ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ကျဉ်းပြီးရောင်ရမ်းတာအပြင် အချွဲတွေလည်း ထွက်တဲ့ အဆုတ်ရောဂါပါ။  အသက်ရှူရင် တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ပန်းနာရင်ကျပ်ဖြစ်ရတာလဲ။ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ကူးစက်တတ်လား!

ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ် ကူးစက်တတ်လား ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ […]

ပန်းနာရင်ကျပ် ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ် သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း များလည်းရှိသေးပါသည်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊ ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင် ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ် ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင် ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ် ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။ ဆေးဝါးများ ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့ ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ ထားပါ။ သို့သော် ဆိုလိုသည်မှာ […]


ပန်းနာရင်ကျပ်

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကဘာလဲ။ သူ့နာမည်အတိုင်းပင် လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါဆိုသည်မှာ လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန် သို့ ကြာရှည်လုပ်ပြီးတဲ့အခါမှာဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါ ပဲဖြစ်ပါတယ်။ နာတာရှည်ပန်းနာရင်ကြပ်ရောဂါရှိတဲ့လူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပန်းနာရင်ကြပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေကိုကြုံတွေ့ရလေ့ရှိပါတယ်။ သို့သော်လည်း နာ တာရှည်ပန်းနာရင်ကြပ်ရောဂါမရှိပဲ လေ့ကျင့်ခန်းလုပ်နေစဉ်မှ ရောဂါလက္ခဏာဖြစ်လာတဲ့လူတွေလည်း များစွာရှိပါတယ်။ Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ဟာအရမ်းအဖြစ်များပါတယ်။ မိန်းကလေးများတွင်ယောက်ျားလေးများထက်ပိုဖြစ်တာတွေ့ရပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည့်အရာများကို ရှောင်ရှားခြင်းဖြင့် ရောဂါကို သက်သာအောင်လုပ်နိုင်ပါတယ်။ အသေးစိတ်သိရှိစေရန် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများExercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာတွေကတော့…. လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသွားသည့် ရောဂါလက္ခဏာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် သို့ လုပ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဖြစ်ပေါ်လာလေ့ရှိပြီး မကုသပဲထားပါက မိနစ် ၃၀ သို့ ၃၀ […]


ပန်းနာရင်ကျပ်

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို အချိန်ဘယ်လောက်ကြာကြာထိန်းချုပ်ထားနိုင်မလဲဆိုတာဟာ အချက်အလက်များစွာအပေါ် မူတည်ပါတယ်။ ဥပမာ ကလေးရဲ့ အသက်အရွယ်။ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုအခြေအနေ။ ပန်းနာထတတ်တဲ့ အကြိမ်ရေ။ ဆရာဝန်ညွှန်ကြားတဲ့ကုသမှုအတိုင်း ဘယ်လောက်ထိ အတိအကျလိုက်နာသလဲ စတာတွေပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေအပြင် သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် သင်ကိုယ်တိုင်ကူညီဆောင်ရွက်ပေးနိုင်တဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။   ဘယ်အကြောင်းအရာတွေက ပန်းနာထစေသလဲ။ အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေက ပန်းနာထစေပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ဖုံနဲ့ အမှုန်တွေ (အိမ်ထဲမှာ၊ကောဇောတွေမှာ၊ခေါင်းအုံးတွေမှာ တွေ့ရတတ်တဲ့ ဖုံအမှုန်တွေပေါ့)၊ပန်းဝတ်မှုံတွေ၊တိရ စ္ဆာန်အညစ်အကြေးတွေနဲ့ တံတွေးတွေ၊မှို၊အချို့သော အစားအစာနဲ့ ဆေးဝါးတွေ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။ မီးခိုးငွေ့၊အခန်းထဲဖြန်းတဲ့ air freshener တွေ၊ရေငွေ့တွေ၊သုတ်ဆေးအမှုန်တွေ၊ဆံပင်ဖြန်းဆေးတွေနဲ့ ရေမွှေးတွေ။ လေ့ကျင့်ခန်းလုပ်ခြင်း။ ရေအေးအေး။ ရာသီဥတုအပြောင်းအလဲ။ ဘယ်အရာ(တွေ)က သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလဲဆိုတာ သိနိုင်ဖို့ အချိန်ပေးပြီးလေ့လာရမှာဖြစ်သလို သင့်ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုလည်း စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အချက်တွေကို သိရှိသွားပြီဆိုတာနဲ့ သူတို့ကို ရှောင်ရှားစေခြင်းအားဖြင့် သင့်ကလေးပန်းနာထခြင်းကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။   ကျောင်းမှာ ပန်းနာထခဲ့ရင် ဘယ်လိုလုပ်မလဲ။ သင့်ကလေးအနေနဲ့ […]


ပန်းနာရင်ကျပ်

ကလေးများတွင်ဖြစ်သောပန်းနာရင်ကြပ်

အဆုတ်ပန်းနာရင်ကြပ်သည် စိတ်ပူရမည့်ရောဂါမျိုးဖြစ်သည်။ ဒီရောဂါသည် ကလေးများ၌ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ လူကြီးများထက် ဖြစ်ပွားနှုန်း ၂ ဆနီးပါးရှိ၏။ (ကလေး ၁၀% ဆို လူကြီး ၅%) ကလေးများတွင်ဖြစ်သော ပန်းနာရင်ကြပ်သည် ရောဂါအမည်တပ်ရာတွင် နောက်ကျတတ်၏။ အထူသဖြင့် အသက် ၂ နှစ်အောက်တွင် ပိုနောက်ကျတတ်သည်။ ထိုကိစ္စသည် ဖြစ်ကိုဖြစ်တတ်တာမျိုးကြောင့် ကုသမှု၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ကလေးတက်သွားခြင်း၊ ဆေးရုံတင်ရခြင်းနှင့် တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းတို့ထိ ဖြစ်နိုင်ပါသည်။   ပန်းနာရင်ကြပ်ဆိုတာဘာလဲ။ ၎င်းသည် နာတာရှည် လေပြွန်ရောင်ရမ်းနာတစ်မျိုးဖြစ်သည်။ ထိုရောင်ရမ်းခြင်းသည် လေပြွန်အား အမျိုးမျိုးသော လှုံ့စော်မှုများကို အထိမခံဖြစ်စေနိုင်၏။ လေပြွန်မှ ထိုလှုံ့စော်မှုများနှင့်ထိမိသည့်အခါ ဖောင်းကြွလာမည်၊ ကျုံ့လာမည်။ ချွဲများနှင့် ပြည့်လာလိမ့်မည်။ လေပြွန်ပိတ်သွားပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်လာ၏။ ပန်းနာရင်ကြပ်ရောဂါသည် မျိုးရိုးလိုက်တတ်ပြီး မကူးစက်တတ်သည့်ရောဂါဖြစ်ပါသည်။   သင့်ကလေးမှာ ပန်းနာရင်ကြပ်ရှိမရှိ ဘယ်လိုသိမလဲ။ ကလေးကိုသတိထားစောင့်ကြည့်ရမည့် […]


ပန်းနာရင်ကျပ်

အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးနည်း ၁၃ သွယ်

မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့ပြင်ဆင်ခြယ်သမှုကငွေကုန်ကြေးကျသိပ်မများလှပါဘူး။နေ့စဉ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုပုံစံကို အနည်းငယ်လောက်လေးပြောင်းလဲလိုက်တာက ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝနေထိုင်မှုအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ထိတွေ့တာကိုရှောင်ရှားတာနဲ့ကန့်သတ်တာတွေက အဓိကထားလုပ်ဆောင်လေ့ရှိမယ့်အလေ့အထတွေလို့ယူဆပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုစ္စည်းတွေကနေရာတိုင်းလိုလိုမှာရှိနေနိုင်တာကြောင့် မထိတွေ့အောင်ရှောင်ဖို့ဆိုတာကလည်းတော်တော့်ကိုမလွယ်ကူတဲ့ ကိစ္စပါ။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေမှာ အများဆုံးထိတွေ့မိတဲ့ဓါတုပစ္စည်းတွေက ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေပဲဖြစ်ပါတယ်။လေ့လာမှုတွေအရ ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေကိုရေရှည်ထိတွေ့တဲ့အခါ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေနိုင်သလို ပန်းနာရင်ကျပ်၊ ကင်ဆာနဲ့အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုဖန်တီးနိုင်စေဖို့အတွက် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်မယ့်နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။   အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးနိုင်မယ့်နည်းလမ်းများ ၁. အိမ်တွင်း (သို့) အခန်းတွင်းမှာ အပင်စိုက်ပါ။ အိမ်တွင်း (သို့) အခန်းတွင်းမှာအပင်စိုက်တာက အဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ အပင်တွေက သဘာဝအတိုင်းလေသန့်စင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အပင်တွေက မိမိတို့အနီးဝန်းကျင်က ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက်ဖြစ်စေမယ့်အငွေ့တွေကို စုပ်ယူပြီး အစားအစာနဲ့စွမ်းအင်အဖြစ်ပြောင်းလဲကာ သန့်စင်တဲ့လေကိုထုတ်ပေးပါတယ်။   ၂. သဘာဝပစ္စည်းတွေကနေထုတ်တဲ့ သန့်စင်ဆေးတွေကိုအသုံးပြုပါ။ ပိုးသတ်ဆေးတွေက ပိုးမွှားတွေ၊ကြွက်တွေ၊ပိုးဟပ်တွေကိုသေစေနိုင်တယ်ဆိုပေမယ့်ရေရှည်မှာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ဖြစ်တာ၊ သင်ယူမှုအပိုင်းမှာချို့ယွင်းတာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတာမျိုးတွေဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ […]


ပန်းနာရင်ကျပ်

ဖုန်မှုန့်တွေရှူမိတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ

ဘယ်နေရာမှာပဲ နေနေ ဖုန်တွေကတော့ အမြဲရှိနေတတ်ပါတယ်။ သဘာဝတရားအရ ဖုန်ဆိုတာ မြေကြီးတွေ၊ သဲတွေနဲ့ ကျောက်တောင်တွေ တိုက်စားမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေကလည်း လေထဲဖုန်တွေကိုဖြစ်စေပြီး ပန်းဝတ်မှုန်တွေ၊ အလွန်သေးငယ်တဲ့ သတ္ထဝါလေးတွေနဲ့ အပင်ပစ္စည်းတွေဟာလည်း ပတ်ဝန်းကျင်မှာ ဖုန်ဖြစ်စေရခြင်းရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ မြို့ပြတွေမှာ စက်ရုံအလုပ်ရုံတွေ၊ ပန်းခြံတွေ၊ ကားတွေ၊ အစရှိတာတွေဟာ ဖုန်ရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။   ဖုန်မှုန့်များ ဖုန်ဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိတာကြောင့် ဖုန်မှုန့်အမျိုးအစားလည်း အများကြီးရှိပါတယ်။ ဖုန်မှုန့်တွေဟာ သေးငယ်လေလေ မမြင်ရလေလေပဲဖြစ်ပါတယ်။ သေးငယ်တဲ့ ဖုန်မှုန့်တွေဟာ လေထဲမှာ အချိန်အကြာကြီးနေနိုင်ပြီးတော့ ခရီးလည်း အဝေးကြီး သွားနိုင်ပါတယ်။ • ကြီးမားတဲ့ ဖုန်မှုန့်တွေဟာ မျက်စိနဲ့မြင်နိုင်တဲ့ အချိန်ကြာရင် ဖြစ်ပေါ်လာတဲ့ ကားပေါ်က၊ ပရိဘောဂတွေပေါ်က အရာတွေပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓါဟာ ဒီအရာတွေကို အသက်ရှူလိုက်တဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ထဲမှာ […]


ပန်းနာရင်ကျပ်

Asthma (ပန်းနာရင်ကျပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Asthma (ပန်းနာရင်ကျပ်ရောဂါ) ကဘာလဲ။ ပန်းနာရင်ကျပ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေမှုကြောင့် သင့်ရဲ့အဆုတ်မှာ ဝင်လေ၊ ထွက်လေ ကန့်သတ်မှုရှိနေတဲ့ရောဂါဖြစ်ပါတယ်။ ၎င်းက ချွဲသလိပ်သံနဲ့ အသက်ရှူရခြင်း(အသက်ရှူတဲ့အခါ တရွှီရွှီမြည်နေခြင်း)၊ ရင်ဘတ်ထဲမွန်းကျပ်နေခြင်း၊ အသက်ရှူမဝခြင်း(ပြတ်တောင်းပြတ်တောင်းအသက်ရှူရခြင်း)၊နဲ့ ချောင်းဆိုခြင်းတို့ ထပ်ကာတလဲလဲ ဖြစ်လာတတ်တဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။ ပန်းနာ ရင်ကျပ်ကို အရှင်းပျောက်ကင်းစေနိုင်တဲ့ဆေးမရှိပေမယ့် သင့်အနေနဲ့ ပုံမှန်အတိုင်း ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်စေဖို့ ဒီရောဂါကို ပြုပြင်ကုသနိင်ပါတယ်။ Asthma (ပန်းနာရင်ကျပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကမ္ဘာတလွှားက အသက်အရွယ်မရွေး လူဦးရေသန်း၃၀၀ခန့်ဟာ ပန်းနာရင်ကျပ်ရောဂါခံစားနေရပါတယ်။ ဒီရောဂါက ကလေးဘဝမှာ စတင် ဖြစ်ပွားလာတာများပါတယ်။ လက္ခဏာများAsthma (ပန်းနာရင်ကျပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ • ချောင်းဆိုးတာရှည်ခြင်း • အသက်ရှူသံတရွှီရွှီမြည်ခြင်း • အသက်ရှူမဝခြင်း • ရင်ဘတ်အောင့်လာတဲ့အထိ ရင်ကျပ်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါလက္ခဏာတွေ သင့်မှာ ဒါမှမဟုတ် သင့်ကလေးမှာ စတင်ခံစားနေရပြီဆိုတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြဖို့အကြံပြုလိုပါတယ်။ အကြောင်းရင်းများAsthma (ပန်းနာရင်ကျပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ • ဓါတ်မတည့်မှုဖြစ်စေတဲ့အရာများ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်