ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ကျဉ်းပြီးရောင်ရမ်းတာအပြင် အချွဲတွေလည်း ထွက်တဲ့ အဆုတ်ရောဂါပါ။  အသက်ရှူရင် တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ပန်းနာရင်ကျပ်ဖြစ်ရတာလဲ။ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ကူးစက်တတ်လား!

ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ် ကူးစက်တတ်လား ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ […]

ပန်းနာရင်ကျပ် ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ်ဝေဒနာအတွက် အထူးသီးသန့်စားသောက်မှုပုံစံရယ်လို့ မရှိပါဘူး။ အစားမတော်တစ်လုတ်ဆိုတဲ့ စကားအတိုင်း အစားအသောက်တွေကိုသေချာချင့်ချိန်စားသုံးမှုက အာဟာရဖြစ်ပြီး ခန္ဓါကိုယ်ကို ကျန်းမာစေတယ်ဆိုပေမယ့် ကိုယ်နဲ့မတည့်တာကို စားမိရင်တော့ ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ အကြောင်း ပြောပြပေးချင်ပါတယ်။ အစားအသောက်ကို သေချာချင့်ချိန်စားသုံးမယ်ဆိုရင်တော့ အစာလည်းဆေးဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာပါ။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ ကတော့ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးအစားအစာတွေက အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးဖြစ်စေမယ့် အစားအသောက်တွေက - ပန်းသီး - တစ်နေ့ ပန်းသီး တစ်လုံး စားပေးပါ။ တစ်ပတ်တာမှာ ပန်းသီး ၂ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ဒီနေ့သက်သာလိုက်၊ နောက်နေ့ကျ ပြန်ထလိုက်နဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ နာတာရှည်ပြဿနာတစ်ခုပါ။ သောက်ဆေးတွေလည်း မှန်မှန်သော်ကနေရက်နဲ့ အခန့်မသင့်လို့ မတည့်တာတစ်ခုခုနဲ့ပြန်တွေ့ခဲ့ရင် ပန်းနာရင်ကြပ်ရောဂါ ပြန်ထသွားတတ်ပါတယ်။ ဒီတော့ ဒီလို ပန်းနာရင်ကျပ်ရောဂါပြန်ထနေတဲ့အချိန် ဘာတွေလုပ်ရမလဲ ။ ။ ပန်းနာရင်ကျပ်ရောဂါ ထိနေချိန် ဒါတွေလုပ်ကြည့်ပါ။ ဆေးမှန်မှန်သောက်ပါ။ နာတာရှည် ပန်းနာရင်ကျပ်သမားတွေအတွက် စွဲသောက်နေရတဲ့ဆေးက အရေးအကြီးဆုံးပါ။ ဆေးကို မှန်မှန် မပျက်မကွက်သောက်ဖို့ အရေးကြီးတဲ့အပြင် ရှူဆေးဆိုလည်း နည်းလမ်းမှန်မှန်နဲ့ ရှူပေးဖို့အရေးကြီးပါတယ်။ ဆေးက ပန်းနာရင်ကြပ်မသားတွေအတွက် အရေးကြီးတယ်ဆိုပေမယ့် အခြားနည်းလမ်းလေးတွေလည်း လိုအပ်ပါသေးတယ် ။ ဒါလေးတွေလုပ်ကြည့်ပါ။ ကော်ဖီသောက်ပါ - ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က လေပြွန်တွေကို ပွင့်စေတာကြောင့်ပါ။ တစ်ချို့လေ့လာချက်တွေအရ ကဖင်းဓါတ်ကလေပြွန်ကို ၄ နာရီတိုင်အောင် ပွင့်စေတယ်လို့ဆိုပါတယ်။ ရေနွေးငွေ့ရှူပါ - ရေချိုးတဲ့အခါ ရေနွေးစိမ်ချိုးတာတို့၊ ချွေးထုတ်ခန်းသွားတာမျိုးတွေက ပန်းနာရင်ကျပ်သမားတွေအတွက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်ဝန်းကျင် သက်ရောက်မှု ။ ။

အာလုံးသိကြမှာ။ ပန်းနာရင်ကြပ်သမားတွေ ဆောင်းရာသီကို ကြောက်ကြတယ်ဆိုတာ။ ဆောင်းတွင်းမှာပြင်ပကလေအေးတွေကြောင့် လေပြွန်တွေ ကျဉ်းနေမယ့် အပြင် ပြင်ပက အမှုန်တွေကို နဂိုတည်းက ဓါတ်မတည့်အတွက် ချွဲပိုထပြီး အသက်ရှူရပိုကြပ်စေပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေအပေါ် သက်ရောက်တာဆောင်းရာသီ တစ်ခုတည်းမဟုတ်ပါဘူး။ အခြား ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေကလည်း သက်ရောက်သေးတာကြောင့် တစ်ခုချင်းစီအကြောင်း ဆက်ကြည့်လိုက်ရအောင် ။ ။ Heat ( အပူချိန်) လေပူတွေကို ရှူသွင်းလိုက်တဲ့ခါ နဂိုကျဉ်းပြီးသား လေပြွန်တွေကို ပိုကျဉ်းသွားတဲ့အပြင် ဖုန်ထတဲ့နွေရာသီကြောင့် ချွဲပိုထပြီး အသက်ရှူပိုကြပ်သွားတတ်ပါတယ်။ Cold( အအေး ) ။ အပူထက်စာရင် အအေးက ပန်းနာရင်ကြပ်သမားတွေကို အသက်ရှူပိုကြပ်စေမှာပါ။ အေးတဲံလေတွေက လေပြွန်တွေထဲမှာ ရှိတဲံ တစ်ရှူးတွေကို ခြောက်သွားစေပြီး လေပြွန်ပိတ်မလို အခြေအနေတောင် ဖြစ်သွားစေပါတယ်။ ဒီလို အချိန်မျိုးတွေမှာဆို လည်စည်းလေးကို မျက်နှာအောက်နားလောက်မှာ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှူဆေး Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ ။ ။

ပန်းနာရင်ကြပ် ရောဂါကို အားလုံးကြားဖူးကြမှာပါ။ အေးတဲ့ ရာသီဥတုမှာ၊ ဓါတ်မတည့်တဲ့ အရာတွေနဲ့ ထိမိတဲ့အခါမှာ၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးတွေမှာ အသက်ရှူရကြပ်ကြပ်လာတာ ပန်းနာရင်ကြပ် သမားတွေရဲ့ အဓိကဝေဒနာတစ်ခုပါ။ ဒါကို သက်သာစေဖို့အတွက် သူတို့သွားလေရာ ဆောင်သွားရတဲ့ ရှူဆေးဘူးလေးတွေရှိပါတယ်။ ဒီနေ့ပြောပြပေးမှာကတော့ ခုမှ ရှူဆေးစရှူမယ့်သူတွေရော၊ ရှူနေတာကြာပြီဖြစ်တဲ့သူတွေရောသိထားသင့်တဲ့ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများအကြောင်းပဲ ဖြစ်ပါတယ်။ မှားတဲ့နည်းတွေနဲ့လုပ်မိရင် ဆေးအာနိသင် ထိရောက်တာ နည်းသွားပါလိမ့်မယ်။ Inhaler ရှူတဲ့အချိန် လုပ်မိတတ်တဲ့ အမှားများ။ ။ ( ၁ ) ဆေးဘူးကို လှုပ်ဖို့ မေ့သွားတာ။ ရှူဆေးဘူးကို မလှုပ်ဘဲ တန်းရှူတဲ့သူတွေ အများကြီးပါ။ ဒါဟာမှားနေပါတယ်။ ရှူဆေးထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေ သေချာ ရောအောင်လုပ်မှ ဆေးအာနိသင့်ထိထိရောက်ရောက်ရမှာ ဖြစ်လို့ မရှူခင် ဆေးဘူးကို ၁၅မိနစ်လောက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရှိတဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန် အစားအသောက်များ

ပန်းနာရင်ကျပ်ရှိတဲ့သူတွေဟာ အမှုန်အမွှားလေးတွေကအစ ပန်းနာပိုဆိုးစေနိုင်မယ့်အရာတွေကိုရှောင်ဖို့ ဂရုစိုက်ရပါတယ်။ အစားအေသောက်၊ အနေအထိုင်လည်း အမှားမခံသလို အချိန်အခါမရွေး၊နေရာမရွေးမှာ ပန်းနာရင်ကျပ်ထလာနိုင်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ရောဂါပိုင်ရှင်တွေအတွက်ရှောင်သင့်၊ဆောင်သင့်တဲ့ အစားအစာတွေအကြောင်း ဒီမှာ အကြံပြုပေးလိုက်ပါတယ်နော်။ ဆောင်သင့်တဲ့အချက် အသီးနဲ့ ဟင်းသီးဟင်းရွက် ပန်းနာသမားအတွက် အသက်ရှူလမ်းကြောင်းပြဿနာကိုသက်သာစေမယ့် သီးသန့်အစားအစာတွေ မရှိပါဘူး။ ဒါပေမယ့် အစားအစာတချို့မှာတော့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဥပမာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။ သူတို့မှာ ဘီတာကယ်ရိုတင်းလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် အီး၊ ဗီတာမင် စီ တို့ပါဝင်နိုင်တယ်။ ဒီဓါတ်တွေက ဆဲလ်တွေကိုပျက်စီးစေပြီး အဆုတ်ကိုရောင်ရမ်းစေနိုင်၊ ထိုးဆွနိုင်တဲ့free radicalsတွေကို တားဆီးနိုင်ပါတယ်။ ဗီတာမင် ဒီ ဗီတာမင်ဒီကိုနေရောင်ခြည်ကနေ အများစုရရှိနိုင်ပေမယ့် အစားအစာထဲမှာလည်း ရှိပါတယ်။ အကောင်းဆုံးက ဆယ်လ်မွန်ငါးနဲ့ ဓါးရှည်နှုတ်သီးငါးတို့ဖြစ်ပြီး နွားနို့၊ ကြက်ဥတို့ကနေ အနည်းငယ်ရရှိနိုင်တယ်။ ဗီတာမင် ဒီက ကိုယ်ခံအားစနစ်ရဲ့တုံု့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုကိုလျော့စေနိုင်တယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား

Inhaler လို့ခေါ်တဲ့ ရှူဆေးကိရိယာဟာ ပန်းနာရင်ကျပ်ရှိသူတွေ၊ ပန်းနာရင်ကျပ်ခံစားနေရတဲ့ ကလေးတွေရဲ့မိဘတွေအတွက် မစိမ်းတဲ့ အရာတစ်ခုပါ။ သူ့ကို ပန်းနာအပြင် နာတာရှည်အဆုတ်ရောဂါ၊ ဓါတ်မတည့်မှုတွေအတွက်လည်း သက်သာစေဖို့ သုံးကြပါတယ်။အသက်ရှူရင်ချောင်စေဖို့ အလွယ်တကူသုံးလို့ရတဲ့ ရှူဆေးဖြစ်ပေမယ့် အသုံးပြုပုံအသုံးပြုနည်းမှန်ကန်မှလည်း ထိရောက်နိုင်မှာပါ။ ရှူလည်းရှူတယ်၊ဆေးလည်းကုန်တယ်၊ အဆုတ်မှာလည်း မသက်သာလာဘူးဆိုရင် ဘာထူးတော့မှာလဲနော်။ဒါ့ကြောင့်Inhaler ကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်ဖို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ရပါတယ်။ ပန်းနာ Inhaler ဆိုတာဘာလဲ ပန်းနာရင်ကျပ်အတွက်Inhaler ဆိုတာ အဆုတ်ကိုဆေးတွေတိုက်ရိုက်ရောက်အောင်ဖြန့်ပေးတဲ့ ကိရိယာပါ။သောက်ဆေး၊ ထိုးဆေးတွေထက်ဘေးထွက်ဆိုးကျိုးနည်းပြီးဆေးအာနိသင်ရရှိမှုပိုမြန်တာမို့ အသုံးဝင်လှပါတယ်။ သူ့ကို သုံးမယ်ဆိုရင် -(၁) အဖုံးကို ဖွင့်ပါရှူရှိုက်ရတဲ့ ကိရိယာဖြစ်တဲ့အတွက် သန့်ရှင်းဖို့၊အမှုန်အမွှားတွေကင်းဖို့ အဖုံးက အရေးပါတဲ့အကာအကွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပြီးရင်လည်း အဖုံးကို သန့်တဲ့နေရာမှာပဲချထားပါ။ သုံးပြီးတာနဲ့ပြန်တပ်ထားပါ။(၂) Inhaler ကိုထောင်ပြီး ၅ မိနစ်လောက်လှုပ်ခါပါInhaler ကို လက်မ၊လက်ညှိုးနဲ့ထိန်းပြီးထောင်လျက်အနေအထားကိုင်ထားပါ။ ပါးစပ်နဲ့တေ့ရမယ့် အပေါက်ကို […]


ပန်းနာရင်ကျပ်

ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ

“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။” “ဘာဖြစ်တာတဲ့လဲ” “အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။ အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။ ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ” “ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော်လေ” “ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။” “ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တွန်းလို့ ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။” ရင်ကျပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။ ရင်ကျပ်ရောဂါ ရင်ကျပ်ရောဂါ များဟုလူသိထားကြသော ရောဂါများထဲတွင် ပန်းနာရင်ကျပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။ ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ ဓါတ်မတည့်ခြင်းဟုဆိုရာတွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထွက်သော အငွေ့နှင့်အနံ့များ၊ အမှုန်အမွှားများ၊ ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်အမွှေးအမျှင်များ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း

ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။ ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေခြင်းကို ဘယ်လိုသိနိုင်သလဲ။ အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။   လေ့ကျင့်ခန်းလုပ်ခြင်း ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း […]


ပန်းနာရင်ကျပ်

သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု

ပန်းနာရင်ကြပ်ထဖောက်လိုဖောက်ငြား သင်သည် အရေးပေါ်ကုသမှုအား တတ်နိုင်သလောက်မြန်မြန်ရှာဖွေထားရန်လိုအပ်သည်။ ကံမကောင်းစွာဖြင့် ပန်းနာရင်ကြပ်သည် အကြိမ်ကြိမ်ရုတ်တရက်ထဖြစ်နိုင်ပြီး ထိုအချိန်တွင် ဆရာဝန်အားဆက်သွယ်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်လည်း သင့်၏အပြုအမူအနေအထိုင်ပြောင်းလဲမှုအချို့သည် ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း သင့်ဆေးများကို သောက်သုံးပါဆရာဝန်ညွှန်ကြားချက်များနှင့်အကြံပေးချက်များကို လိုက်နာရန်ခက်ခဲတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဝေဒနာရှင်အများစုသည် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို မသောက်သုံးနိုင်ကြပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးညွှန်းသည်အလွန်ရှုပ်ထွေးများပြားခြင်း၊ဆေးပေးသည်အချိန်ကာလသည် အလွန်ကြာမြင့်ခြင်း၊ဈေးအလွန်ကြီးခြင်း(သို့)ဆေးများကို အချိန်မှီသောက်သုံးရန် မေ့လျော့တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော်သင့်တွင်ပြဿနာတစ်ခုခုရှိပါက ထိုပြဿနာကို ပြုပြင်ပြောင်းလဲလိုက်ပါ။ သင့်အားညွှန်းထားသောဆေးများကိုသေချာလိုက်နာသောက်သုံးမှုရှိမရှိသည် သင့်၏ ပန်းနာရင်ကြပ်ရလဒ်တွင်အရေးကြီးသည့်နေရာမှပါဝင်သည်။ သင့်၏ထိုဆေးများသည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိန်းချုပ်နိုင်ရန် ကူညီပြီး ပိုမဆိုးဝါးသွားစေရန်လည်း ကာကွယ်ပေးသည်။ အချို့သောအခြေအနေများတွင် သင့်ကိုယ်သင်ကောင်းနေပြီ၏ဟု ယူဆ၍ သင်သည်ဆေးများသောက်ရန်မေ့နေတတ်သည်။ သို့သော် သင့်တွင်ရင်ကြပ်ဝေဒနာ မဖြစ်သေးခြင်းသည်ရင်ကြပ်ဝေဒနာ သင့်တွင်ဖြစ်မလာနိုင်တော့ဟု မဆိုလိုပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ပါက သင့်ကျန်းမာရေးအတွက်ကောင်းပါသည်။ သင့်တွင် ပန်းနာရင်ကြပ်ရှိပါက သင်သည်လှုပ်လှုပ်ရှားရှားနေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင့်နှလုံးနှင့်အဆုတ်များကို သန်မာစေပါသည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်