backup og meta

အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ရန် အချက် ၄ချက်

    သင့်မျက်နှာအတွက် Moisturizer ရှိနေတဲ့အချိန်မှာ eye cream လိမ်းဖို့ မလိုဘူးလို့ ခံစားရနိုင်ပါတယ်။ မျက်လုံးတဝိုက်မှာ ရှိတဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ အသားအရေအတွက် အစိုဓာတ် ထိန်းပေးဖို့  Moisturizer ကပိုပြီးတော့လိုအပ်ပါတယ်။ eye creamရဲ့ ကောင်းကျိုးတွေနဲ့ သုံးသင့်တဲ့ ထုတ်ကုန်အချို့ကိုအကြံပြုထားပေးပါတယ်။

    ဘာကြောင့်လိုအပ်တာလဲ 

    အသားအရေ အားလုံးဟာ မတူညီကြပါဘူး။ သင့်မျက်လုံးတဝိုက်က အသားအရေဟာ ပိုပြီးပါးပါတယ်။ အဲ့ဒီဧရိယာထဲမှာရှိတဲ့ ကြွက်သားတွေအားလုံးဟာ သေးငယ်တာကြောင့် ပိုပြီးတော့ အထိခိုက်လွယ် ကာ အဆီအိတ်ဖြစ်ခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ အရေးအကြောင်းများ ဖြစ်ခြင်းကိုပိုပြီးခံစားရပါတယ်။ ဒါ့အပြင် သင့် မျက်ဝန်း တစ်ဝိုက်မှာ အဆီဂလင်း အနည်းငယ်ကသင့်မျက်လုံးရဲ့ အရေပြားကို သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးဖို့အတွက် ရှိနေပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ eye cream ကိုသုံးစွဲခြင်းကအသားအရေဆိုင်ရာ ပြဿနာများစွာကို ကာကွယ် ပေးနိုင်ပါတယ်။

    မျက်ခွံမို့အစ်ခြင်း

    မျက်ခွံမို့အစ်ခြင်းဟာမျက်လုံးတစ်ဝိုက်မှာရှိတဲ့ တစ်ရှူးတွေ ရောင်ရမ်းကာ အရည်တွေပြည့်လာခြင်းကနေဖြစ်ပေါ်လာတာပါ။ ဓါတ်မတည့်ခြင်း Allergy ကြောင့်ဖြစ်လာနိုင်သလို အိပ်ရေးပျက်ခြင်း၊ အစားအသောက်၊ အရက်နဲ့ အိုမင်းလာခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကဖင်းနဲ့ သခွားသီးစတဲ့ ပစ္စည်းတွေကိုသုံးစွဲခြင်းက အရောင်ကျစေပါတယ်။

     မျက်ကွင်းညိုခြင်း 

    မျက်လုံးတဝိုက်က အသားအရေတွေ အရောင်ပြောင်းလဲလာခြင်းဟာ မျိုးရိုး၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း၊ ရောင်ခြယ်ပစ္စည်းနှင့် မျက်တွင်းအရိပ်ကျခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ Vitamin C နဲ့ K၊ kojic acidနဲ့ Licorice တွေဟာ အသားအရောင်ပြောင်းခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ peptidesလို ပစ္စည်းတွေကတော့ မျက်တွင်းကျတာကို ပြန်ဖြည့်ပေးနိုင်သလို မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေပါတယ်။ အလင်းပြန်အာနိသင်ပါသော light-reflecting ingredients ပစ္စည်းတွေကို ရှာဖွေအသုံးပြုခြင်းကလည်း သင့်ကိုချက်ချင်းကို တောက်ပလာစေတဲ့ အကျိုးသက်ရောက်မှုဖြစ်စေမှာပါ။

    အရေးအကြောင်းများ

    ပိုပြီးပါးလွှာတဲ့ အရေပြားကို ပုံမှန်ကြွက်သားလှုပ်ရှားမှုတွေ (မျက်စိတစ်ဖက်မှိတ်ခြင်း၊ မျက်တောင်ခတ်ခြင်း၊ ပြုံးခြင်း)နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ အခြားမျက်နှာအစိတ်အပိုင်းတွေထက် မျက်ဝန်းကိုပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ retinol ကဲ့သို့သောကော်လာဂျင် ဖြည့်ပေးတဲ့ပစ္စည်းတွေကို ရှာဖွေအသုံးပြုခြင်းက အရေပြားပါးတာကို ကောင်းမွန်လာစေပြီး အရေးအကြောင်းတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

    အကောင်းဆုံး eye cream ကို ရွေးချယ်နိုင်ဖို့ အချက်၄ချက်

    (၁ ) ရေဓာတ်ဖြည့်ပေးနိုင်တဲ့ eye creamကို ရှာပါ။

    ထိခိုက်လွယ်တဲ့မျက်လုံးတစ်ဝိုက် အရေပြားအတွက် အသားအရေခြောက်ခြင်းက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ရေဓာတ်ဖြည့်ပေးတဲ့ eye creamကို သုံးခြင်းအားဖြင့် မျက်လုံးယားယံခြင်းနဲ့ မျက်ကွင်းညိုခြင်းစတဲ့ အသားခြောက်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးကျိုးတွေကိုလျှော့ချပေးနိုင်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ ထုတ်ကုန် တွေကဈေးအမျိုးမျိုးရှိပါတယ်။

    (၂ ) ထိခိုက်လွယ်သောအရေပြား အတွက် ထုတ်တဲ့ထုတ်ကုန် တွေကို အသုံးပြုပါ။

    ထုတ်ကုန်တစ်ခုကို သင့်မျက်လုံးတစ်ဝိုက်မှာ သုံးတဲ့အခါ မျက်လုံးနဲ့ မျက်လုံးတဝိုက် အရေပြားတွေကို လောင်ကျွမ်းခြင်း နာကျင်ခြင်းမဖြစ်စေတဲ့ အရာကိုရှာဖွေသုံးစွဲဖို့ကတကယ်ကိုအရေးကြီးပါတယ်။ ‘ထိခိုက်လွယ်သော အရေပြား’ အတွက်သို့မဟုတ် ‘မျက်စိဆရာဝန်များမှ စမ်းသပ်ပြီး’ စတဲ့ စကားလုံးတွေပါဝင်တဲ့ ထုတ်ကုန် တွေက သင့်မျက်လုံးနဲ့ မျက်လုံးနားတစ်ဝိုက် အသားအရေအတွက် ပိုပြီးသင့်တော်ပါတယ်။

    (၃ ) သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ပစ္စည်း တွေကိုရွေးချယ်ပါ။

    eye creamတွေ အမျိုးမျိုးရှိပေမဲ့ တစ်ခုနဲ့တစ်ခု ဖြေရှင်းနိုင်တဲ့ပြဿနာချင်း မတူညီကြပါဘူး။ တကယ်လို့ သင်ကအရေးအကြောင်းတွေကို လျော့နည်းစေချင်တယ်ဆိုရင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသော eye cream ကိုရွေးချယ်ပါ။ တကယ်လို့ သင်ကမျက်လုံးမို့အစ်ခြင်းသို့မဟုတ် မျက်ကွင်းညိုခြင်းကို ကုသနိုင်တဲ့အရာကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ပါ။ အချို့သောထုတ်ကုန်တွေက ပြဿနာအတော်များများကို ကုသဖြေရှင်းပေးနိုင်အောင် ထုတ်ထားတာမို့ သင့်ရဲ့ နေ့စဉ် အရေပြား ကျန်းမာရေး အတွက် ပိုပြီးလွယ်ကူစေပါလိမ့်မယ်။

    (၄ ) ပါဝင်ပစ္စည်းတွေကို ဖတ်ပြီးနားလည်နေပါစေ။

    မှန်ကန်တဲ့ ထုတ်ကုန် တစ်ခုကိုရွေးချယ်တဲ့နေရာမှာ ပါဝင်ပစ္စည်းတွေကိုကြည့်တာကလည်းကောင်းတဲ့အရာတစ်ခုပါ။ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အရာဆိုရင် ရေက အဓိကပါဝင်ပစ္စည်းဖြစ်နေရပါမယ်။

    အဆင့်မီတဲ့ eye cream အများစုမှာရေက ပထမဆုံး ပါဝင်ပစ္စည်းအနေနဲ့ ရှိတတ်ပါတယ်။ Glycerin, shea butter , oils တွေနဲ့ ဗီတာမင်တွေကလည်း eye creams တွေမှာ ပါလေ့ရှိသလို ပိုပြီးတော့ အသုံးဝင်စေပါတယ်။

    သဘာဝပစ္စည်းတွေပါဝင်တာကလည်း ထိခိုက်လွယ်တတ်တဲ့ မျက်လုံးတစ်ဝိုက် အရေပြားကို အသုံးပြုတဲ့နေရာမှာ တကယ်ကောင်းပါတယ်။ antioxidants တွေကတော့ မျက်လုံးတစ်ဝိုက်မှာဖြစ်တတ်တဲ့ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။

    အသားအရေတင်းရင်းစေတဲ့ eye-cream တွေမှာ retinol, alpha-hydroxy acid (AHA), copper peptides, caffeine သို့မဟုတ် ဗီတာမင် C တို့ ပါဝင်တတ်ပါတယ်။ Vitamin K, glycolic acid နဲ့ Kojic acid တွေဟာမျက်ကွင်းညိုခြင်းကို ထိရောက်စွာ သက်သာစေပါတယ်။

    Restorative night cream တွေမှာတော့ Vitamin A, C သို့မဟုတ် E သို့မဟုတ် Collagen တွေပါဝင်တတ်ပါတယ်။

    ရေးသားသူ- Wathun Myat Chel

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement