backup og meta

ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့

    ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။

    ဗီတာမင် C နဲ့ ပတ်သက်ပြီး သိထားသင့်တာလေး အချို့

    ဗီတာမင် C နဲ့ပတ်သက်ပြီး သိထားသင့်တာလေး အချို့ ကတော့

    ဗီတာမင် C ဆိုတာဘာလဲ ။ ။

    ဗီတာမင် C ဆိုတာ ရေမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး သူကို ascorbic acid လို့လည်း လူသိများကြပါတယ်။ ရေမှာပျော်ဝင်တာကြောင့် ကိုယ်ခန္ဓါက အလွယ်တကူစုပ်ယူနိုင်ပြီး ascorbic acid ကြောင့် ချဉ်တဲ့အရသာရှိတာ ဖြစ်ပါတယ်။

    ဗီတာမင် C လုံလောက်နေဖို့ ဘာ့ကြောင့် အရေးကြီးတာလဲ ။

    ကိုယ်ခန္ဓါမှာ ဗီတာမင် C ရဲ့ အခန်းကဏ္ဍ တွေ အများကြီးရှိပါတယ်။

    • ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ရာသီပေါ်တုပ်ကွေး ရောဂါ နဲ့ အခြား ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။
    • အသားအရေကို တင်းရင်းစိုပြေစေတယ်
    • သွားဖုံးသွေးယိုတဲ့ ပြဿနာတွေကလည်းကာကွယ်ပေးတယ်
    • ကိုလက်စရောကို ကျဆင်းစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
    • လူတွေရဲ့စိတ်ကို ပျော်အောင်၊စိတ်ပူပန်ေအာင်၊ စိတ်ဓါတ်ကျအောင်စတာတွေကို ထိန်းချုပ်ပေးနေတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးထွက်အောင်လည်း အားပေးပါတယ်။
    • Histamine ပမာဏကို ထိန်းညှိပေးလို့ အမူးအမော်ပြေစေပါတယ်
    • အနာကျက်ခြင်းကို မြန်စေပါတယ်။
    • ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရှိတာကြောင့် ကင်ဆာရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။

    ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ၊

    အားလုံးသိကြတဲ့အတိုင်း ချဉ်တဲ့ အစားအစာမှန်မျှ ဗီတာမင် C ကြွယ်ဝစွာပါပါတယ်။ ဒါပေမယ့် အရသာမချဉ်ပေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ အခြား အစားအစာတွေလည်းရှိပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အသီးအရွက်တွေကတော့

    ဘယ်လိုလူတွေက ဗီတာမင်C ချို့တဲ့လေ့ရှိလဲ ။ ။

    • အရက်အလွန်အကျွံသောက်တဲ့သူတွေ
    • ဆေးလိပ်သောက်တဲ့သူတွေ
    • ပဋိဇီဝပိုးသတ်ဆေးသောက်နေတဲ့သူတွေ
    • အကိုက်အခဲပျောက်ဆေးသောက်နေတဲ့သူတွေ
    • ဓါတ်ဆီ၊ ရေနံဆီတွေ နှင့် အမြဲထိတွေ့နေရသူတွေနဲ့
    • သတ္တုတွင်းမှာ အလုပ်လုပ်နေရတဲ့သူတွေက ဗီတာမင် C ချို့တဲ့လေ့ရှိပါတယ်။

    ဗီတာမင် Cအများကြီး စားရင် ဘာတွေဖြစ်တတ်လဲ

    ဗီတာမင် C ( အချဉ်) စားရင် ပိန်တယ်ဆိုတော့ စွတ်ပြီး စားတတ်ကြပါတယ်။ အဲဒီအခါ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီးဝမ်းခဏခဏသွားတာမျိုးဖြစ်တတ်ပါတယ်။ နောက်ပြီး ဗီတာမင် C အားဆေးပြားတွေကို တစ်နေ့ 0.3 mg/dl ထက်ပိုသောက်တဲ့သူတွေလည်း ခုလိုဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်တော့ ဆေးသောက်တာကို ရပ်လိုက်သင့်ပါတယ်။ သောက်တာ ရပ်ပြီး ၂ရက်၊ ၃ ရက်နေတာနဲ့ ပုံမှန် ပြန်ဖြစ်သွားပါ လိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement