ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။ ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။