backup og meta

ဗီတာမင် PP နဲ့ အသားအရေ


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် PP နဲ့ အသားအရေ

    ဗီတာမင် PP ဆိုလို့ ရှိလို့လား၊ ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီး မအံ့ဩ သွားနဲ့နော်။ ဗီတာမင် PP ဆိုတာက ဗီတာမင် B အုပ်စုဝင် ဗီတာမင် B3 ပါ။

    ဒီ ဗီတာမင်က စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးမှု တာဝန်ကို အဓိက ထမ်းဆောင်နေတာပါ။ ခန္ဓာကိုယ်က ပရိုတင်း နဲ့ အဆီတွေကို အသုံးပြုဖို့ ထောက်ပံ့ပေးသလို အာရုံကြောစနစ် ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ အလှအပအတွက်တော့ ဆံသားနဲ့ အသားအရေ ကျန်းမာလှပစေဖို့လည်း ကူညီ အားဖြည့်ပေးပါသေးတယ်။

    ဗီတာမင် PP က အသားအရေအတွက် ဘာလုပ်ပေးလဲ…………

    ဗီတာမင် PP၊ ဗီတာမင် B3၊ niacinamide လို့ အမည်နာမ အမျိုးမျိုး ရှိတဲ့ ဗီတာမင်လေးက အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ထောက်ပံ့ပေးပြီး ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေ ထိခိုက်မှု ကင်းစေဖို့ အစိုဓာတ် ထိန်းပေးတာနဲ့အတူ အခုလို အလှအပ အကျိုးကျေးဇူးလေးတွေကိုလည်း ပေးပါသေးတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    Niacinamide  က ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးသလို အရေပြားတွေကို တင်းရင်း ကျန်းမာစေဖို့လည်း ကူညီပေးပါတယ်။

    အရေပြားအပေါ်ယံလွှာကို ကာကွယ်ပေးတယ်

    Niacinamide  က အရေပြား အပေါ်ယံလွှာကို ကာကွယ်ပေးတဲ့ ceramide (lipid) ကို ဖြစ်ပေါ်စေပြီး အရေပြားကို အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြား ခြောက်သွေ့ ကြမ်းတမ်းတာ နဲ့ နှင်းခူတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    အရောင် ကျစေနိုင်တယ်

    အရေပြားမှာ ဝက်ခြံ၊ နှင်းခူတို့လိုမျိုး အရေပြား ပြဿနာတွေကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေဖို့လည်း ဗီတာမင် PP က အားဖြည့်ပေးပါသေးတယ်။

    ချွေးပေါက် ကျဉ်းစေတယ်

    ဗီတာမင် PP က အရေပြားကို အစိုဓာတ် ထိန်းပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးတာကြောင့် ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

    အဆီမပြန်စေဖို့ ထိန်းပေးတယ်

    အစိုဓာတ် ထိန်းပေးတာကြောင့် အသားအရေကို ခြောက်သွေ့မှု ကင်းစေသလို အဆီဂလင်းတွေကိုလည်း အဆီတွေ အများကြီး မထွက်စေဖို့ ထိန်းညှိပေးတာကြောင့် အဆီပြန်ခြင်း ကင်းစေမှာပါ။

    နေလောင်ဒဏ်ကနေ ကာကွယ်ပေးတယ်

    ဗီတာမင် PP က အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆဲလ်တွေ ပြန်လည်ဖြစ်ပေါ်စေဖို့လည်း အားဖြည့်ပေးပါတယ်။

    အမည်းစက်တွေကို လျော့ပါးစေတယ်

    ဗီတာမင် PP က ကော်လာဂျင် ထွက်ရှိလာစေဖို့ လှုံ့ဆော်ပေးတာကြောင့် အရေပြားပေါ်က အမည်းစက်တွေ အမာရွတ်တွေ လျော့ပါးစေဖို့ အားဖြည့်ပေးပါတယ်။ အစက်အပြောက် ကင်းစင်တဲ့ အလှတရားကို ဖန်တီးပေးနိုင်မှာပါ။

    အရေးအကြောင်းတွေ လျော့ပါးစေတယ်

    ဗီတာမင် PP က နေရောင်​ကြောင့် အသားအရေ အိုမင်းတာနဲ့ အရေးအကြောင်း ဖြစ်ပေါ်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကိုလည်း ကာကွယ်ပေးပါတယ်။

    ဝက်ခြံ သက်သာစေတယ်

    ဝက်ခြံတွေ၊ အဆီဖုတွေကြောင့် စိတ်ညစ်နေသူတွေအတွက်လည်း ဗီတာမင် PP က ကူညီပေးနိုင်ပါတယ်။ ဝက်ခြံ သက်သာစေပြီး အသားအရေ ကောင်းလာစေဖို့လည်း အားဖြည့်ပေးပါတယ်။

    ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်မှုကနေ ကာကွယ်ပေးတယ်

    စိတ်ဖိစီးမှု၊ နေရောင်၊ အဆိပ်အတောက်တွေ၊ ညစ်ညမ်းမှုတွေလိုမျိုး အရာတွေကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း ဗီတာမင် PP က လုပ်ဆောင်ပေးပါတယ်။

    ကဲ………….. ဗီတာမင် PP က အလှအပဗီတာမင်ရယ်လို့ တင်စားရလောက်တဲ့အထိ ကောင်းတယ်ဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement