backup og meta

ဆံသားကျန်းမာရေးကိုလည်း မေ့မထားသင့်တဲ့ မိုးရာသီ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီဆို ချွေးတွေထွက်၊ ဆံပင် တွေခဏလေး အဆီပြန်ပြီး လုံးသွားလို့၊ ဆောင်းရာသီကျတော့ ဦးရေပြား ခြောက်ြပီး ဗောက်ထလို့ ဆိုပြီး ကိုယ့်ဆံပင်လေးတွေ မပျက်စီးရေး ဂရုစိုက်ကြရတယ်မလား။ မိုးရာသီကတော့ နည်းနည်းတော်သေးတယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့။ မိုးရာသီရဲ့ စိုထိုင်းတဲ့ ရာသီဥတုကလည်း ဆံသားနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပျက်စီးစေတဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဒါ့ကြောင့်မိုးရာသီမှာလည်း ဆံသားကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ ကြည့်ရအောင် ။ ။

    မိုးရာသီမှာ ဆံသားကျန်းမာရေးအတွက်ဂရုစိုက်ပေးရမယ့် အချက်များ ။ ။

    ( ၁ ) ဆံပင်ကို ခြောက်အောင်သုတ်ပါ။

    မိုးရာသီဆိုတော့ အခန့်မသင့် မိုးမိသွားလို့ ဆံပင်တွေ ရွှဲစိုသွားတဲ့အခါမျိုးမှာ ဒီတိုင်း ခြောက်သွားမှာပဲဆိုပြီး ပစ်မထားလိုက်ပါနဲ့။ မိုးရေဆိုတာ လေထုနဲ့ ဖုန်တွေကိုဖြတ်ပြီး ဆင်းလာရတာကြောင့် ဖုန်မှုန့်တွေ ရောနေတတ်ပြီး ခေါင်းယားတာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ ဒါေ့ကြာင့် မိုးမိလာပြီဆိုတာနဲ့ ခေါင်းပြန်လျှော်ပြီး ခေါင်းကို ခြောက်အောင် သုတ်ပါ။

    (၂ ) တစ်ပတ်ကို ၂ ကြိမ်လောက် ခေါင်းလျှော်ပါ။

    မိုးအေးတော့ချွေးမထွက်ဘူး၊ နွေရာသီလို ဖုန်တွေလည်း မပေါဘူး၊ ပတ်ဝန်းကျင်မှာ စိုထိုင်းဆလည်းများနေတော့ ဦးရေပြား ခြောက်တာမျိုးတွေလည်း မရှိတော့ ခေါင်းမလျှော်လည်း ဘာမှမဖြစ်ဘူးဆိုပြီး မနေလိုက်ပါနဲံ။ တစ်ပါတ်ကို အနည်းဆုံး ၂ကြိမ်လောက်တော့ ခေါင်းလျှော်ပေးပါ။ ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်က အပျော့စားဆိုရင်နေ့တိုင်းတောင် ခေါင်းလျှော်ပေးလို့ရပါတယ်။

    ( ၃ ) ခေါင်းလိမ်းဆီ သုံးပါ။

    ခေါင်းလျှော်ပြီးတိုင်းမှာ ရှုပ်ထွေးနေတဲ့ဆံသားတွေကို ရှင်းပေးဖို့၊ ဆံပင်ကို အားဖြည့်ဖို့နဲ့ ြေခါက်သွေ့နေတဲ့ဆံသား အဖျားတွေကို အစိုဓါတ်ထိန်းပေးဖို့ ခေါင်းလိမ်းဆီတွေ လိမ်းပေးသင့်ပါတယ်။ ဆံပင်ပေါင်းဆေးတွေလည်း တစ်ပတ် တစ်ခါလောက် သုံးပေးသင့်ပါတယ်။

    ( ၄ ) မိုးရာသီမှာ ကျစ်ဆံမြီး မကျစ်ပါနဲ့။

    ကျစ်ဆ့မြီးကျစ်ထားတဲ့ဆံပင်တွေမိုးစိုသွားတဲ့အခါ ဖွာလန်ကြဲပြီး နှစ်ခွြဖစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စည်းချင်တယ်ဆိုရင် ဆံပင်ကိုမြင့်မြင့် စည်းထားတာ၊ ဖွဖွလေးထုံးထားတာမျိုးလောက်ပဲ လုပ်ပေးသင့်ပါတယ်။

    ( ၅ ) ဆံသားနဲ့ ကိုက်ညီတဲ့ ဘီးကို ရွေးချယ်ပါ။

    အသွားကျဲတဲ့ ဘီးတွေက ဆံပင်ဖြီးရတာလည်း လွယ်ကူစေသလို ဆံသားတွေပြတ်ဆတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာပါ။

    ( ၆ ) သဘာဝ ထွက်ပစ္စည်းတွေကို အားထားပါ။

    ဆံသားပျက်စီးတာတွေကို ကာကွယ်ဖို့ ဓါတုပစ္စည်းများတာတွေကို မသုံးချင်ဘူး သဘာဝထွက်တွေပဲ သုံးချင်တဲ့သူတွေအတွက် တရော်ကင်ပွန်း၊ အုန်းဆီ၊ သံလွင်ဆီတို့ကို အခြေခံပြီးထုတ်ထားတဲ့ ခေါင်းလျှော်ရည်၊ ေခါင်းလိမ်းဆီ ၊ ပေါင်းဆေးတို့ကို သုံးပေးလို့ရပါတယ်။

    ( ၇ ) မှန်ကန်တဲ့ စားသောက်ပုံစံကို အလေးပေးပါ။

    မိုးတွင်းအေးတော့ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရေများများသောက်ပါ။ ဆံသားခြောက်သွေ့တာတွေကို ကာကွယ်ဖို့အတွက် ရေများများသောက်ပေးဖို့လိုပါတယ်။ ဆံသား အမြစ်လေးတွေ အားပြည့်အောင်အတွက် သံဓါတ်ြကွယ်ဝတာ၊ ပရိုတင်းဓါတ်ကြွယ်ဝတာနဲ့ အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။

    ( ၈ ) အပြင်သွားတိုင်း အကာအကွယ် ယူသွားပါ။

    မိုးတွင်းဆိုတော့ ထီးတစ်ချောင်း အမြဲဆောင်ထားသင့်သလို မိုးရေမထိအောင် တစ်ကိုယ်လုံးကို အပြည့်အဝ ကာကွယ်ပေးတဲ့ မိုးကာအကျီၤတွေလည်း ဆောင်သွားသင့်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    .

    .

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement