backup og meta

ဂုတ်မှာပေါက်တဲ့ ဝက်ခြံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂုတ်မှာပေါက်တဲ့ ဝက်ခြံ

    ဝက်ခြံဆိုတာက ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ပေါက်နိုင်ပါတယ်။ နေရာ ကွာခြားမှုအလိုက် ဂရုစိုက်ပေးရတာလည်း ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တေ့ မျက်နှာမှာ မဟုတ်ဘဲ ဂုတ်မှာပေါက်နေတဲ့ ဝက်ခြံတွေ အကြောင်းလေးကို ဆွေးနွေးကြည့်ရအောင်လား…………..

    ဂုတ်မှာ ပေါက်တဲ့ ဝက်ခြံ

    လူတော်တော်များများက ဂုတ်မှာ ဝက်ခြံပေါက်တတ် ကြပါတယ်။ ပေါက်ရတဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးပါ။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိနိုင်သလို၊ ခပ်မာမာဝက်ခြံတွေလည်း ရှိနိုင်ပါတယ်။ အရေပြားအောက်မှာဖြစ်နေတာဖြစ်ပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    ဒါပေမယ့် ဂုတ်မှာပေါက်တဲ့ ဝက်ခြံက သိပ်မပြင်းထန်ဘူးဆိုရင် နေအိမ်မှာတင် ကုသတဲ့နည်းတွေနဲ့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ရက်အနည်းငယ်တော့ အချိန်ပေးရနိုင်ပါတယ်။

    တကယ်လို့ ဝက်ခြံက အရမ်းနာမယ်။ ရက်သတ္တပတ်အနည်းငယ် ကြာတဲ့အထိ မပျောက်ကင်းဘဲ ဖြစ်နေမယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြ​ကြည့်ဖို့ ပြောပါရစေ။

    ဘာတွေကများ ဂုတ်ပေါ်က ဝက်ခြံတွေကို ဖြစ်စေတာလဲ……

    ဂုတ်ပေါ်မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။

  • အရေပြားကို ဆပ်ပြာနဲ့ သေချာ သန့်စင်မပေးမိတာ
  • အရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်သန့်စင်မိတာ
  • ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲဖြစ်တာ
  • စိတ်ဖိစီးမှု များတာ
  • နေလောင်ကာခရင်မ် လိမ်းတာ
  • မိတ်ကပ် လိမ်းတာ
  • သဘာဝမဟုတ်တဲ့ အမွှေးနံ့ပြင်းတာမျိုးကို အသုံးပြုတာ
  • ခေါင်းလျှော်ရည် နဲ့ conditioners တို့မှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
  • ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခဲတို့မှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ
  • လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်တဲ့အခါ ချွေးမသုတ်မိတာ
  • အဝတ်အစားမှာ ဓာတ်မတည့်တဲ့ ချည်အမျိုးအစားပါဝင်နေတာ
  • ခေါင်းခဏခဏလျှော်တာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွ
  • ဆံပင်တွေနဲ့ ထိတွေ့မိတာ
  • ခေါင်းမှန်မှန် မလျှော်တာ
  • ဆဲလ်သေတွေ မဖယ်ရှားတာ
  • လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ ဂုတ်ကို သေချာ မသန့်စင်ဖြစ်တာ
  • လေ့ကျင့်ခန်း ပစ္စည်းတွေနဲ့ ထိတွေ့မိတာ
  • အဝတ်အစားတွေ သန့်ရှင်းမှုအားနည်းတာ စတဲ့ အချက်တွေကြောင့် ဂုတ်မှာ ဝက်ခြံပေါက်နိုင်ပါတယ်။
  • ဘယ်လို သက်သာအောင်လုပ်မလဲ……………..

    ဂုတ်ပေါ်က ဝက်ခြံတွေ သက်သာစေဖို့ဆိုရင်

    • တစ်နေ့ကို နှစ်ကြိမ် ဆပ်ပြာနဲ့ရေသုံးပြီး ညင်ညင်သာသာ သန့်စင်ပါ
    • ဝက်ခြံရှိတဲ့ နေရာကို ရေနွေးဝတ်နဲ့ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ကပ်ပါ (ချွေးပေါက်တွေ ပွင့်ပြီး အညစ်အကြေးတွေ စင်ကြယ်စေဖို့ပါ)
    • လက်နဲ့ မထိပါနဲ့
    • မကုတ်ပါနဲ့
    • ဝက်ခြံတွေကို နေရာင်၊ ပြင်ပလေ တွေနဲ့ တိုက်ရိုက်မထိတွေ့စေဖို့ ဂရုပြုပါ
    • အဝတ်အစားကို ချောင်ချောင်ချိချိ ဝတ်ပါ
    • ဝက်ခြံရှိနေတဲ့ နေရာကို ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။

    ဂုတ်က ဝက်ခြံတွေကို

    ဘယ်လို ကာကွယ်မလဲ………..

    ဂုတ်ပေါ်မှာ ဝက်ခြံတွေ မဖြစ်စေဖို့ဆိုရင်

    • ခေါင်းလျှော်ရည် နဲ့ဆံသားထိန်းသိမ်းမှု ပစ္စည်းတွေကို ပြောင်းသုံးပါ
    • ဝက်ခြံကို မညှစ်ပါနဲ့
    • လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေနွေးနွေးလေးနဲ့ ဂုတ်ကို သန့်စင်ပါ
    • ခေါင်း ပုံမှန်လျှော်ပါ
    • ဂုတ်ကို ထိတွေ့မယ့် လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာတွေကို သန့်စင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement