အနာကျက်စေဖို့ ခရမ်းချဉ်သီးကို စားပေးလို့ရသလို အနာပေါ်မှာ ခရမ်းချဉ်သီး အရည်ကို လိမ်းပေးလို့လည်း ရပါတယ်။
အရေပြား ရောင်ရမ်းတာကို သက်သာစေတယ်
ခရမ်းချဉ်သီးမှာရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဒြပ်ပေါင်းတွေဖြစ်ကြတဲ့
- lycopene
- beta carotene
- lutein
- ဗီတာမင် E
- ဗီတာမင် C တို့က အရေပြားကို ကျန်းမာစေပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံအပါအဝင် ထိခိုက်မှု တစ်ခုခုကြောင့် အရေပြားရောင်ရမ်းတဲ့အခါ ခရမ်းချဉ်သီးကို သုံးပေးလို့ ရပါတယ်။
ကော်လာဂျင် ထွက်ရှိမှုကို မြှင့်တင်ပေးတယ်
ခရမ်းချဉ်သီးမှာ ဗီတာမင် ကြွယ်ဝမှုက ကိုယ်ခံအားကို မြှင့်တင်ပေးသလို အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဆဲလ်သေတွေ ဖယ်ရှားပေးတယ်
အရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားဖို့အတွက်လည်း ခရမ်းချဉ်သီးကို အသုံးပြုပေးလို့ရပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ အင်ဇိုင်းက ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။
ခရမ်းချဉ်သီးကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းလို့ ခြောက်သွားအောင်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ရုံပါ။ မျက်နှာ အပါအဝင် တစ်ကိုယ်လုံးက ဆဲလ်သေတွေကို ဖယ်ရှားနိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုပါ။
အရွယ်တင်စေနိုင်တယ်
ခရမ်းချဉ်သီးမှာ အရေပြား ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ ဖြစ်ကြတဲ့
- အရေပြားမှာ အစက်အပြောက်တွေ ဖြစ်တာ
- အသားအရေတွန့်တာ
- အရေးအကြောင်းဖြစ်တာလိုမျိုး ပြဿနာတွေကို ကင်းဝေးစေနိုင်ပါတယ်။
အကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။