ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

မျက်နှာလှလှလေးပိုင်ဆိုင်ချင်ပေမယ့် ဝက်ခြံ တွေကြောင့် စိတ်ညစ်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဝက်ခြံကတော်တော်များများခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုဖြစ်သလို အလှအပကိုရော ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့အရာတစ်ခုပေါ့။ဆေးတွေသောက်တယ်၊ Skincareတွေအမျိုးမျိုးသုံးပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင်တော့ ဒီယောဂပို့စ်လေးတွေကိုလေ့ကျင့်ကြည့်စေချင်ပါတယ်နော်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ........ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အိပ်ရေးပျက်တာ စိတ်ဖိစီးတာ အပူအစပ်တွေအစားများတာ အငန်ကဲတာတွေ၊ပြုပြင်ထားတဲ့အစားအစာတွေစားတာ ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကြောင့် ဆေးလိပ်သောက်တာ အချိုကဲတာတွေစားတာ ရေသောက်နည်းတာ ကိုယ်လက်လှုပ်ရှားမှုနည်းတာ မိတ်ကပ်တွေကြောင့်ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ ဝက်ခြံသက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ယောဂပို့စ်တွေကဘာတွေဖြစ်မလဲ..... ယောဂလုပ်ပေးတာက ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးသလို ဝက်ခြံကင်းပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ Uttanasana Pose ဒီပို့စ်လေးလုပ်တော့မယ်ဆိုရင် ခန္ဓါကိုယ်ကိုဖြောင့်ဖြောင့်လေးရပ်ပါ။ လက်နှစ်ဖက်ကို တင်ပါးပေါ်ကိုထောက်လို့ အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ပြီးရင် အသက်ရှုထုတ်ရင်း ခန္ဓါကိုယ်ကို အရှေ့ပိုင်းကိုဖြည်းဖြည်းချင်းကိုင်းချပေးပါ။ လက်နှစ်ဖက်ကိုခြေထောက်အနောက်ဘက်ထိသိုင်းပြီး ပိုက်ထားပေးပါ။ မျက်နှာကိုဒူးနှစ်ဖက်ဆီကို ကပ်နိုင်သမျှကပ်ပေးပါ။ပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီး ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။ Legs Up on the Wall Pose ဒီပို့စ်ကိုပုံမှန်လုပ်ပေးတာက သွေးစီးဆင်းမှုကောင်းစေသလို မျက်နှာဆီကိုလည်းအောက်ဆီဂျင်ပိုမိုရောက်ရှိစေမှာပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးfree radicalsတွေကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နံရံတစ်ခုရှေ့မှာ […]


ဝက်ခြံ

နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။

ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှ နဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာ ပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့ တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။ နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ နဖူး ။ ။ နဖူးမှာ ပေါက်တဲ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။ စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။ စားလိုက်တဲ့အစားအစာတွေထဲမှာ […]


ဝက်ခြံ

မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း

မေးစေ့မှာ ဝက်ခြံပေါက် ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။ မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်း ရှေးလူကြီးတွေက ပြောထားတော့ ကြောက်ရပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက် အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်ရင် အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မေးစေ့မှာ ဝက်ခြံ ဖြစ်တာက ဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါ အဆီဂလင်းတွေရဲ့ လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေ ချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖုလေးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီမှာရောင်ရမ်းမှုနဲ့ဘက်တီးရီးယားတွေပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခုဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကိုမရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။ မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း ကတော့ (၁) ရာသီစက်ဝန်း ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က […]


ဝက်ခြံ

Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။

အရင်တုန်းကတော့ ဝက်ခြံဆိုလို့ ဘာမှ မရှိတဲ့ မျက်နှာလေးက Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။  အရင်တုန်းက ရှိခဲ့တဲ့ ဝက်ခြံတွေလည်း gym ဆော့ပြီးနောက်ပိုင်း ပိုဆိုးလာပြီလား။ Gym ဆော့တာနဲ့ ဝက်ခြံ နဲ့က ဆက်စပ်မှုရှိလား။ ဘယ်လိုကာကွယ်ရမလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ Gym ဆော့တာက ဝက်ခြံပေါက်စေတတ်လား ။ Gym ဆော့တာကြောင့် ဝက်ခြံတွေ ပေါက်တာမဟုတ်ပါဘူး။ Gym ဆော့နေချိန် ကိုယ်မသိလိုက်ဘဲ ပြုလိုက်မိတဲ့ အပြုအမူတချို့ကြောင့် ဝက်ခြံပေါက်ရတာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုအပြုအမူတွေက gym ဆော့ရင်း ဝက်ခြံတွေ ပေါက်စေတာလဲ။ ဘယ်လိုကာကွယ်ရမလဲ ။ Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။ Gym ဆော့ပြီးနောက်ပိုင်း ဝက်ခြံတွေ ထွက်မလာအောင် ဒီလိုကာကွယ်ပါ […]


ဝက်ခြံ

ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။ ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံးသဘာဝနည်းလမ်း ၅ သွယ် (၁) လက်ဖက်ဆီ ဝက်ခြံဖြစ်တဲ့နေရာမှာလက်ဖက်ဆီလေးလူးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်ဆီက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကို သန့်စင်ပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ လက်ဖက်ဆီ ခပ်ပါးပါးလူးလို့ အိပ်ရာဝင်လိုက်ရုံပါ။ (၂) ပျားရည် ပျားရည်က ဝက်ခြံအပါအဝင်အရေပြားပြဿနာတွေအတွက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ သဘာဝဆေးနည်းပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့်ချွေးပေါက်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ်ပြီး လက်ချောင်းလေးတွေသုံးလို့ မျက်နှာပေါ်မှာ ခပ်ပါးပါးလူးပေးပါ။ခြောက်တဲ့အထိထားပြီး မျက်နှာကို ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ (၃) ရှားစောင်းလက်ပပ် ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓါတ်ထိန်းပေးလို့ […]


ဝက်ခြံ

ဝက်ခြံလေးတွေ ဝေးဝေးပြေးစေဖို့ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်

ဝက်ခြံကထွက်နေပြန်ပြီ၊ စိတ်ညစ်လိုက်တာ။ ဘာဝယ်သုံးသုံးအဆင်မပြေဘူး၊ မျက်နှာပေါ်က ဝက်ခြံဧည့်သည်က လုံးဝမပြန်ဘူးဖြစ်နေတယ်။ အခန့်မသင့်ရင် အမာရွတ်ကဖြစ်ကျန်မှာဆိုတော့ ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ အရာရာဟန်ချက်ညီအောင်ထိန်းဖို့ဆိုတဲ့အချက်ပဲ ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းထဲမှာဟော်မုန်းအပြောင်းအလဲဖြစ်လို့၊ အိပ်စက်ပုံမူမမှန်လို့၊ အစားအသောက်မဆင်ခြင်လို့၊ သန့်ရှင်းမှုကိုဂရုမစိုက်လို့၊ချွေးပေါက်ပိတ်လို့၊ချွေးပေါက်ကျယ်လို့ စတာတွေပါဝင်ပါတယ်။ ဒါတွေကိုထိန်းညှိနိုင်ရင် ဝက်ခြံဆိုတာ ဘယ်ရှာရမှန်းသိမှာတောင် မဟုတ်တော့ပါဘူး။ ဝက်ခြံပျောက်ချင်ရင် အရင်ဆုံး မမေ့သင့်တဲ့အချက်က - ဝက်ခြံတွေကို မညှစ်၊မဖဲ့ပါနဲ့။ ဝက်ခြံဖြစ်လာရင် ညှစ်မယ်ဆိုတာချည်းပဲနော်။ ညှစ်လိုက်လို့ အဆံထွက်သွားရင် ဝက်ခြံပျောက်မယ်လို့ ဘယ်သူပြောလဲမသိ။ အခန့်မသင့်ရင် ပိုးဝင်မယ်၊ ဝက်ခြံပိုရင်းပြီးပျောက်ဖို့ကြာမယ်၊ပျောက်ရင်လည်း အမာရွတ်တွေ၊ ချိုင့်ခွက်တွေဖြစ်ကျန်မယ်ဆိုတာလေး မသိကြဘဲကိုး။ ဝက်ခြံအမာရွတ်ဖြစ်ပြီဆိုရင် သေချာဂရုစိုက်ရင်တောင် လုံးဝပျောက်ကင်းဖို့ လနဲ့ချီပြီးစောင့်ရတတ်ပါတယ်။ ချွေးပေါက်မပိတ်ဆို့အောင် ဂရုစိုက်ပါ။ အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲကို ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါ နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေထွက်လာပါတော့တယ်။ ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်ကမွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် […]


ဝက်ခြံ

ဝက်ခြံ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ အရေပြားပြဿနာ ။ ။

အရွယ်လေးရောက်လာပြီဆိုတာနဲ့ ဝက်ခြံဖုလေးတွေံက လူတိုင်းဆီကို မဖိတ်ခေါ်ဘဲ လာတတ်ပါတယ်။ ဝက်ခြံလို့ဆိုလိုက်တာနဲ့ ရုပ်ကိုအလှပျက်အောင်လုပ်တဲ့၊ စိတ်ကိုညစ်အောင်လုပ်တဲ့ တရားခံအဖြစ် အားလုံးကလက်ခံထားကြပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ကလေးတုန်းက ပြောင်ချောနေတဲ့ မျက်နှာလေးမှာ ဝက်ခြံ အနီဖုတွေ ပေါက်လာတော့ ရုပ်ကြီးက ကြမ်း၊ ဒီ ဝက်ခြံတွေက နာလည်းနာ၊ တစ်ခါ ပေါက်ရင် တော်တော်နဲ့လည်း မပျောက်၊ ပျောက်သွားရင်တောင် အမာရွတ်တွေ ကျန်ခဲ့သေးတာ ဆိုတော့ ဝက်ခြံပေါက်တဲ့ ပြဿနာဟာ အရမ်းကို စိတ်ညစ်စရာကောင်းတာပေါ့။ ဒီတော့ လူတိုင်းလိုလို ကြုံနေရတဲ့ စိတ်ညစ်စရာကောင်းတဲ့ အရေပြားပြဿနာ ဝက်ခြံ ဘာ့ကြောင့်ပေါက်တာလဲ၊ ဝက်ခြံသက်သာအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာတွေ အပြင် ဝက်ခြံနဲ့ ပက်သက်တဲ့ အခြားသိသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒါလေးတွေ သိထားတော့ ဝက်ခြံသက်သာအောင် ဆင်ခြင်စရာရှိတာ ဆင်ခြင်လို့ရတာပေါ့။ Q - ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ […]


ဝက်ခြံ

ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေ ဘယ်လို skin care မျိုးရွေးချယ်သင့်သလဲ ။ ။

ဝက်ခြံဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။ အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်း တစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုက်ရင် နဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။ ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ်လောက်ပဲ မိတ်ကပ် တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့ အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။ အိမ်တစ်အိမ်အတွက် အရေးအကြီးဆုံးက အုတ်မြစ်ပါ။ အုတ်မြစ်သေချာခိုင်မှ အပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့ အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရမှာပေါ့။ ဒီတော့ ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်လွယ်တဲ့ အသားအရေရှိသူတွေ အနေနဲ့ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။ မျက်နှာ အသားအရေကို […]


ဝက်ခြံ

အလှပျက်စေတဲ့ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ၊ဘယ်လိုကာကွယ်မလဲ

မျက်နှာလေးက လှချင်ပါလျက် ရုပ်လေးကဖျက်တယ်တဲ့။ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား စနောက်ကြတဲ့စကား။ ဒါပေမယ့် ဝက်ခြံရှိတဲ့သူလေးတွေအတွက် တကယ်မှန်နေပါရော။ နဂိုမျက်နှာလေးက လှသားနဲ့ ဝက်ခြံတွေကရှုပ်နေတဲ့အခါ ရုပ်ရည်အသွင်အပြင်မှာ အားနည်းချက်တစ်ခုလိုခံစားရစေပါတယ်။ ဝက်ခြံကင်းပြီး ကြည်ကြည်ရှင်းရှင်းလေးဆိုရင် သိပ်မချောလည်း လှနေမှာပါပဲ။ ဒီလိုအလှပျက်စေတဲ့ ဝက်ခြံတွေက ဘာလို့ဖြစ်လာရတာလဲ၊ ဘာလို့များမပျောက်ရတာလဲလို့ အမြဲကိုမေးချင်နေမှာနော်။ ဝက်ခြံပျောက်ဆေးတွေဝယ်သုံးလည်းဖြစ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အကြောင်းရင်းကို အရင်ဆုံးသိထားတာကောင်းပါတယ်။ အနည်းဆုံးတော့ မပျောက်သေးရင်တောင် ပိုမဆိုးအောင် ထိန်းလို့ရတာပေါ့။ ဝက်ခြံတွေ ဘာလို့ဖြစ်ရလဲ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်။ မျက်နှာမှာ အဆီထွက်ရှိတာများနေတာကြောင့် ချွေးပေါက်တွေမှာ အဆီနဲ့ အရေပြားဆဲလ်သေတွေပိတ်ဆို့နေတာကြောင့် ဘက်တီးရီးယားကြောင့် Androgen ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ဝက်ခြံဖြစ်လာအောင် ဒါမှမဟုတ် ပိုဆိုးအောင် ပံ့ပိုးပေးနေတဲ့အရာတွေကတော့ - ဟော်မုန်း - Androgen ဟော်မုန်းတွေဟာယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ပျိုဖော်ဝင်ချိန်မှာ ပိုများလာတတ်ပြီး အဆီဂလင်းလေးတွေကို ကြီးလာစေ၊ အဆီပိုထွက်စေတဲ့ဟော်မုန်းတွေပါ။ […]


ဝက်ခြံ

ဝက်ခြံကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုဆုံးရှုံးနေပြီလား

မနက်အိပ်ရာနိုးလို့ မှန်ထဲကြည့်လိုက်မိရင်အရင်ဆုံး မျက်လုံးထဲကို ဝင်လာမှာက ဝက်ခြံတွေများလိုက်တာ။ စိတ်ညစ်တယ်။ မျက်နှာလေးကြည်ပြီး သန့်နေတာမျိုးဖြစ်ချင်လိုက်တာလို့ဖြစ်နေပြီလား။ ဝက်ခြံကြောင့် ငါက သူများတွေလိုမလှဘူး။ အပြင်သွားရင်လည်း သူများတွေလိုက်ကြည့်တာက ဝက်ခြံကြောင့်ပဲနေမှာပါ၊ လို့တွေးပြီး စိတ်ဓါတ်တွေများကျနေပြီလား။ တစ်ခါတလေရှိသေးတယ် ဝက်ခြံများလို့ စိတ်ညစ်နေတာကိုပျော်အောင် မနည်းနေနေရပါတယ်ဆိုမှ ဝက်ခြံတွေများတယ်နော်။ ဘာမှမသုံးဖူးလား။ ဆိုတဲ့ အမေးမျိုးကပြုံးပြီးသာဖြေနေရတယ်။ စိတ်ထဲတော့တော်တော်လေးအောင့်သက်သက်ရယ်။ ဒီပြဿနာတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ ဝက်ခြံ ဘာလို့ထွက် ဝက်ခြံဆိုတာက ညစ်ပတ်လို့ထွက်တယ်။ လို့ထင်နေသူတွေရှိပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ဟော်မုန်းအပြောင်းအလဲ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် ၊ အဆီပြန်တာ နဲ့ချွေးပေါက်ကျယ်တာတွေကြောင့် ဝက်ခြံဖြစ်ရတာပါ။ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ ဝက်ခြံတွေဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ဝက်ခြံကပျောက်မသွားတဲ့အခါ စိတ်ဖိစီး၊ စိတ်ဖိစီးမှုကြောင့် ဝက်ခြံဖြစ်နဲ့ သံသရာလည်နေရောလေ။ ဒီဝက်ခြံတွေက စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့ ဝက်ခြံကြောင့် စိတ်ပျက်နေမယ့်အစား […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်