backup og meta

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ။

    ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။ အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ဆိုတာကို  ပြောပြပေးပါရစေ။

    ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ

    ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ဆိုရင်

  • ပရိုတင်း ပြည့်ဝအောင် စားပါ။ 
  • အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်း ပမာဏကို မေးမြန်းပါ။ ကျောက်ကပ်ဆေးနေတဲ့အချိန်မှာ မဆေးခင်ကထက် ပရိုတင်း ပိုလိုနိုင်ပါတယ်။

    ပရိုတင်းဆိုတဲ့နေရာမှာလည်း ကွာလတီပြည့်ဝတဲ့ ပရိုတင်းတွေဖြစ်တဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥ စတာတွေကို စားပေးရပါမယ်။ သက်သတ်လွတ်စားတဲ့သူဖြစ်နေရင်တော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ပရိုတင်းရနိုင်တဲ့ အသားမဟုတ်တဲ့ အစားအစာတွေကို ရှာဖွေရပါမယ်။

    • ဆားလျှော့စားပါ။

    နေ့စဉ် ချက်စားတဲ့ ထမင်းဟင်းတွေအပြင် သွားရေစာမုန့်တွေ စားတဲ့အခါ ဆိုဒီယမ်ပမာဏကို စစ်ဆေးပါ။ တစ်ခါစားစာမှာ ဘယ်လောက်ပါလဲ စစ်ဆေးပါ။ ဆားများတဲ့ မုန့်တွေကို များများစားမိလေလေ ဆိုဒီယမ်တွေ ကိုယ်ထဲမှာ များလေလေ ဖြစ်မှာပါ။

    ဟင်းချက်တဲ့အခါမှာလည်း ဆားလျှော့ဖို့၊ မလိုအပ်ဘဲ ဆားတွေ ထပ်မထည့်ဖို့ လိုပါတယ်။ တတ်နိုင်သမျှ ပေါ့ပေါ့သာ စားပါ။ အပြင်စာတွေ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။

    အရသာရှိအောင် ဆားအစား ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။

  • တစ်နေ့တာ သောက်ရမယ့် ရေပမာဏကို တွက်ချက်ပါ။ 
  • ရေသောက်တဲ့အခါ တစ်နေ့တာလုံး ဘယ်လောက်သောက်လဲဆိုတာကို မှတ်ထားပါ။ ရေအပြင် ‌တခြားဖျော်ရည်၊ ဟင်းချိုရည် စတာတွေကိုပါ မှတ်ထားဖို့ လိုပါတယ်။ ဒီတော့ နည်းလမ်းကို ပြောပြရရင် လီတာ အမှတ်ပါတဲ့ ရေဗူးတစ်ဗူး ဝယ်ထားပါ။

    ရေသောက်မယ်ဆို အဲ့ဗူးထဲကပဲ သောက်ပါ။ ဟင်းရည်သောက်တယ်ဆို သောက်တဲ့ပမာဏကို အဲ့ဗူးထဲက သွားလျှော့ပါ။ ဖျော်ရည်ဆိုရင်လည်း သောက်တဲ့ပမာဏအတိုင်း ဗူးထဲက ပြန်လျှော့ပါ။

    ဒီလိုမှ တစ်နေ့တာ သောက်တဲ့ ပမာဏကို မှန်မှန်ကန်ကန် တွက်နိုင်မှာပါ။

    • ပိုတက်ဆီယမ် ပါဝင်တဲ့ အစားအစာတွေကို လျှော့စားပါ။

    ကျောက်ကပ်ဆေးနေတဲ့ သူတွေက ပိုတက်ဆီယမ် နည်းတဲ့ အသီးအရွက်နဲ့ သစ်သီးတွေ ဥပမာ စပျစ်သီး၊ နာနတ်သီး၊ ဆလပ်ရွက်၊ ပဲစိမ်းတောင့်၊ သခွားသီး စတာတွေ စားပေးနိုင်ပါတယ်။ ထမင်းနဲ့ ခေါက်ဆွဲလည်း စားလို့ ရပါတယ်။

    ပိုတက်ဆီယမ်များတဲ့ နို့၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီကိုတော့ ရှောင်ရပါမယ်။

    • ဖော့စဖရပ် ပါဝင်တဲ့ အစားအစာတွေကို လျှော့စားပါ။

    နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဖော့စဖရပ် ပါဝင်တာကြောင့် ဘယ်လောက်ပမာဏစားလို့ရလဲ ဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ အစေ့အဆန်၊ ‌မြေပဲထောပတ်၊ ပဲ၊ ကလီစာ၊ ငါးသေတ္တာငါး စတာတွေ ရှောင်ပါ။ ကိုလာအအေးနဲ့ ဖွဲကနေ ထုတ်ထားတဲ့ ပေါင်မုန့်တွေကို ရှောင်ပါ။ လိုအပ်ရင် ဖော့စဖရပ် စွန့်ထုတ်ရလွယ်အောင် ဆရာဝန်က ဆေးပေးပါလိမ့်မယ်။

    ကျောက်ကပ် မကောင်းလို့ ကျောက်ကပ် ဆေးရတဲ့ နေ့စဉ်စားနေတဲ့ အစားအစာတွေကို သတိထားဖို့ လိုပါတယ်။ ကျောက်ကပ်က သွေးထဲက အညစ်အကြေးနဲ့ သတ္တုဓာတ်တွေကို အရင်လို မစွန့်ထုတ်နိုင်တော့တဲ့အတွက် စားတဲ့ပမာဏကို ထိန်းချုပ်မှ ရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement