ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ

ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ ဝက်ခြံဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။ အသားအရေလေးက ကြည်နေတာပဲ။ အသားအရေတော်တော်လေးကောင်းတယ်နော်၊ ဝက်ခြံလေးတွေရှိနေလို့သာ ဆိုတာမျိုးက ဝက်ခြံရှိသူတိုင်းလိုလိုကြားရလေ့ရှိတဲ့ စကားတစ်ခွန်းဖြစ်မယ်ထင်ပါတယ်နော်။ ဝက်ခြံဆိုတာက လေဒီလေးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်တတ်ကြတဲ့ အရေပြားပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ အပျိုဖော်ဝင်ချိန် လူပျိုဖော်ဝင်ချိန်မို့ပေါက်တာက အချိန်တန်ရင် ပျောက်သွားမှာပါဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်တဲ့အခါမှာတော့ အလှအပမှာ တော်တော်လေး ထိခိုက်စေသလို တစ်ခါတလေများဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတောင်ဆုံးရှုံးမိတယ်နော်။ ဒီလိုအလှပျက်စေ၊ ယုံကြည်မှုကို ထိခိုက်စေတဲ့ ဝက်ခြံတွေကို အမြစ်ပြတ်ချေမှုန်းချင်နေပြီလား။ ဒါဆိုရင်တော့ ဒီစစ်ဆင်ရေးမှာ အနိုင်ရစေဖို့ ရန်သူရဲ့အခြေအနေကို အရင်လေ့လာရအောင်လား………. ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ……… ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။ Whiteheads ဝက်ခြံ - အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ […]


ဝက်ခြံ

ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........

လူတိုင်း လိုလိုမှာ ဖြစ်နေတဲ့ အရေပြား ပြဿနာ တစ်ရပ် ရှိနေပါတယ်။ ဒါကတော့ ဝက်ခြံပါ။ ဒီ တစ်ခေါက်တော့ ဝက်ခြံ ပျောက်ချင်လို့ ဝက်ခြံ ပျောက်နည်း ဆိုတိုင်း လိုက်လုပ် နေပေမယ့် မပျောက်တာကြောင့် စိတ်ပျက် နေသူတွေ ရှိလား၊ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါနော်။ ဒီ ဆောင်းပါးလေးထဲမှာ ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား.......... ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံ အမျိုးအစားတွေက ဘာတွေလဲ.............. ဝက်ခြံက အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ဝက်ခြံ အမျိုးအစား ကွာခြားမှု အလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှု ကလည်း ကွာခြားနိုင်ပါတယ်။ Whiteheads ဝက်ခြံ - အရေပြား အောက်ဘက်မှာ ရှိနေတတ်ပြီး အရမ်း မကြီးတဲ့ ဝက်ခြံ အမျိုးအစားပါ။ […]


ဝက်ခြံ

ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်

အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့ ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။ နေထိုင်မှုပုံစံ နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။ ဝက်ခြံတွေကို မညှစ်ပါနဲ့။ နေလောင်ဒဏ်ကနေ ကာကွယ်ပါ။ ရေများများသောက်ပေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။ ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။ အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ […]


ဝက်ခြံ

နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေဖို့

ဝက်ခြံလို့ ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံ ဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့ မျက်နှာပေါ်မှာမဟုတ်ဘဲ နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။ ဝက်ခြံ ဆိုတာ ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။ စားသောက်မှုပုံစံ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ စိတ်ဖိစီးမှုများတာ မျိုးရိုးရှိတာ ဟော်မုန်း အပြောင်းအလဲ သောက်သုံးနေရတဲ့ ဆေးဝါးတွေ အလှကုန်တွေကြောင့် ဝက်ခြံတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ […]


ဝက်ခြံ

အရေပြားမှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ပုံမှန်မျက်နှာမှာ ပေါက်နေကျ ဝက်ခြံအဖု အကြီးကြီးတွေလိုမဟုတ်ဘဲ သေးသေးလေးနဲ့ အနီစက်ဝက်ခြံလေးတွေ စုနေအောင် ပေါက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူ့ကို ဆေးပညာအရ Pityrosporum folliculitis လို့လည်း ခေါ်ပါတယ်။ yeast လို့ခေါ်တဲ့ အရေပြားမှိုပိုးက ချွေးပေါက်ထဲကနေတစ်ဆင့် အသားထဲဝင်ရောက်သွားတဲ့အခါ ဒီလိုမှိုဝက်ခြံတွေကို ဖြစ်ပွားစေပါတယ်။ စိုးရိမ်စရာပြဿနာကြီးကြီးမားမား မဟုတ်ပေမဲ့ ပုံမှန်ဝက်ခြံ သို့မဟုတ် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဝက်ခြံအဖြစ် မကြာခဏ မှားတတ်ပါတယ်။ သူ့ရဲ့ လက္ခဏာက ဘယ်လိုမျိုးလဲ၊ ဘယ်နေရာမှာ အဖြစ်များလဲ။ မှိုဝက်ခြံလို အနီဖုအစုအဝေးတွေကို မျက်နှာနဲ့ ဦးရေပြားမှာ အများဆုံးတွေ့ရပြီး ရင်ဘတ်၊ ကျောနဲ့ လက်မောင်းအပေါ်ဘက်တွေမှာလည်း ပေါက်တတ်ပါတယ်။ အဆီအရမ်းပြန်တဲ့ နေရာတွေမှာ ပေါက်နိုင်ခြေပိုများပါတယ်။ များသောအားဖြင့် ပုံမှန်ဝက်ခြံတွေလို ယားယံလွန်းပြီး နေရထိုင်ရခက်စေတာကြောင့် လက်နဲ့မကြာခဏ ကုတ်မိရင်း အနာကို ဘေးဘက်တွေထိပါ ပြန့်ပြီး အမြစ်ပြတ်ပျောက်ဖို့ ပိုကြာတတ်ပါတယ်။ ဘာကြောင့် […]


ဝက်ခြံ

မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ဝက်ခြံ ဆိုတဲ့ စကားလုံးက ပြောတော့သာ ဘာမှ မဟုတ်သလို တော်တော်လေးတော့ စိတ်ရှုပ်စရာ ပေးတယ်နော်။ မျက်နှာ ပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေ ဆိုရင် အလှပျက်စေတဲ့ အထိ ဆိုးရွားတာကြောင့် တော်တော်လေး စိတ်ရှုပ်စေတာ အမှန်ပါ။  မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို စိတ်ညစ်နေပြီလား.......... ဒီလို ဝက်ခြံတွေက ပေါက်တဲ့ နေရာနဲ့ အမျိုးအစား ကွာခြားမှု အလိုက် စောင့်ရှောက်မှု ပေးရတဲ့ ပုံစံလည်း ကွာခြား ပါတယ်။ ဒီ တစ်ခေါက်တော့ မေးရိုး တလျှောက်မှာ အစီအရီ နေရာ ယူထားတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေ အတွက် ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြပေးချင် ပါတယ်။ ဝက်ခြံ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ၊ အဆီပိုတွေ၊ […]


ဝက်ခြံ

ကိုယ့်မှာ ပေါက်တဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ ဘယ်လိုသိနိုင်မလဲ

ဝက်ခြံက အမြဲပေါက်နေတာမဟုတ်ဘဲ တစ်ခါတစ်လေမှ ပေါက်တာဆိုရင် သင့်မှာဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ သိရစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ကိုယ့်မှာ ထွက်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့် ဖြစ်တာလား......... ဝက်ခြံတွေက အမြဲထွက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတလေမှ ထွက်တာဆိုရင်တော့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ ဖြစ်ဖို့များပါတယ်။ ဟော်မုန်းကြောင့်လားဆိုတာ ဒီအချက်တွေနဲ့တိုက်ဆိုင် စစ်ဆေးလိုက်ပါ။ ဆယ်ကျော်သက်အရွယ် ဖြစ်နေတာ အသက် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ အပျိုဖော်စဝင်ချိန် ဒါမှမဟုတ် လူပျိုဖော်ဝင်ချိန်ဖြစ်နေမယ်။ ဝက်ခြံတွေလည်း ရုတ်တရက် ထွက်လာမယ်ဆိုရင် ဒါက ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာရတဲ့ ဝက်ခြံပါ။ မေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံပေါက်တာ ဝက်ခြံက မျက်နှာရဲ့ နေရာအနှံ့မှာပေါက်နိုင်ပေမယ့် မေးရိုးတစ်လျှောက်နဲ့ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ ဒါက အခြားအရာတွေကြောင့် ဆိုတာထက် ဟော်မုန်းကြောင့်ဖြစ်ဖို့ […]


ဝက်ခြံ

နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်း

မျက်နှာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား။ မျက်နှာရဲ့ နေရာတိုင်းမှာ ဝက်ခြံ ပေါက်နိုင်ပြီး ဝက်ခြံ ပေါက်ရတဲ့ အကြောင်းအရင်းတွေကလည်း နေရာပေါ်ကို လိုက်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျက်နှာမှာ ပေါက်ရတဲ့ ဝက်ခြံတွေက ဘာကြောင့် ပေါက်ရတာလဲ ဆိုတာ နဲ့ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းကို ဆွေးနွေးကြည့်ရအောင်လား။ နေရာအလိုက်ပေါက်တဲ့ ဝက်ခြံတွေနဲ့ ဖြေရှင်းနည်းတွေက ဘာတွေ ဖြစ်မလဲ.......... မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေက ပေါက်တဲ့ နေရာကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေလည်း ကွာခြား နိုင်ပါတယ်။ အကြောင်းအရင်း ကွာခြားမှုနဲ့အတူ နေရာ အလိုက် ပေါက်တဲ့ ဝက်ခြံတွေ အတွက် ဖြေရှင်းနည်းတွေ ကလည်း အမျိုးမျိုး ပါပဲ။ နားထင် နဲ့ ဆံစပ် တလျှောက်မှာ […]


ဝက်ခြံ

မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာက ခန္ဓာကိုယ်ရဲ့ပြတင်းပေါက်ပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ်ဖြစ်နေတဲ့အချို့သောအရာတွေက ခန္ဓာကိုယ်တွင်းမှာခံစားနေရတဲ့ လက္ခဏာတွေကိုဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံကပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေကို အချက်ပြပေးပါတယ်။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေကပြောပြနေတဲ့ သင့်ကျန်းမာရေး မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေက ခန္ဓာကိုယ်မှာခံစားနေရတဲ့ရောဂါတွေကိုဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရောဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။ မျက်ခုံးအထက်မှာ မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်း နဲ့ သည်းခြေအိတ်မကောင်းဘူးဆိုတာကိုဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင် ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကိုလျှော့စားဖို့လိုပါမယ်။ အဆီတွေကိုလည်းလျှော့စားဖို့လိုပါမယ်။ မျက်ခုံးနှစ်ခုကြားမှာ မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာက ဆေးလိပ်တွေသောက်တာ၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အများကြီးသောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့အများကြီးထိမိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ထောပတ်၊ ချိစ်တွေမစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ နှာခေါင်း ပေါ်မှာ နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာက အဆုတ်နဲ့ နှလုံးမကောင်းဘူးဆိုတာကိုဖော်ပြပေးနေတာပါ။ ဒီလိုဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့လိုပါမယ်။ ဘယ်ဘက်ပါး မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် […]


ဝက်ခြံ

ကော်လာဂျင် နဲ့ ဝက်ခြံ

လူငယ် တော်တော်များများ ရင်ဆိုင်နေရတဲ့ အရေပြားပြဿနာ တစ်ခု ပါ။ အစားအသောက်ကြောင့်၊ ဟော်မုန်း အပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ကင်းစေမယ့် နည်းလမ်းလေးတစ်ခုအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ဒါကတော့ အရေပြားရဲ့ သက်စောင့်ဓာတ်လို့ ဆိုရမယ့် ကော်လာဂျင် ပါ။ ဝက်ခြံ ဘာကြောင့်ဖြစ် ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရာက တစ်ခုမက ရှိနေနိုင်ပါတယ်။ ဝက်ခြံ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုက အဆီတွေ၊ ဆဲလ်သေတွေက ချွေးပေါက်ကို ပိတ်ဆို့သွားတာ ကြောင့်ပါ။ အရေပြားက Sebum ကို လိုတာထက် ပိုပြီး ထုတ်လုပ်တဲ့ အခါမျိုးမှာလည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ၊ အဆီတွေ ရှိနေတာက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီယားတွေကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်