ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးဆိုတာ လိင်ဆက်ဆံဖို့ လိင်တံကောင်းကောင်း မထောင်မတ်နိုင်တဲ့ အခြေအနေကို ခေါ်တာပါ။ ဘာတွေကများ ပန်းသေပန်းညှိုးကို ဖြစ်စေတာလဲ။ ဘယ်လိုကုသနိုင်မလဲဆိုတာ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းသေပန်းညှိုးခြင်း

ဝီစကီလိင်တံ ဆိုတာ ဘာကိုပြောတာလဲ

ဝီစကီလိင်တံ ဆိုလို့ သိပ်လည်း မအံ့သြသွားပါနဲ့။ ဒါက အရက်‌သောက်ပြီး လိင်တံမထောင်မတ်နိုင်တာကို ပြောတာပါ။ အမျိုးသားတွေက လိင်မှုကိစ္စပြုလုပ်ဖို့ ရဲဆေးတင်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလား သောက်တတ်ကြတယ်ဟုတ်။ ဒီလို ရဲဆေးတင်ပြီးကာမှ လိင်တံမထောင်မတ်တဲ့ အဖြစ်မျိုးကို ကြုံဖူးကြမှာပါ။ ဝီစကီလိင်တံ ဆိုတာ ဝီစကီလိင်တံ ဆိုတာ အနောက်နိုင်ငံတွေမှာ ဝီစကီသောက်ပြီး ယာယီ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာကို ပြောတာပါ။ ဝီစကီလိင်တံလို့ ပြောပေမဲ့ ဝီစကီအပါအဝင် အရက်ပါတဲ့ ဘယ်ယမကာမဆို ဒီပြဿနာ ဖြစ်တတ်ပါတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဝီစကီလိင်တံဖြစ်ရင် ဘာတွေ ခံစားရမှာလဲ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်‌ယောက် အနည်းငယ်ကွာခြားပါတယ်။ တချို့က လိင်တံလုံးဝမထောင်မတ်တာ၊ တချို့က ထောင်နိုင်ပေမဲ့ ကြာကြာမခံတာ၊ တချို့က မပြီးမြောက်နိုင်တာ စသဖြင့် အမျိုးမျိုးကြုံရနိုင်ပါတယ်။ https://wp.hellosayarwon.com/mens-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%85%e1%80%bd%e1%80%99/ ဝီစကီလိင်တံ ဘာကြောင့် ဖြစ်ရတာလဲ အရက်က ဦးနှောက်နဲ့ အာရုံကြောကို ဖိနှိပ်နိုင်တဲ့ […]

ပန်းသေပန်းညှိုးခြင်း ကို ရှာဖွေမည်။

ပန်းသေပန်းညှိုးခြင်း

အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး

အမျိုးသားတွေ ဖွင့်ဟပြောဆိုရမှာ ရှက်တဲ့ ကိစ္စထဲမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ခဏလေးနဲ့ ပျော့သွားတတ်တဲ့ သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်ပါလိမ့်မယ်နော်။ လိင်အင်္ဂါ ကြာကြာ မာစေဖို့အတွက် အခု ဖော်ပြမယ့် အစားအစာလေးတွေကို နေ့စဉ် စားရင်း ကြိုးစားကြည့်နိုင်ကြပါပြီ။ အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး အကြောင်း လေ့လာလိုက်ပါဦးနော်။ အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်တွေကတော့ (၁) ကော်ဖီ ကော်ဖီ တစ်ခွက်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သင့် ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။ ဒါ့ပြင် အဆီသိုလှောင်မှုတွေကို ဖြိုခွဲပေးပြီး စွမ်းအင်ကို […]


ပန်းသေပန်းညှိုးခြင်း

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

အမျိုးသားတွေရဲ့ ဘဝမှာ လိင်အင်္ဂါ ကျန်းမာသန်စွမ်းနေဖို့က ဘယ်လောက် အရေးပါတယ်လို့ ထင်ပါသလဲ။ ၁၀% လား ၁၀၀% လား။ သေချာတာကတော့ အမျိုးသားထုကြီးဟာ ဖွားဖက်တော် သန်စွမ်းမာကျောနေစေဖို့ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုနေကြတယ်ဆိုတာပါပဲ။ Viagra၊ Cialis၊ Levitra စတဲ့ ဆေးဝါးတွေကို ကုန်ကျစရိတ်ကို မကြည့်ဘဲ အင်တိုက်အားတိုက် ဝယ်ယူသုံးစွဲနေကြတာပါ။ ဒါပေမယ့် …. ဟုတ်ပါတယ် ဒါပေမယ့်ဆိုတဲ့ ချွင်းချက်က ရှိနေပါသေးတယ်။ ဒီဆေးဝါးတွေဟာ ကိုကိုတွေ၊ ဦးဦးတွေရဲ့ လိင်အင်္ဂါကို အမြဲတမ်း သန်စွမ်းထောင်မတ်နေစေနိုင်မှာမဟုတ်သလို၊ သုံးမိသူတိုင်းကိုလည်း အစွမ်းထက်စေမှာ မဟုတ်တာကို သိထားဖို့ လိုပါမယ်။ စစ်တမ်းတွေအဆိုရင် လိင်တံတောင်မတ်ဖို့ ဆေးသုံးစွဲကြတဲ့ အမျိုးသားထုကြီးရဲ့ ၃၀% ကနေ ၄၀% သောလူတွေဟာ အဲ့ဒီဆေးတွေကို မှီဝဲပေမယ့်လည်း အစွမ်းမထက်လာကြတာကို ကြုံဆုံရလေ့ရှိပါတယ်။ လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ ဒီလိုဆိုရင်တော့ […]


ပန်းသေပန်းညှိုးခြင်း

ပန်းညှိုးခြင်းပြဿနာ ကို ဘယ်လိုဖြေရှင်းမလဲ

ပန်းညှိုးခြင်း (သို့) အမျိုးသားများ လိင်တံမထောင်မတ်နိုင်ခြင်းဟာ သက်လတ်ပိုင်းအရွယ်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ ပန်းညှိုးခြင်းပြဿနာ ဟာ ဖြေရှင်းနိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းဟာ အဓိကကျကြောင်း သုတေသီတချို့က ဆိုပါတယ်။ ရောဂါအခံတွေ၊ ဆေးဝါးတွေကြောင့် ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ လိုပါတယ်။ ပန်းညှိုးခြင်းပြဿနာ ကို ဖြေရှင်းနိုင်ဖို့ နှလုံးကျန်းမာရေး ထိန်းသိမ်းခြင်း နှလုံးနဲ့ သွေးကြောအဖွဲ့အစည်း လုပ်ဆောင်နိုင်မှု အားနည်းခြင်းဟာ အမျိုးသားများ လိင်တံထောင်မတ်ရာမှာ အရေးကြီးတဲ့ သွေးရောက်ရှိမှုကို လျော့နည်းစေပါတယ်။ နှလုံးရောဂါအခံရှိသူ အမျိုးသားများဟာ နောင်မှာ လိင်တံထောင်မတ်နိုင်မှု ချို့ယွင်းနိုင်ခြေ များပါတယ်။ ပန်းညှိုးခြင်းပြဿနာ နဲ့ ဆက်နွယ်နေတဲ့ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတာတွေကတော့ ဆေးလိပ်သောက်ခြင်း အရက် အလွန်အကျွံသောက်ခြင်း ကိုယ်အလေးချိန်များခြင်း ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း စတာတွေ ဖြစ်ပါတယ်။ တက်စတိုစထရုန်းပမာဏ မြှင့်တင်ခြင်း အမျိုးသားများအတွက် အရေးကြီးတဲ့ တက်စတိုစထရုန်းပမာဏ နည်းပါးရင်လည်း […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေရခြင်း အကြောင်းအရင်းများ

ပန်းသေခြင်း ဆိုတာ အမျိုးသားများ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေများစွာ ရှိပါတယ်။ အဓိကအားဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဟာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါရှိသူအမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းသေခြင်းကြောင့် လိင်မှုကိစ္စစွမ်းဆောင်နိုင်တော့ခြင်း မရှိတော့ချိန်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘယ်အရာတွေက ပန်းသေခြင်း ကို အဓိကဖြစ်စေသလဲဆိုတာပါပဲ။ ပန်းသေရခြင်း အကြောင်းအရင်းများ ကို လေ့လာကြည့်လိုက်ပါ။ ပန်းသေရခြင်း အကြောင်းအရင်းများ ပန်းသေရခြင်း အကြောင်းအရင်းများ ကတော့ ၁။ ဟော်မုန်းရောဂါများ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကနေ ဇီဝဖြစ်ပျက်မှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ မျိုးပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ စတာတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ […]


ပန်းသေပန်းညှိုးခြင်း

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား

ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ပန်းညှိုးခြင်းဆိုတာကတော့ အမျိုးသားတွေ လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အမြဲတမ်းဖြစ်သွားတတ်သလို ယာယီညှိုးတဲ့ အခြေအနေတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ယောက်ျားအများစုအတွက် လိင်တံမထောင်မတ်နိုင်တဲ့ အခြေအနေကို မကြာခဏ ကြုံဖူးနိုင်ပါတယ်။ ရေရှည်မှာ မထောင်မတ်ရင်တော့ ပန်းညှိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပန်းညှိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေ အများကြီးရှိပြီး နှလုံးကျန်းမာရေးလည်း အပါအဝင် ဖြစ်ပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်းအကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာပါပဲ။ ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ကိုလက်စထရောများခြင်းနဲ့ ပန်းညှိုးခြင်း အကြား ဆက်စပ်မှုရှိသလား ဆိုတော့ သုတေသနတွေအရ ပန်းညှိုးခြင်းရဲ့ အဓိကအကြောင်းအရင်းက သွေးကြောများမာပြီး ကျဉ်းမြောင်းသွားလို့ ဖြစ်ပါတယ်။ သွေးကြောများကိုကျဉ်းစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ […]


ပန်းသေပန်းညှိုးခြင်း

လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား

အမျိုးသားတွေကြားထဲက လိင်ကိစ္စနဲ့ပတ်သက်ပြီး အရမ်းရေပန်းစားဆဲဖြစ်တဲ့ အလွဲတစ်ခုကို ပြောပါဆိုရင်တော့ မကြာခဏ ကိုယ့်လက်နဲ့ တစ်ကိုယ်တော် အာသာဖြေတဲ့ အမျိုးသားတွေဟာ ပန်းသေပန်းညှိုးပြဿနာကို စောစီးစွာ ခံစားရတယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ်ဆိုရင် လက်ဖြင့် အာသာဖြေခြင်း သည် ပန်းသေပန်းညှိုးကို မဖြစ်စေနိုင်ပါဘူးလို့ပဲ ဆိုရမှာပါ။ အာသာဖြေခြင်းနဲ့ ပန်းသေပန်းညှိုးဖြစ်ခြင်း လက်နဲ့မကြာခဏ အာသာဖြေခြင်း ဟာ ပန်းသေပန်းညှိုးဖြစ်စေလား ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction – ED) ပန်းသေပန်းညှိုးဆိုတာ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်းကျဆင်းခြင်း၊ အသက်အရွယ်နဲ့ ရောဂါတွေကြောင့် ပန်းသေပန်းညှိုးဝေဒနာကို ခံစားကြရပါတယ်။ ခုနောက်ပိုင်းမှာ လူငယ်တွေမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်မှီဝဲခြင်း၊ စိုးရိမ်ပူပန်စရာ၊ စိတ်ဖိစီးမှုတွေများနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ […]


အမျိုးသားကျန်းမာရေး

ပန်းရောဂါ နှင့် ဗီတာမင်

အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်လေ့ရှိတဲ့ အဓိက အကြောင်းအရင်းတွေကတော့ ဆီးချိုရောဂါ ၊ နှစ်ခြိုက်စွာအိပ်မပျော်တာ၊  သွေးအတွင်းအဆီဓာတ်များတာ ၊ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါ တို့ကြောင့် ဖြစ်လေ့ရှိပါတယ်။ အထက်ပါ ရောဂါများကြောင့်မဟုတ်သည့်တိုင် အချို့သောယောကျာ်းများဟာ ပန်းသေ ပန်းညှိုးမဟုတ်ပေမယ့် လိင်ပိုင်းဆိုင်ရာ အားနည်းတာ၊ မိမိအနေအထားကို အားရကျေနပ်မှုမရှိတာမျိုးတွေကို ခံစားရလေ့ရှိပါတယ်။ အချို့တွေက တစ်ပွဲတိုးနည်းနဲ့ ဆေးသောက်ပြီး ဖြေရှင်းကြပေမယ့် ဒါဟာရှေရှည် အတွက်တော့ မကောင်းပါဘူး။ ဆောင်ရန်ရှောင်ရန်တွေ များတဲ့ အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသောက်သင့်ပါတယ်။ဒါ့အပြင် သောက်တာကြာလာတဲ့အခါ ဆေးမပါရင် အလုပ်မဖြစ်တော့တာမျိုးတွေ ရှိလာတတ်ပါတယ်။ အစားလည်းဆေး ဆေးလည်းအစာဆိုသလို ဗီတာမင် ဘီ၊ စီ၊ ဒီ ပေါ ကြွယ်၀ တဲ့ အစားအစာတွေကို ပုံမှန်စားသောက် ပေးခြင်းအပြင် ဖြည့်စွက် အားဆေးများကို ပုံမှန်သောက်သုံးပေးခြင်းကလည်း ပန်းသေပန်းညှိုး […]


ပန်းသေပန်းညှိုးခြင်း

ရောဂါမရှိဘဲ စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

အမျိုးသားတွေရဲ့ အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထံမှာ လိင်တံမထောင်မတ်နိုင်တာလည်း တစ်ခုအပါအဝင်ပါပဲ။ အမြဲတမ်း မထောင်မတ်နိုင်တာမျိုးလည်း မဟုတ်ဘဲ မနက်နိုးရင် သူ့အလိုလို ထောင်မတ်နိုင်တယ်။ အာသာဖြေတဲ့အချိန်၊ ဆက်ဆံဖော်က ပါးစပ်နဲ့ နှိုးဆွနေရင်လည်း ထောင်တတ်ပါတယ်။ နောက်ဆုံး ထိုးသွင်းဆက်ဆံမှု ဖြစ်တော့မယ်ဆိုတော့မှ လိင်တံက ဆက်မထောင်နိုင်ဘဲ ပျော့ခွေကျပြီး ဘယ်လိုမှ ပြန်မထလာနိုင်တော့ ပြဿနာပေါ့။ ပုံမှန်အားဖြင့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာ ကျားဟော်မုန်း - တက်စတိုစတီရုန်းဟော်မုန်း ကျသွားတာကြောင့် ထောင်မတ်နိုင်စွမ်းအား နည်းသွားပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်အမျိုးသားတွေမှာလည်း တော်တော်လေး အဖြစ်များလာတာကို တွေ့ရပါတယ်။ နေထိုင်မှုပုံစံမှားယွင်းတာ၊ ကျန်းမာရေးချို့တဲ့တာတွေကြောင့်အပြင် စိတ်ကျန်းမာရေးပြဿနာတွေဟာလည်း လိင်တံထောင်မတ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်ကျန်းမာရေးနှင့် လိင်တံထောင်မတ်နိုင်စွမ်း စိတ်နဲ့ပတ်သက်လာရင် ခန္ဓာလောက် သတိမထား ဂရုမစိုက်တတ်ကြပါဘူး။ တကယ်တော့ ဒီစိတ်ဟာ ကိုယ့်ခန္ဓာကို ရှေ့ဆက်တိုးဖို့ မောင်းတင်ပေးနေတဲ့ […]


ပန်းသေပန်းညှိုးခြင်း

လူငယ်တွေမှာ ဘာလို့ ပန်းသေပန်းညှိုးအဖြစ်များလာတာလဲ

လိင်မှုကိစ္စ ထမ်းဆောင်နေချိန်မှာ ကိုယ့်ရဲ့ လိင်တံဟာ ဆန္ဒမပြီးမြောက်ခင်မှာ ပျော့ခွေသွားတာ၊ လိင်တံထဲ သွေးစီးဆင်းမှုနည်းခြင်းကြောင့် ထိုးသွင်းဆက်ဆံမှု မပြုနိုင်တဲ့အထိ လိင်တံထောင်မတ်အားနည်းသွားတာကို ပန်းသေပန်းညှိုးတယ်လို့ ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသက်ကြီးလာလို့ ကျားဟော်မုန်း နည်းသွားတာ၊ အသက်အရွယ်ကြောင့် ဟော်မုန်းတွေ ပြောင်းလဲပြီး လိင်စိတ်ဆန္ဒ လျော့နည်းလာတာကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း တစ်နည်းအားဖြင့် ပန်းသေပန်းညှိုး ဖြစ်ခြင်း (Erectile Dysfunction) ဖြစ်လာပါတယ်။ ယောက်ျားလေးတော်တော်များများ ဝန်ခံရမှာ ရှက်သလို၊ ယောက်ျားမာန ထိခိုက်သလို ခံစားရနိုင်တဲ့ ဒီပြဿနာက အသက်အရွယ်မရွေး အမျိုးသားအများစုမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ အသက်ငယ်သေးတဲ့အရွယ် အထူးသဖြင့် ဆယ်ကျော်သက်နဲ့ အသက် ၂၀မှ ၃၀အထိ ကျားဟော်မုန်း(testosterone) အများဆုံးထုတ်လုပ်တဲ့ အရွယ်ဖြစ်ပါရဲ့နဲ့ နေပုံထိုင်ပုံ မှားယွင်းမှုတွေကြောင့် စောစီးစွာ ပန်းသေပန်းညှိုး ဖြစ်လာကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူငယ်တွေမှာ ဘာကြောင့် […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ

ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာနက်ပေါ်မှာရော၊ တီဗွီရုပ်သံ၊ ဂျာနယ်မဂ္ဂဇင်းတွေမှာပါ အများအပြား မြင်တွေ့နိုင်ပါတယ်။ 'ငါးသိုင်းများ ဟင်းဟုန်' ဆိုသလို သတင်းအချက်အလက်တွေ များလွန်းတဲ့အခါကျပြန်တော့လည်း ဘယ်ဟာက အမှန်၊ ဘယ်ဟာကတော့ အယူအဆမှားဆိုတာကို သိနိုင်ဖို့ ခဲယဉ်းလာပါတယ်။ ရောထွေးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများ ကို မျှဝေပေးလိုက်ရပါတယ်။ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ ပန်းသေပန်းညှိုးခြင်းနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆများ က ဘာတွေများလဲ။ လိင်တံထောင်မတ်နေသေးရင် ပန်းသေပန်းညှိုးဖြစ်နေတာ မဟုတ်ဘူး။ ပန်းသေပန်းညှိုးခြင်းရဲ့ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီမှာ မဟုတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ လိင်တံထောင်မတ်မှု မရှိခြင်း၊ ထောင်မတ်လာပေမယ့် လိင်ဆက်ဆံဖို့ ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှု မရှိခြင်း စတဲ့ အနေအထားတွေကို ပန်းသေပန်းညှိုးခြင်းလို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း