စိတ်ဖိစီးစရာတွေရှိနေတာလား။ ဒါဆို ဝက်ခြံဖြစ်လာဖို့ ရာခိုင်နှုန်းများတာပေါ့။ စိတ်ဖိစီးမှုတွေက အဆီထုတ်လုပ်မှုကိုမြင့်တက်စေပြီး ဝက်ခြံကိုပိုဆိုးစေနိုင်ပါတယ်။
စိတ်ညစ်လို့ ညအိပ်မပျော်ရင်လည်း စိတ်ဖိစီးမှုကို ပိုဆိုးစေတယ်၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေတယ်။ ဒီနှစ်ချက်လုံးက ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတွေပါ။ စိတ်ဖိစီးနေတာတွေကို ဖြေလျှော့နိုင်မယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ စတဲ့နည်းလမ်းတွေကို လုပ်ကြည့်ပါ။ တစ်နေ့ကို အနည်းဆုံး ၅ နာရီလောက်တော့ ပြည့်အောင်အိပ်ပါ။
(၃) သန္ဓေတားဆေး
သန္ဓေတားဆေးတွေက ဝက်ခြံကုသရာမှာ အထောက်အကူပေးနိုင်ပါတယ်။ သောက်ဆေးတွေမှာပါတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ထဲက အန်ဒရိုဂျင်ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဆီထုတ်လုပ်မှုကို လျော့စေတဲ့နည်းနဲ့ ဝက်ခြံသက်သာစေပါတယ်။ ဒါပေမယ့် သောက်ဆေးတွေရပ်လိုက်တာနဲ့ အန်ဒရိုဂျင်ပမာဏကမြင့်တက်လာပြီး အဆီတွေပိုထွက်လာပါရော။ ဆေးရပ်လိုက်ပြီး မကြာခင်မှာ မေးစေ့ဝက်ခြံထွက်လာတယ်ဆို ဒီအကြောင်းရင်းကြောင့် ဖြစ်နိုင်ပါတယ်။
သက်သာအောင် ဘယ်လိုလုပ်ရမလဲ
- ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးသုံးပါ
ဆပ်ပြာတုံးတွေ၊ အာနိသင် ပြင်းတဲ့ မျက်နှာသစ်ဆပ်ပြာတွေနဲ့မသစ်နဲ့နော်။ Benzoyl peroxide၊ salicylic acid နဲ့ glycolic acid ပါတဲ့ မျက်နှာသစ်ဆေးတွေကို ရွေးပါ။ ဒီပါဝင်ပစ္စည်းတွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအသားအရေရဲ့ pH ထိန်းညှိမှုကို မထိခိုက်စေဘဲ အဆီပိုတွေကို သန့်စင်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။