ်တာကြောင့် အဲ့ဒီနေရာမှာ ရောဂါဖြစ်ပြီး အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ကျောက်ကပ်အလုပ်မလုပ်တော့ဘူးလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရောင်ခြင်းမှာ ရုတ်တရက် ရောင်ရမ်းခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။ ကျောက်ကပ်ရောင်ခြင်းမှာ ကျောက်ကပ်ကိုယ်တိုင်က ရောင်ခြင်း ဖြစ်နိုင်သလို အခြားသောအကြောင်းများကြောင့် ရောင်ရမ်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောင်ခြင်းက ဆိုးရွားပြီး အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ ကျောက်ကပ်ရောင်ခြင်းရဲ့ […]


ကျောက်ကပ်ရောဂါများ

Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ကဘာလဲ။ ကျောက်ကပ်လုပ်ဆောင်နိုင်စွမ်း တဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ပါတယ်။ ကျောက်ကပ်က အညစ်အကြေးနဲ့ပိုလျှံနေတဲ့အရည်တွေကို သွေးထဲမှစစ်ထုတ်ပေးပြိး ဆီးထဲမှာစွန့်စေပါတယ်။ ရောဂါကျွမ်းလာတာတဲ့အခါမှာ အရည်တွေ၊ ပုံဆောင်ခဲတွေ၊ နဲ့အညစ်အကြေးတွေက ကိုယ်ထဲမှာအန္တရာယ်ပေးနိုင်လောက်တဲ့အထိ စုပုံလာပါတယ်။ Chronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Kidney Disease (နာတာရှည်ကျောက်ကပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်ကျောက်ကပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- မူးဝေခြင်း အော့အန်ခြင်း အစားစားချင်စိတ်မရှိဖြင်း မောပန်းအားနည်းခြင်း အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ဆီးပမာဏအပြောင်းအလဲ စိတ်အာရုံစူးရှမှုကျသွားခြင်း ကြွက်သားများတောင့်တင်းခြင်းတွန့်ခြင်း ခြေထောက်ခြေချင်းဝတ်များရောင်ခြင်း နာတာရှည်ယားယံခြင်း ရင်ဘတ်အောင့်ခြင်း( နှလုံးတစ်ဝိုက်အရည်တွေပုံလာခြင်းေကြေင့်) အသက်ရှူမဝခြင်း( အဆုတ်အတွင်းအရည်များပုံလာခြင်းကြေင့်) သွေးတိုးခြင်း အစောပိုင်းဆင့်မှာ လက္ခဏာတွေကရေရေရာရာမရှိပါဘူး။ ကျောက်ကပ်လုပ်ဆောင်ရည်သိသိသာသာမကျသွားမခြင်း လက္ခဏာတွေက သိသာမှာမဟုတ်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်