ဝက်ခြံ

ဝက်ခြံ သည် အဖြစ်များသည့် အရေပြားပြဿနာ ဖြစ်သည့်အတွက် ဝက်ခြံမဖြစ်အောင် နေထိုင်သားသောက်ပုံများ၊ ဝက်ခြံအမာရွတ်သက်သာအောင် ကုသနည်းများကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝက်ခြံ

ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ

အိမ်တွင်းနည်းလမ်းဆိုတာက သဘာဝပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို ဆိုလိုတာပါ။ Home remedies တွေပေါ့။ ဒါတွေက သဘာဝကရတယ်ဆိုပေမယ့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဝက်ခြံထွက်လာတဲ့အခါ ဝက်ခြံကို အိမ်ကရှိတဲ့ ပစ္စည်းတွေနဲ့ ဟိုတို့ ဒီအုံလုပ်တတ်သူတွေအတွက် ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ က ဘာတွေလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝက်ခြံအတွက် အသုံးမပြုသင့်တဲ့ အိမ်တွင်းနည်းလမ်းများ (၁) သွားတိုက်ဆေး ဝက်ခြံပေါ်လာရင် သွားတိုက်ဆေးတို့တာက လူကြီးတွေလက်ထက်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုပါ။ ပိုးသေစေတယ်ဆိုတဲ့ ယူဆချက်ပေါ့။ တချို့ လေ့လာချက်တွေအရလည်း Triclosanလို့ခေါ်တဲ့ ဓာတုပစ္စည်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။ တကယ့်လက်တွေ့မှာတော့ Triclosanကို ရေရှည်အသုံးပြုမယ်ဆိုရင် စိတ်ချရမှုနဲ့ ပိုးသတ်ဆေး ယဉ်ပါးတာတွေ ဖြစ်နိုင်လို့ US အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၁၇မှာ ဆပ်ပြာ၊ သွားတိုက်ဆေး […]

ဝက်ခြံ ကို ရှာဖွေမည်။

ဝက်ခြံ

မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့

မိုးလေးအေးလို့ နွေပူပူမှာလို အသားမမည်းတော့ဘူး၊ အဆီမပြန်တော့ဘူး။ ဝက်ခြံတွေတော့ သက်သာသွားတော့မှာပဲလို့ တွေးပျော်နေသူလေးတွေရှိနေလား။ အပျော်ကြီးမပျော်လိုက်ပါနဲ့ဦးနော်။ မုတ်သုံက နွေလောက်မပူတာမှန်ပေမယ့် အရေပြားပြဿနာတွေ ကင်းသွားဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒီတော့ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ဒီလိုလေးနေထိုင်ကြရအောင်လား..... မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ မုတ်သုံမှာ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာနိုင်ပါတယ်။ ပတ်ဝန်းကျင်က အေးနေတာ၊ စိုထိုင်းဆတွေ များနေတာကြောင့် ဝက်ခြံအပါအဝင် အခြားအရေပြားပြဿနာတွေပါ ခံစားရနိုင်ပါသေးတယ်နော်။ မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့ ရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့လိုပါမယ်နော်။ သန့်စင်ပါ ဒါက ရာသီတိုင်းအတွက် အရေးပါပါတယ်။ မုတ်သုံဆိုပေမယ့်လည်း အရေပြားမှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကပ်ညှိနေနိုင်သလို ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ၊ အဆီတွေလည်းရှိနေနိုင်ပါတယ်။ ဒါတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံ တွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို […]


ဝက်ခြံ

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား

ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်လေ။ ဝက်ခြံတွေက နေရာတော်တော်များများမှာ ထွက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ဝက်ခြံဆိုတာ ဘာလဲ။ ကျွန်တော်တို့ အရေပြားပေါ်က နီနီရဲရဲ အဖုလေးတွေကို ဝက်ခြံလို့ ခေါ်ပါတယ်။ ဝက်ခြံ ဘယ်လိုဖြစ်ရတာလဲဆိုတော့ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေထဲကို ဖုန်၊ အညစ်အကြေးတွေ၊ အဆီတွေ စုမိရာကနေစပါတယ်။ ချွေးပေါက်ထဲမှာ ဒီအညစ်အကြေးတွေက ပိတ်မိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ခိုအောင်းလာပြီး အခုလို နီရဲရဲ ဝက်ခြံအဖုလေးတွေ ဖြစ်လာရတာပါ။ အရေပြားမှန်ရင် […]


ဝက်ခြံ

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

ဝက်ခြံ ပြောတော့သာ ဘာမှမဟုတ်သလို သူပေးတဲ့ ဒုက္ခက မသေးဘူးရယ်။ ဝက်ခြံက မျက်နှာမှာ အဓိကထွက်တာဆိုပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ထွက်နိုင်ပါသေးတယ်နော်။ အဓိကကတော့ မျက်နှာမှာထွက်တဲ့ ဝက်ခြံတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးတာတွေ၊ ကျဆင်းတာတွေဖြစ်ရတာပါ။ ဝက်ခြံထွက်နေရင် မိတ်ကပ်လူးရတာတောင်အဆင်မပြေဘူးနော်။ အလှကြိုက်တဲ့ လေဒီလေးတွေအတွက် ဝက်ခြံက ရန်သူတော်ကြီးပါပဲ။ ဒီရန်သူတော်ကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းမျိုးစုံကြိုးစားပေမယ့် အခုထိမအောင်မြင်သေးဘူးဆိုရင်တော့ အတူတူချေမှုန်းကြည့်မလား။ ဝက်ခြံ တွေကို ဒီလိုချေမှုန်းပါ မျက်နှာမှာ ဝက်ခြံတစ်လုံး ပျောက်သွားတိုင်းဖြစ်တဲ့ ပီတိကတော်တော်လေး သဘောကျစရာပါနော်။ ဒီပီတိလေးကိုများ မခံစားချင်ဘူးလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံး အကူအညီပေးနိုင်ပါလိမ့်မယ်နော်။ Micellar Water သုံးပါ မျက်နှာပေါ်က အညစ်အကြေးတွေကို အတွင်းပိုင်းထိ သန့်စင်စေဖို့ မျက်နှာ မသစ်ခင်မှာ အရင်ဆုံး Micellar Water ကို ဂွမ်းစလေးမှာ ဆွတ်ပြီး မျက်နှာပေါ်က […]


ဝက်ခြံ

တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

ဝက်ခြံပေါက်တဲ့အချိန်ဆိုရင် တော်တော်လေး စိတ်ညစ်ရတယ်နော်။ ဘက်တီးရီးယားပိုးတွေ၊ အဆီ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေက မွေးညှင်းပေါက်ထဲ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံေတွ ပေါက်လာနိုင်ပါတယ်။ တော်တော်များများက မျက်နှာမှာပဲ ဝက်ခြံပေါက်တတ်တယ်လို့ ထင်မှတ်ထားတတ်ကြပေမယ့် တကယ်တော့ ဝက်ခြံဆိုတာ ကိုယ်ခန္ဓါနေရာအနှံ့ ပေါက်နိုင်ပါတယ်။ အထူးသဖြင့် တင်ပါးလိုနေရာမှာ ဝက်ခြံပေါက်လာပြီဆိုရင်တော့ ယားတိုင်းလည်း ကုတ်ချင်သလို ကုတ်မရနဲ့ စိတ်ကသိကအောက် နိုင်လွန်းပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ တင်ပါးပေါ်က ဝက်ခြံလေးတွေကို အိမ်မှာ သဘာဝအတိုင်း ပျောက်ကင်းသက်သာစေနိုင်တဲ့ နည်းလမ်း (၉)ချက်ကို ဝေမျှပေးမယ်နော်။ ၁။ ပုံမှန်ဆေးကြောသန့်စင်ပါ။ လူတော်တော်များများက ရေချိုးပြီဆိုရင် လိင်အင်္ဂါနဲ့ တင်ပါးကို သေချာသန့်ရှင်းရေးလုပ်ဖို့ မေ့လျော့တတ်ပါတယ်။ အဲ့လိုနေရာတွေက အတွင်းခံကျပ်ကျပ်တွေနဲ့ မကြာခဏ ပွတ်မိတာ၊ ချွေးအရမ်းထွက်တတ်တဲ့အပြင် ခုလို သေချာမသန့်ရှင်းတဲ့အခါမှာ ဝက်ခြံပေါက်လာတော့တာပေါ့။ ဒါကြောင့် ကိုယ့်ရဲ့ တင်ပါးကို မနက်တစ်ခါ၊ ညတစ်ခါ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေလား

မျက်နှာပေါ်က မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်တွေကို နှင်ထုတ်လိုက်ပေမယ့် သူတို့ချန်ခဲ့တဲ့ခြေရာလက်ရာတွေကကျန်နေသေးတယ်နော်။ မလိုချင်ပါဘူးဆိုအတင်းပေးခဲ့တာမျိုးလေ။ ကိုယ်က သူတို့ကို ရန်စမိတာကိုး။ ဝက်ခြံြဖစ်လာရင် ညှစ်တာ၊ ကုတ်ဖဲ့တာတွေလုပ်တတ်ကြတာကိုး။ ဒီလိုလုပ်လိုက်ရမှ အားရတာလေ။ ဒီလိုလုပ်လိုက်တော့နောက်ဆက်တွဲအနေနဲ့ကမလိုချင်တဲ့ လက်ဆောင်ကို ထပ်ရလိုက်သေးတာပေါ့။ အသားအရေလေးကို ကြည်ကြည်လင်လင်လေးလှချင်ပါတယ်ဆိုမှ မျက်နှာပေါ်မှာ ဝက်ခြံအမာရွတ်တွေရှိနေတာကတော်တော်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါနော်။ ဒီတော့ စဉ်းစားမိတာက ဝက်ခြံအမာရွတ်တွေကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာပေါ့။ စဉ်းစားမနေနဲတော့ လက်တွေ့လုပ်ကြည့်ရအောင်လား။ ဝက်ခြံအမာရွတ်ကင်းတဲ့ အသားအရေပိုင်ရှင်လေးဖြစ်စေဖို့ မျက်နှာသစ်ပြီးရင် ဘာမှထပ်မလိမ်းဘဲနဲ့တောင် အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်ချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကဖြစ်ချင်နေတဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာပါနော်။ ပျားရည် စားလို့ရသလို အရေပြားမှာလူးပေးလို့လည်းရပါတယ်နော်။ ဝက်ခြံအမာရွတ်တင်မကပါဘူး။ အပူလောင်နာနဲ့အနာအမာရွတ်တွေကိုပါသက်သာစေနိုင်တာပါနော်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံပေါက်နေရင်တောင်လူးလို့ရပါတယ်။ ဝက်ခြံကို ပိုးဝင်တာကြောင့်ရောင်ရမ်းတာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်နော်။ တစ်နေ့တစ်ခါပုံမှန်လူးပေးမယ်ဆိုရင် လအနည်းငယ်ကြာတဲ့အခါ ဝက်ခြံအမာရွတ်တွေ ကင်းစင်သွားမှာသေချာပါတယ်။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည်ကို ခပ်ပါးပါးလေးလူးပေးရုံပါနော်။ ရှားစောင်းလက်ပပ် အသားအရေကောင်းဖို့ […]


ဝက်ခြံ

ဒါတွေလုပ်မိနေပြီလား

ကျန်းမာကြည်လင်ပြီး အစက်အပြောက်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ စိတ်ကူးပါ။ စာဖတ်သူအနေနဲ့ ခန္ဓါကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ မျိုးရိုးကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုရှောင်လွှဲဖို့ မဖြစ်နိုင်ပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ နေ့စဉ်လုပ်မိနေတဲ့ အချို့အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ အသားအရေမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှာ အသေအချာပါ။ ဒီတော့ ကျန်းမာလှပပြီး ဝက်ခြံကင်းစင်တဲ့ အသားအရေလေးဖြစ်အောင် ဘာတွေသတိထားဖို့လိုမလဲ။ ဝက်ခြံဆိုတာက အရေပြားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အရာဆိုလည်းဟုတ်သလို ယုံကြည်မှုကျဆင်းစေတဲ့အရာဆိုလည်းမမှားပါဘူး။ ဝက်ခြံပေါက်ရတဲ့ အဓိကအကြောင်းအရင်းကဟော်မုန်းကြောင့်ပါ။ ဒီအချက်ကြောင့်ပဲ လူတော်တော်များများက သူတို့ဝက်ခြံပေါက်တာကို ဟော်မုန်းကြောင့်လို့ အပြစ်ပြေးတင်တော့တာပါပဲ။ ဝက်ခြံပေါက်တာကဟော်မုန်းကြောင့်ဆိုတာထက် ကိုယ်လုပ်မိနေတဲ့ အပြုအမူတွေကြာင့်ဆိုတာရော သတိထားမိရဲ့လား။ ဒါတွေလုပ်မိနေပြီလား ဝက်ခြံတွေက အဆက်မပြတ်ထွက်နေပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက သင့်အနေနနဲ့ ဒါတွေလုပ်မိနေပြီလားဆိုတာကိုဆန်းစစ်ကြည့်ပါလို့ ပြောပါရစေ။ ဓါတုပစ္စည်းတွေပါတဲ့ အလှကုန်တွေသုံးမိနေပြီလား - အလှကုန်ဆိုတိုင်း အလှတိုးစေနိုင်တာမဟုတ်သလို အသားအရေကို ထိခိုက်မှုမရှိဘူး၊ လို့ဆိုလို့မရပါဘူး။ ဒါကြောင့် အလှကုန်ပစ္စည်းရွေးချယ်တဲ့အခါ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေပါနေလား၊ အနံ့အရမ်းပြင်းလွန်းလားဆိုတာတွေကို သတိထားပေးပါ။ အစိုဓါတ်ထိန်းခရင်မ်မသုံးမိဘူးလား - […]


ဝက်ခြံ

ဝက်ခြံပေါက်တတ်ပါသလား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

ဝက်ခြံ ပေါက်လို့ ပျော်ကြတဲ့သူတွေ ဘယ်သူမှ မရှိပါဘူး။ မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်တဲ့ လူတိုင်းသိချင်နေကြတဲ့ အကြောင်းတွေက ဘာတွေလဲ ။ ။ Q - ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။ ။ မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ ထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ Q - ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။ ။ ဆားဝက်ခြံ ( blackhead) - အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ အဆီဖု (whiteheads) - […]


ဝက်ခြံ

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

ဆေးမြီးတိုတော့ မဟုတ်ပေမယ့် လူတွေကြားမှာ ရေပန်းစားနေတဲ့ အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်က ဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်လို့ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။ သွားတိုက်ဆေးဟာ အမှန်တကယ်ပဲ ဝက်ခြံပျောက်စေနိုင်သလား။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan - ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ […]


ဝက်ခြံ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

ဝက်ခြံပေါက်တယ်ဆို ပါးနဲ့  နှာခေါင်းမှာပဲ အဖြစ်များ ကြပါတယ်။ မျက်နှာကို အသားအရေ ထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့ အခါ ခဲတံလေးတွေ နဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံး လှရင်၊ ပုံစံ ကျရင် မျက်နှာ အလှမှာ ပြည့်စုံ ထင်ရှားစေတယ် ဆိုပေမယ့် အဲဒီ မျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ ဆားဝက်ခြံလေးတွေကြောင့် ပြဿနာ ရှိနိုင်ပါတယ်။ ကဲ ..... ဒီတော့ မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာ ဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်ဖြစ်လာရသလဲ မျက်ခုံးမွေးရဲ့ […]


ဝက်ခြံ

မျက်နှာမှာမပေါက်တဲ့ဝက်ခြံများအကြောင်း

ဝက်ခြံဆိုရင် အားလုံးနီပါး မျက်နှာပေါ်က အဖြူဝတ်ဆံတွေနဲ့ ရဲမှည့်နေတဲ့ အဖုကြီးတွေကိုပဲ အရင်ဆုံး မြင်မိကြမှာပါ။ တချို့လူတွေမှာတော့ ဝက်ခြံက မျက်နှာမှာ ပေါက်ပေမယ့် တချို့တွေမှာ မျက်နှာမဟုတ်ဘဲ နား၊ လည်ပင်း၊ ကျောပြင်နဲ့ ဝမ်းဗိုက်တွေမှာ ပေါက်လေ့ ရှိကြပါတယ်။ တော်တော်များများက မျက်နှာပေါ်က ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေဖို့ ကြိုးစားအားထုတ်ကြပေမယ့် ခန္ဓါကိုယ်ပေါ်က ဝက်ခြံတွေကိုတော့ မေ့လျော့နေပါတယ်။ တကယ်တော့ ခန္ဓါကိုယ်က ဝက်ခြံတွေ ရောင်ရမ်းပြီး နာကျင်တာကလည်း ခံရခက်တဲ့ ဝေဒနာပါပဲ။ ခန္ဓါကိုယ်မှာ ဝက်ခြံထွက်ပေါ်ရတဲ့အကြောင်းရင်းများ American Academy of Dermatology အရ ခန္ဓါကိုယ်မှာ ချွေးပေါက်တွေ ပိတ်ဆို့နေခြင်း၊ ဆဲလ်သေတွေ ရှိနေခြင်းနဲ့ ခန္ဓါကိုယ်ကထွက်တဲ့ သဘာဝအဆီတွေက ချွေးပေါက်တွေထဲ ပိတ်မိနေပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားလွယ်စေပြီး ဝက်ခြံထွက်စေပါတယ်။ ဒါကဝက်ခြံတွေအပြင် ခန္ဓါကိုယ်မှာ ဆားဝက်ခြံတွေပါ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း