backup og meta

COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာပဲ ဘယ်လို ဂရုစိုက်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID_19 ဖြစ်ပွားနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာပဲ ဘယ်လို ဂရုစိုက်မလဲ

    အခုလက်ရှိအချိန်အခါက ကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်ကြေညာထားတဲ့ COVID_19 ဖြစ်ပွားနေတာကြောင့် တတ်နိုင်သမျှ အပြင်ထွက်သွားလာတာတွေမလုပ်ကြဖို့ သတိပေးထားတဲ့ ကာလပါ။ မလိုအပ်ဘဲ ရောဂါကူးစက်တာတွေမဖြစ်အောင် အပြင်အသွားအလာတွေကို လျှော့ချနေချိန်မှာ ကိုယ့်မှာရှိတဲ့ ထိခိုက်ဒဏ်ရာ အနာတွေကို နေအိမ်မှာ ဘယ်လိုမျိုး ကုသရမလဲဆို တာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

    အဖြစ်အများဆုံး ကျန်းမာရေးပြဿနာကဘာလဲ……..

    ဒါကတော့ ရှင်းပါတယ်။ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာက ထိခိုက်ရှနာပါပဲ။ တစ်လလုံးမှာ တစ်ခါ ဖျားချင်မှဖျားနိုင်ပေမယ့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ထိခိုက်မိနိုင်ပါတယ်။ ဓားရှတာကစလို့ ချော်လဲတာ၊ အပူလောင်တာ အမျိုးမျိုးပါ။ ခလုတ်တိုက်တာတောင် အစစ်ပါနိုင်သေးပါတယ်။

    ထိခိုက်ဒဏ်ရာ အမျိုးအစားတွေက ဘာတွေများလဲ………

    • အရေပြားပေါက်ပြဲဒဏ်ရာ – အရေပြားအတွင်းပိုင်း အထိ ထိခိုက်မိတဲ့ဒဏ်ရာပါ။ ချွန်ထက်တဲ့ အရာတွေကို ကိုင်တွယ်အသုံးပြုရင်းက ထိခိုက်မိနိုင်ပါတယ်။ ဒီလိုမျိုးထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာနက်ရင်နက်သလောက် သွေးထွက်များနိုင်ပါတယ်။
    • ပြတ်ရှဒဏ်ရာ – ဓါးနဲ့ထိရှမိတာကြောင့်ဖြစ်နိုင်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။ အပေါ်ယံအရေပြား ပြတ်ရှသွားတာ ဖြစ်တာကြောင့် အနာမရင်းစေဖို့နဲ့ အနာထဲကိုပိုးဝင်တာမျိုး မဖြစ်အောင် သေချာဂရုစိုက်ဖို့လို ပါလိမ့်မယ်။
    • ပွန်းပဲ့ဒဏ်ရာ – မာကြောကြမ်းတမ်းတဲ့ မျက်နှာပြင် တစ်ခုခုနဲ့ ပွတ်တိုက်မိတဲ့ အခါမျိုးမှာဖြစ်တဲ့ အရေပြားပွန်းပဲ့ ဒဏ်ရာပါ။ ပုံမှန်အားဖြင့်တော့ ဒီဒဏ်ရာတွေကသွေးသိပ်ထွက်လေ့မရှိကြပါဘူး။ ဒါပေမယ့်လည်း သေသေချာချာ ဂရုစိုက်ဖို့တော့ လိုပါမယ်။
    • အရေပြားမှာ အပေါက်ဖြစ်စေတဲ့ထိုးစိုက်ဒဏ်ရာ – သံ၊အပ်၊ရေခဲခွဲတံလိုမျိုး ချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတာကြောင့်ဖြစ်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။သေနတ်ကျည်ဆန်မှန်တာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုဒဏ်ရာမျိုးကသွေးအများကြီးမထွက်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးစေနိုင်လောက်တဲ့အထိတော့ နက်တတ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အခုလိုထိခိုက်ဒဏ်ရာမျိုးရမယ်ဆိုရင်တော့ ဆရာဝန်ထံသွားပြတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မေးခိုင်ကာကွယ်ဆေး ထိုးဖို့လည်းလိုအပ်ပါမယ်။

    အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကာကွယ်ရေးစနစ်ပါပဲ။ ပြင်ပက အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို ဒီအရေပြားက ကာကွယ်တားဆီးပေးထားတဲ့အတွက် လူတွေ အသက်ရှင်နိုင်တာပါ။ အခု ဒီအရေပြားက ထိခိုက်ပေါက်ပြဲပြီဆိုရင် အရေပြားပေါက်ပြဲတဲ့နေရာတွေကနေ ရောဂါအမျိုးမျိုး ဝင်ရောက်လာဖို့အတွက် အခွင့်အရေးဖြစ်သွားပါပြီ။ ဒါကြောင့် ထိခိုက်ရှနာ ပေါက်ပြဲမှုတွေ ဖြစ်လာခဲ့ရင် အရေပြားကို သေချာဂရုစိုက်ကုသမှုပေးဖို့ လိုအပ်တာပါ။

    ဒဏ်ရာတွေကို နေအိမ်မှာပဲ ဂရုစိုက်မယ်

    ထိခိုက်ဒဏ်ရာအများစုက နေအိမ်မှာတင် ကိုယ်တိုင် ဂရုစိုက်ကုသမှုလုပ်လို့ရပါတယ်။ တကယ်လို့ အခုလိုကာလမှာ ထိခိုက်ဒဏ်ရာရမယ်။ ဆေးခန်းသွားဖို့လည်း မလွယ်ဘူးဆိုရင်

    လက်တွေကို ဆေးကြောပါ

    ထိခိုက်ဒဏ်ရာ ရတဲ့အခါ အနာကို မကိုင်တွယ်ခင် လက်ကိုသေချာစွာ ဆေးကြောပါ။ လက်ဆေးတဲ့အခါ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပါ။ မသန့်ရှင်းတဲ့ လက်ကတဆင့် အနာထဲကို ရောဂါပိုး​တွေမဝင်စေဖို့ပါ။

    သွေးတိတ်အောင်လုပ်ပါ

    အနာကို ပတ်တီးစသန့်သန့် ဒါမှမဟုတ် ဂွမ်းစသန့်သန့်နဲ့ ခပ်ဖွဖွလေးဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။

    အနာကို သန့်စင်ပါ

    ပြီးရင်တော့ အနာကို အရက်ပြန်နဲ့ ဂွမ်းစသုံးလို့ သေချာသန့်စင်ပါ။ အနာတဝိုက်ကို သေသေချာချာပိုးသတ်ပါ။ အနာသန့်စင်မှု က အနာကျက်စေဖို့ တော်တော်လေး အရေးပါပါတယ်။

    ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားပါ

    ဖန်ကွဲစ၊ သံစလေးတွေလိုမျိုး အရာလေးတွေက အနာကို သန့်စင်ချိန်မှာ ထွက်မသွားဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်လို့ ဖယ်ရှားပေးရပါမယ်။

    ဆေးထည့်ပါ

    အနာကို သန့်စင်ပြီးပြီဆိုရင်တော့ ဘက်တီးရီးယားတွေ ဝင်ရောက်တာမျိုး မရှိစေဖို့ အနာအတွက်ထုတ်ထားတဲ့ လိမ်းဆေးတစ်ခုခုကို လိမ်းပေးရပါမယ်။ ဒါမှ အနာက ပိုးဝင်ကူးစက်မှုကင်းပြီး နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေမှာပါ။

    ပတ်တီးလား….. ပလာစတာလား ရွေးချယ်ပါ

    အနာကို ပြင်ပက ဘက်တီးရီးယားတွေ၊ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေ မဝင်စေဖို့ဆိုရင် ဖုံးအုပ်ထားဖို့ လိုပါမယ်။ ဒီတော့ အနာ အရွယ်အစားကိုလိုက်ပြီး အနာသေးရင်တော့ ပလာစတာ။ အနာကြီးရင်တော့ ပတ်တီးကို အသုံးပြုပေးပါ။

    ပလာစတာ ပုံမှန်လဲလှယ်ပါ

    အနာကို တစ်နေ့ကို ၂ ကြိမ် ပုံမှန် ဆေးထည့်သန့်စင်ရပါမယ်။ အနာအခြေအနေလည်း လေ့လာရင်း ပိုးမဝင်အောင်လည်း ဂရုစိုက်ရင်းပါ။

    အာဟာရ ပြည့်ဝအောင် စားပါ

    ထိခိုက်ဒဏ်ရာရတဲ့အခါ အနာမရင်းစေဖို့ဆိုရင် အနာကျက်မြန်စေတဲ့ အစားအစာတွေဖြစ်ကြတဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေ၊ ပရိုတင်းတို့ကို ပြည့်ဝလုံလောက်အောင် စားသုံးရပါမယ်။ လိမ္မော်သီး၊ ရှောက်ချိုသီး၊ ဂရိတ်ဖရု နဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေ ကြက်သား၊ ပဲအမျိုးမျိုးစတဲ့ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။

    အရက်၊ဆေးလိပ်ရှောင်ပါ

    ဒါတွေက အနာကျက်နှေး စေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရထားပြီး အခုလို အပြင်ထွက်ဖို့ မလွယ်ကူတဲ့ COVID_19 ဖြစ်ပွားနေချိန်မှာ အနာကျက်နှေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ဆေးလိပ်နဲ့ အရက်ကို လျှော့ပါ။

    အနာကိုသေချာဂရုမစိုက်ရင်ဘာတွေဖြစ်လာနိုင်သလဲ……….

    ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ အနာကိုသေချာဂရုမစိုက်တဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့

    နေအိမ်လေးမှာ ပလာစတာ၊ ပတ်တီး၊ အရက်ပြန်၊ ဂွမ်း၊ အနာလိမ်းဆေး စတာတွေကို အသင့်ဆောင်ထားလို့ COVID_19 ဖြစ်ပွားနေစဉ်ကာလမှာ ကိုယ်တိုင်ရော မိသားစုဝင်တွေမှာပါ ထိခိုက်ဒဏ်ရာရလာခဲ့ရင် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် ဂရုစိုက်စောင့်ရှောက်လိုက်ကြပါစို့……………..

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement