home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား

ပန်းနာရင်ကျပ်ရှူဆေး(Inhaler)ကို ရှူနည်းမှန်ကန်ရဲ့လား
Inhaler လို့ခေါ်တဲ့ ရှူဆေးကိရိယာဟာ ပန်းနာရင်ကျပ်ရှိသူတွေ၊ ပန်းနာရင်ကျပ်ခံစားနေရတဲ့ ကလေးတွေရဲ့မိဘတွေအတွက် မစိမ်းတဲ့ အရာတစ်ခုပါ။ သူ့ကို ပန်းနာအပြင် နာတာရှည်အဆုတ်ရောဂါ၊ ဓါတ်မတည့်မှုတွေအတွက်လည်း သက်သာစေဖို့ သုံးကြပါတယ်။
အသက်ရှူရင်ချောင်စေဖို့ အလွယ်တကူသုံးလို့ရတဲ့ ရှူဆေးဖြစ်ပေမယ့် အသုံးပြုပုံအသုံးပြုနည်းမှန်ကန်မှလည်း ထိရောက်နိုင်မှာပါ။ ရှူလည်းရှူတယ်၊ဆေးလည်းကုန်တယ်၊ အဆုတ်မှာလည်း မသက်သာလာဘူးဆိုရင် ဘာထူးတော့မှာလဲနော်။
ဒါ့ကြောင့်Inhaler ကို နည်းလမ်းမှန်မှန် အသုံးပြုနိုင်ဖို့ ဒီဆောင်းပါးနဲ့အကြံပြုလိုက်ရပါတယ်။

ပန်းနာ Inhaler ဆိုတာဘာလဲ

ပန်းနာရင်ကျပ်အတွက်Inhaler ဆိုတာ အဆုတ်ကိုဆေးတွေတိုက်ရိုက်ရောက်အောင်ဖြန့်ပေးတဲ့ ကိရိယာပါ။သောက်ဆေး၊ ထိုးဆေးတွေထက်ဘေးထွက်ဆိုးကျိုးနည်းပြီးဆေးအာနိသင်ရရှိမှုပိုမြန်တာမို့ အသုံးဝင်လှပါတယ်။ သူ့ကို သုံးမယ်ဆိုရင် –(၁) အဖုံးကို ဖွင့်ပါရှူရှိုက်ရတဲ့ ကိရိယာဖြစ်တဲ့အတွက် သန့်ရှင်းဖို့၊အမှုန်အမွှားတွေကင်းဖို့ အဖုံးက အရေးပါတဲ့အကာအကွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပြီးရင်လည်း အဖုံးကို သန့်တဲ့နေရာမှာပဲချထားပါ။ သုံးပြီးတာနဲ့ပြန်တပ်ထားပါ။(၂) Inhaler ကိုထောင်ပြီး ၅ မိနစ်လောက်လှုပ်ခါပါInhaler ကို လက်မ၊လက်ညှိုးနဲ့ထိန်းပြီးထောင်လျက်အနေအထားကိုင်ထားပါ။ ပါးစပ်နဲ့တေ့ရမယ့် အပေါက်ကို ရှူမယ့်နေရာအတိုင်း အောက်ဘက်မှာထားရပါမယ်နော်။ ခပ်မြန်မြန်လေး အပေါ်အောက် လှုပ်ခါပါ။(၃) အသက်ကိုရှိုက်ရှူပါ

ပါးစပ်ကနေ ရှိုက်ရှူပါ။ အဆုတ်ကိုပြန့်ကားစေတဲ့အထိ အတတ်နိုင်ဆုံးရှိုက်ရှူပြီး တစ်စက္ကန့်လောက် ခဏအသက်အောင့်ပါ။

(၄) ခေါင်းကိုနည်းနည်းလေးမော့ပါ

မေးနည်းနည်းမော့တဲ့အနေအထားလောက်ပါပဲ။ ဒါမှ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီးဆေးက အဆုတ်ကို လွယ်လွယ်ကူကူဝင်ရောရာက်နိုင်မှာပါ။ ဒါပေမယ့် ခေါင်းမော့တာသိပ်များသွားရင်လည်း အသက်ရှူရတဲ့လေလမ်းကြောင်းက ပွင့်ရမယ့်အစား လည်ချောင်းမှာ ပိုတောင်အထစ်အငေါ့ဖြစ်စေနိုင်တယ်နော်။

(၅) အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ပါ

Inhaler မရှူခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အဆုတ်ထဲကလေးတွေကို ရှူထုတ်လိုက်ပါ။
(၆)Inhaler ကို ပါးစပ်မှာတေ့ပါ
ပါးစပ်မှာတေ့တဲ့အခါInhaler အပေါက်ကို လျှာရဲ့အပေါ်၊ သွားနဲ့ကွက်တိဖိပြီး အပေါ်အောက်နှုတ်ခမ်းနဲ့လုံအောင် တပ်ထားပါ။ ဒါမှ အပြင်ကိုဆေးတွေပြန်မထွက်နိုင်ဘဲ လည်ချောင်းကနေ အပြည့်အဝဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ဆေးတွေထွက်ရင်ထွက်ပါစေ ပါးစပ်နဲ့မတေ့ချင်ဘူးဆိုရင် ပါးစပ်နဲ့ တစ်လက်မအကွာကနေ ရှူလို့ရပါတယ်။
(၇) ဘူးကိုဖိလိုက်တဲ့အချိန်မှာ အသက်ရှုသွင်းပါInhaler ကိုနှိပ်လိုက်တဲ့အချိန်မှာ ပါးစပ်ကနေဖြည်းဖြည်းချင်း အသက်ရှူသွင်းပါ။ ပါးစပ်မဟလိုက်နဲ့နော်။ တပ်ထားလျက်နဲ့ ၃ စက္ကန့်ကနေ ၅ စက္ကန့်အထိ ဆက်ရှူပါ။ဆေးကို အဆုတ်ထိရောက်ရှိနိုင်အောင် ရှိုက်ရှူရပါမယ်။(၈) ၁၀ စက္ကန့်လောက် အသက်အောင့်ပါရှူသွင်းလိုက်တဲ့ဆေးက အလုပ်စလုပ်ဖို့ အချိန်လိုပါတယ်။ ရှူပြီး ခပ်မြန်မြန်ရှူထုတ်လိုက်ရင်ဆေးတွေပြန်ပါသွားနိုင်ပါတယ်။ ရှူသွင်းလိုက်တဲ့ဆေးကို ခန္ဓါကိုယ်ထဲမှာ အနည်းဆုံး ၁၀ စက္ကန့်လောက်ထားသင့်ပါတယ်။(၉)ဖြည်းဖြည်း အသက်ရှူထုတ်ပါInhaler ကို ဖယ်ပြီး တဖြည်းဖြည်းချင်း အသက်ရှိုက်ရှူထုတ်ပါ။ ပုံမှန်အတိုင်း အသက်ပြန်ရှူလို့ရပါပြီ။Inhaler သုံးပြီးတဲ့အခါ ပါးစပ်ကိုရေနဲ့ ပလုတ်ကျင်းပါ။

(၁၀)Inhaler ကို စစ်ဆေးပါ

ဒါကတော့ အမြဲလုပ်ရတဲ့အဆင့်မဟုတ်ပေမယ့် မကြာမကြာလုပ်ဆောင်သင့်တဲ့အရာပါ။ရောဂါသက်သာချင်လို့ ကိုယ်ရှူသွင်းလိုက်တဲ့အရာကမှရောဂါပိုးမွှားတွေ၊ ဖုန်တွေပါနေရင် အသက်ရှူတောင်ပိုကျပ်သွားနိုင်တယ်လေ။Inhalerတွေဟာ သန့်ရှင်းနေသင့်ပါတယ်။ အတွင်းနဲ့ အပြင်ကို အမြဲသန့်ပေးပါ။ ဖုန်ကပ်နေတာရှိမရှိ စစ်ဆေးပါ။ရေနဲ့တော့ မဆေးပါနဲ့။ တစ်ရှူး သို့မဟုတ် ဂွမ်းစလေးနဲ့သုတ်ပေးပါ။ ပါးစပ်တေ့တဲ့နေရာမှာ ညစ်ပေနေတယ်ဆိုရင် ဂွမ်းစမှာ အရက်ပြန်ဆွတ်၊ ပွတ်သုတ်ပြီးမှ အခြောက်ခံပေးပါ။

ဝေဒနာအကြောင်းရင်းအမျိုးမျိုးကြောင့်Inhaler သုံးနေရတဲ့ လူကြီး၊ လူငယ်တွေအတွက် အထောက်အကူဖြစ်ပါစေနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 15/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။