သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

    ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံး သဘာဝကုထုံး ၅ မျိုး

    ဝက်ခြံတွြေဖစ်နေတယ်။နေ့တိုင်း ဝက်ခြံကြောင့် စိတ်အနှောင့်အယြှက်ဖစ်ရလို့ ဝက်ခြံတွေပျောက်ချင်နေတယ်။ ဒါပေမယ့်ဆေးဝါးတွေ မသုံးချင်ဘူး။ သဘာဝနည်းလေးနဲ့ပဲသက်သာအောင်လုပ်ချင်တယ်ဆိုတဲ့သူတွေအတွက် ဝက်ခြံသက်သာစေမယ့် သဘာဝကုထုံးလေးတွေကို မျှဝေပါရစေ။

    ဝက်ခြံသက်သာစေမယ့် အလွယ်ကူဆုံးသဘာဝနည်းလမ်း ၅ သွယ်

    (၁) လက်ဖက်ဆီ

    ဝက်ခြံဖြစ်တဲ့နေရာမှာလက်ဖက်ဆီလေးလူးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်ဆီက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာကို သန့်စင်ပြီး ဝက်ခြံရှိတဲ့နေရာလေးတွေမှာ လက်ဖက်ဆီ ခပ်ပါးပါးလူးလို့ အိပ်ရာဝင်လိုက်ရုံပါ။
    ပျားရည်က ဝက်ခြံအပါအဝင်အရေပြားပြဿနာတွေအတွက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ သဘာဝဆေးနည်းပါ။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေတာကြောင့်ချွေးပေါက်တွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာကိုသန့်စင်အောင်သစ်ပြီး လက်ချောင်းလေးတွေသုံးလို့ မျက်နှာပေါ်မှာ ခပ်ပါးပါးလူးပေးပါ။ခြောက်တဲ့အထိထားပြီး မျက်နှာကို ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။
    ဝက်ခြံတွေကို သက်သာစေတဲ့ သဘာဝဆေးတစ်မျိုးပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံအမာရွတ်တွေကိုပါကင်းစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုကို ကင်းစေနိုင်ပြီး အစိုဓါတ်ထိန်းပေးလို့ ဝက်ခြံတွေကို သက်သာစေဖို့အတွက် အထိရောက်ဆုံး သဘာဝဆေးတစ်မျိုးပေါ့။ ရှားစောင်းလက်ပပ်ဂျယ်လီသားကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်ကို လူးပေးပြီးခြောက်တဲ့အထိထားလိုက်ပါ။ခြောက်သွားရင်ရေအေးနဲ့ဆေးချလိုက်ပါ။
    ကူးစက်ပိုးတွေကို နှိမ်နှင်းပေးပြီးရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် ဝက်ခြံတွေကို အထိရောက်ဆုံး ကုသပေးနိုင်မှာပါ။ ကြက်သွန်ဖြူကို စားပေးတာ၊ရေနွေးကြမ်းထဲထည့်သောက်တာအပြင် ဝက်ခြံပေါ်မှာ တိုက်ရိုက်အသုံးပြုတာမျိုးလုပ်ပေးနိုင်ပါတယ်။

    ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့်ချွေးပေါက်တွေကို သန့်စင်စေပြီး အဆီပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး အရေပြားပေါ်က အဆီပိုတွေ၊ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်မှာပါ။ လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးမှာ ဆွတ်ပြီး ဝက်ခြံရှိတဲ့နေရာတွေကို အသာအယာတို့ပြီး သန့်စင်ပေးရုံပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 20/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: