backup og meta

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား ….. ဆီးသွားတဲ့ အချိန်မှာ ပုံမှန်ထက် ပူနေပြီဆိုရင် ဘယ်သူ မဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာ အမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ဖူးတဲ့ သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံဖူးတဲ့ သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။

ဆီးက ဘာကြောင့် ပူနွေးတာလဲ။

ကိုယ်ခန္ဓာမှာ အရည်အဖြစ် သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာ အပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခု ကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ် နဲ့ တခြား အဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ် ထဲမှာ စုစည်းထားတာ ဖြစ်ပါတယ်။ သိုလှောင်တဲ့ ပမာဏ များလာ လေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက် တဲ့အခါ အနည်းငယ် ပူနွေးတဲ့ ခံစားချက်မျိုး ရရှိပါတယ်။

ဆီးရဲ့ အပူချိန်က ဘယ်လောက်ရှိလဲ။

ပုံမှန် အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏမှာ ရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီး အနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အပြင်ကို စွန့်ထုတ်ပြီး ၄မိနစ်ခန့်ကြာသည်အထိ နဂိုအပူချိန်အတိုင်း ထိန်းထားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆီးက ပိုပူလာနိုင်လဲ။

ရာသီဥတုအရမ်းပူလွန်း၊ အေးလွန်းတာ၊ ဖျားနေစဉ် သို့မဟုတ် အဖျားပျောက်ပြီး နာလန်ထူကာစအချိန်၊ အားကစားလုပ်ပြီး အမောဖြေနေတဲ့အချိန်မှာ ဆီးဟာ ပုံမှန်အချိန်ထက် ပိုပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်လည်း ဇီဝကမ္မဖြစ်စဉ်ဟာ လျင်မြန်စွာ ပြောင်းလဲနေတဲ့အတွက် ဆီးဟာ ပိုပြီးပူနေနိုင်ပါတယ်။

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား …..  အခုလို အခြေအနေဆိုရင်တော့ စိုးရိမ်ရပါမယ်။ ဆီးသွားနေတဲ့အချိန်မှာ ပုံမှန်ပူတာမျိုးမဟုတ်ဘဲ ပူစပ်ပူလောင် ဖြစ်နေတာ၊ ဆီးသွားနေတဲ့ ဆီးလမ်းကြောင်း တစ်လျှောက်ဟာ ပူလောင်နေတာ၊ စပ်ဖျဉ်းဖျဉ်း၊ အသားထဲက စူးနေသလို ခံစားရတာ ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ တခြား လက္ခဏာ အနေနဲ့

  • ဆီးသွားချင်စိတ် ရှိပါလျက်နဲ့ ဆီးနည်းနည်းပဲ ထွက်တာ
  • ဆီးအရောင်က အဖြူရောင်၊ မီးခိုရောင် နောက်ကျိကျိ ဖြစ်နေတာ
  • ဆီးရဲ့အနံ့က အောက်သိုးသိုး အနံ့ ဖြစ်နေတာ
  • ဆီးထဲမှာ သွေးပါလာတာ
  • ဆီးခဏခဏ သွားနေတာတွေ ဖြစ်လာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆီးစစ်ကြည့်သင့် ပါတယ်။

ဒီလက္ခဏာတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာလည်း ဖြစ်နိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယားရောဂါလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ဖြစ်နိုင်ခြေ ၄ဆ ပိုများပါတယ်။

ပုံမှန် အားဖြင့်တော့ ဆီးပူတယ်ဆိုတာ သိပ်ပြီး စိုးရိမ်စရာ မဟုတ်ပေမဲ့ အမြဲတမ်း လိုလို ဖြစ်နေတာ ဆိုရင်တော့ စောစောစီးစီး စစ်ဆေးပြီး ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင်တော့ ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့ဆေးအညွှန်းအတိုင်း သောက်ပေးရုံနဲ့ အမြစ်ပြတ် ပျောက်ကင်းနိုင်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး မပေါ့ဆဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/hot-urine#bottom-line(September 4, 2019)

ယခုပုံစံ

24/08/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးလမ်းကြောင်းနာကျင်ခြင်း

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement