သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 13, 2020 . 2 mins read
Share now

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်မှာ မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီသုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေမရှိရင်၊ ခဏလေးပဲ အရောင်ပြောင်းပြီး နောက်ပိုင်း ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူးခင်ဗျ။

သုက်ရည်ရဲ့ အရောင်နဲ့ အမျိုးသားကျန်းမာရေး

၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင်လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလိုအရောင်မျိုး ထွက်လာရတာပါ။

၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင်ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက်အလွန်အကျွံသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။

၃။ သုက်ရည်ထဲ သွေးပါနေတဲ့အခါ ပန်းရောင်၊ အနီရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ကို ပြောင်းသွားနိုင်ပါတယ်။ ပန်းရောင်နဲ့ အနီရောင်ကတော့ သုက်လွှတ်စဉ် လတ်လတ်ဆတ်ဆတ် ထွက်ခဲ့တဲ့သွေးရောသွားတာဖြစ်ပြီး အညိုနဲ့ လိမ္မော်ရောင်ကတော့ အောက်စီဂျင်နဲ့ ထိတွေ့နေပြီးတဲ့ သွေးအဟောင်းနဲ့ သုက်ရည်ရောသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအရောင်တွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသဖို့ လိုအပ်ပါတယ်။ ဆီးကျိတ်ကို လက်နဲ့စမ်းကြည့်တာ၊ သွေးတိုး၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာ၊ လက်နဲ့ တစ်ကိုယ်ရေအာသာဖြေတာ၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

၄။ သုက်ရည်က အမည်းရောင်သို့ပြောင်းသွားခြင်းဟာ သုက်ပို့ပြွန်မှာ အချိန်အတော်ကြာရှိနေပြီး ခဲခြောက်သွားကာ အမည်းရောင်ပြောင်းသွားတဲ့ သွေးတွေ သုက်ရည်နဲ့အတူ ရောပါလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျောရိုးထိခိုက်တာ၊ သွေးထဲမှာ ပြဒါးဓာတ်များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

သုက်ရည်ဟာ အပျစ်မှ အကျဲ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ပြီး ကိုယ်ခန္ဓာတွင်းရှိတဲ့ ရေဓာတ်ပမာဏ၊ ဟော်မုန်းမျှခြေနဲ့ ရောဂါအခြေအနေ၊ ဗီတာမင်ချို့တဲ့ခြင်း၊ မြုံခြင်းတွေနဲ့ သက်ဆိုင်မှုရှိပါတယ်။ အကယ်လို့ သုက်ရည်အပျစ်ပဲ ထွက်တဲ့ သူတစ်ယောက်က ရုတ်တရက်ဆိုသလို အကျဲရည်တွေ ပြောင်းလဲလာခဲ့ရင် စောင့်ကြည့်ဖို့ လိုပါတယ်။ လက္ခဏာက နေ့စဉ်ရက်ဆက်လိုလိုပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေနေ သုက်ရည်အရောင်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအရောင်ပြောင်းလဲခြင်းနဲ့အတူ

  • ဆီးသွားရခက်တာ
  • လိင်အင်္ဂါပတ်လည်မှာ ရောင်နေတာ
  • လိင်တံ၊ ကပ္ပယ်အိတ်ပေါ်မှာ အနီကွက်တွေဖြစ်ပြီး ယားယံနေတာ
  • ပြည်တွေ စိမ့်ထွက်နေတာ
  • အအေးမိ၊ တုပ်ကွေးလက္ခဏာတွေ တွေ့ရတာ
  • အဖျားတက်တာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြကြည့်တာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားများ နောက်တစ်ကြိမ် သုက်လွှတ်ဖို့ ဘယ်လောက်ကြာတတ်လဲ

လိင်တံ သုက်ရည် သုက်ပိုးကောင် သုက်လွှတ်ခြင်း အမျိုးသား ယောက်ျား လိင်ကျန်းမာရေး လိင်ဆက်ဆံခြင်း ထောင်မတ်ခြင်း ထိုးသွင်းဆက်ဆံခြင်း ကာမသုခ အိမ်ထောင်ရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကိုယ့်ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲတွေးပူနေတဲ့သူတွေရှိလား (Small Penis Syndrome)

Small Penis Syndrome သည် အမျိုးသားတွေမှာ ရှိတဲ့ စိုးရိမ်ပူပန်ခြင်း စိတ်ဝေဒနာပါ။ ကိုယ့်ရဲ့ လိင်အင်္ဂါက ပုံမှန်အရွယ်အစားထက် သေးနေတယ်လို့ ယူဆတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပုရိသတို့ရဲ့ လိင်အင်္ဂါယားယံခြင်းအတွက် အိမ်တွင်းနည်းလမ်းကောင်းများ

အမျိုးသား လိင်ကျန်းမာရေး အရေပြားပြဿနာ လိင်တံ လိင်အင်္ဂါ ယားယံခြင်း အနံ့ဆိုးထွက်ခြင်း ဘက်တီးရီးယားပိုး မှိုစွဲခြင်း ဝဲခြောက်ယားနာ ပွေး အိမ်တွင်းနည်းလမ်း ရေခဲ ပင်လယ်ဆား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

မျိုးဆက်ပွားကျန်းမာရေးနှင့် ဝှေးစေ့အရွယ်အစား

လိင်ကျန်းမာရေး မျိုးဆက်ပွားကျန်းမာရေး မျိုးအောင်နိုင်စွမ်း ဝှေးစေ့ သုက်ပိုး ကျားဟော်မုန်း လိင်စိတ်ဆန္ဒ အသက်အရွယ် ကျန်းမာရေး မျိုးဆက်ပွားကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 4, 2020 . 2 mins read

တစ်ကိုယ်ရည်အာသာဖြေခြင်း နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မတ် 16, 2020 . 1 min read