ပုံမှန် ဆံပင်ကျွတ်နိုင်တဲ့ ပမာဏကဘယ်လောက်လဲ။
ပုံမှန်ထက်ကျော်ပြီး ဆံပင်ကျွတ်တာ မကောင်းဘူးဆိုတော့ ပုံမှန် ဆံပင်ကျွတ်တဲ့ပမာဏ ဘယ်လောက်ရှိလဲဆိုတာ သိထားဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ၁၀၀ ထက်ကျော်လာပြီဆိုရင် ပုံမှန်ဖြစ်နေကျ ဆံပင်ကျွတ်တယ်လို့ ပြောလို့မရတော့ပါဘူး။ ရှင်းရှင်းပြောရရင် ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ တစ်ထွေးလိုက်ကြီးပါလာတာ၊ လက်နဲ့ ဆုပ်ကိုင်လိုက်ရင်တောင် ဆံပင်တွေ အလွယ်တကူပါလာတာမျိုးတွေပေ့ါ။
ဘာကြောင့် ဆံပင်တွေ တအားကျွတ်ရတာလဲ။
ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ သူတို့တွေကတော့
- စိတ်ဖိစီးမှုများတဲ့အခါ
- ဆံပင်ကျွတ်တဲ့မျိုးရိုးရှိနေတာ၊
- ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးလိုက်လုပ်တာ
- မီးဖွားချိန်နဲ့ သွေးဆုံးချိန်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး ဆံပင်ကျွတ်တာ
- Lupus လိုမျိုး ခုခံအားဆိုင်ရာရောဂါခံစားနေရတာ
- Alopecia areata လို့ ခေါ်တဲ့ အမွှေးအမျှင်တွေ အကွက်လိုက်ကျွတ်ကျတဲ့ ရောဂါရှိနေတာ
- ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့တာကြောင့်နဲ့
- ကိုယ်သောက်နေတဲ့ ဆေး၊ ကင်ဆာဆေးတွေကြောင့် ဆံပင်ကျွတ်တာတွေဟာ ဆံပင်ကျွတ်ခြင်း အများဆုံးဖြစ်စေတဲ့ တရားခံတွေပါ။
လူတစ်ယောက်ဟာ ပုံမှန် တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်ရမယ့်အစား ဒီပမာဏထက်ပိုပြီး ကျွတ်လာတာကို သတိထားမိတဲ့အချိန်၊ ဆံပင် အကွက်လိုက်၊ အထွေးလိုက် ကျွတ်နေတဲ့ အချိန်မျိုး ရောက်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့သေချာပြသပြီးပြဿနာအရင်းအမြစ်ကို အဖြေရှာဖို့ လိုလာပါပြီ။ ပြဿနာကို အဖြေရှာရုံနဲ့တင် မပြီးသေးပါဘူး။ ဘယ်လိုသက်သာအောင် လုပ်ရမလဲ ဆိုတဲ့အပိုင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။