ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ စံပယ်ပန်းအဆီက အသားအရေကို ဓာတ်တိုးပစ္စည်းတွေနဲ့ ခရမ်းလွန်ရောင်ခြည်၊ ညစ်ညမ်းမှုတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
စံပယ်ပန်းအဆီကို လိမ်းပေးတာက အမာရွတ်တွေ၊ အရေးအကြောင်းတွေ နဲ့ အမဲစက်တွေကို သက်သာစေပြီး အရွယ်တင် နုပျိုနေစေမှာပါ။
ရေဓာတ်ဖြည့်ပေးနိုင်တယ်
စံပယ်ပန်းက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေပြီး ချွေးပေါက်တွေ ပိတ်ဆို့မှု ကင်းစေပါတယ်။ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးသလို ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်
စံပယ်ပန်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတဲ့ စံပယ်ပန်းအဆီက အရေပြားပေါ်က ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးကနေ ကာကွယ်နိုင်မှာပါ။
ချွေးပေါက်တွေကို သန့်စင်ပေးတယ်
စံပယ်ပန်းကို ရေနွေးဆူဆူထဲ ထည့်စိမ်ပြီး ရလာတဲ့ ရေနွေးကို ဂွမ်းစလေးနဲ့ယူပြီး သန့်စင်ထားတဲ့ မျက်နှာပြင်ပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်စင်စေပြီး ချွေးပေါက် ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ဆားဝက်ခြံနဲ့ အဆီပြန်တာတွေကို သက်သာစေမှာပါ။
ကဲ …စံပယ်ပန်း လှလှလေးကို သုံးလို့ အသားအရေလေးကို အခုပဲ ထိန်းသိမ်း လိုက်ရအောင်လား……………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။