backup og meta

ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးတွေးကြောက်ကြတဲ့ အရာတွေက ဘာတွေလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးတွေးကြောက်ကြတဲ့ အရာတွေက ဘာတွေလဲ ။  ။

    ကိုယ်ဝန်ဆိုတဲ့ ဝန်ထုပ်တစ်ခု စဖြစ်လာတည်းက ထမ်းထားရတာ ကျွန်မတို့ မိန်းမသားတွေပါ။ ကိုယ့်ရင်သွေးလေး ဗိုက်ထဲမှာ ကောင်းကောင်းဖွံ့ဖြိုးဖို့၊ ခြေလက်အင်္ဂါစုံဖို့ ၊ ဆုတောင်းလိုက်ရတာ အမော။ သွေးနုသားနု လည်းဖြစ်တာကြောင့် ပုံမှန်ထက်ပိုပြီး စိတ်တွေ ဂယောက်ဂယက်ဖြစ်နေတဲ့အချိန်ပါ။ ဒါလေးလုပ်လိုက်ရင် ဗိုက်ထဲက ကလေးထိခိုက်သွားမလားဆိုပြီး တွေးတွေးပြီး ပူပန်နေတတ်ကြလို့ ကိုယ်ဝန်သည်တွေ တွေးကြောက်ကြတဲ့ ထိပ်ဆုံး အကြောင်းအရာ တွေကိုဒီဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

  • ၁ ။ အမေက မှောက်အိပ်ရင် ကလေးကို ပိနေလိမ့်မယ်။

  • ဒီအချက်က ကိုယ်ဝန်ရှိပြီဆိုတည်းက မိခင်တိုင်း တွေးပြီးကြောက်ကြ ထိပ်ဆုံးထဲက အချက်တစ်ချက်ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုရင် မှောက်အိပ်လို့မရဘူး။ ဘေးစောင်းအိပ်၊ ပက်လက်ပဲအိပ်ရမယ်ဆိုတာမျိုးပေ့ါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ဝန်နုရင်တော့ ပက်လက်ပဲအိပ်အိပ် မှောက်ခုံပဲ အိပ်အိပ် ကိစ္စမရှိသေးပါဘူး။ ကိုယ်ဝန်ရင့်လာရင်တော့ ပက်လက်အိပ်တာကသာ အမေရော ကလေးအတွက်ပါ သက်သောင့်သက်သာရှိစေမှာပါ။

    • ၂ ။ ကိုယ်ဝန်ဆောင်ရပြီဆိုတာနဲ့ ရုပ်တွေပြောင်းသွားပြီး ရင့်လာလိမ့်မယ်။

    ဒါကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြောက်ကြတဲ့ အရာတစ်ခုပါ။ မိန်းကလေးတိုင်းကတော့ လှချင်တယ်လေ။ ကလေးမွေးပြီး ပိုလို့တောင် လှချင်တယ်မဟုတ်လား။ ဒါပေမယ့် ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာတာ၊ ဖောရောင်လာတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် မှန်ထဲကြည့်လိုက်တိုင်း စိတ်ညစ်နေရတဲ့အချိန်တွေ ကိုယ်ဝန်ဆောင်တိုင်းဖြတ်သန်းဖူးပါတယ်။ ရုပ်ရင့်သွားပြီး၊ အရင်လို မနုပျိုတော့ဘူးဆိုတဲ့ အတွေးတွေက ခေါင်းထဲ အချိန်ပြည့်ရှိနေတတ်ပါတယ်။ ဘာမှ စိတ်မပူပါနဲ့။ ကလေးမီးဖွားပြီးတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေ ပြန်ဖြစ်လို့ အရင်လိုပဲ ရုပ်အတိုင်းလေးပဲ ပြန်ရမှာပါ။

    • ၃ ။ ကိုယ်ဝန်ဆောင် ကလေးမွေးတာနဲ့ ငါဝလာတော့မှာပဲ ။ ။

    အပြင်မှာလည်း မြင်ဖူး ကြားဖူးမှာပါ။ ကလေးတစ်ယောက်မွေးပြီးရင် ဝလာမယ်၊ ကိုယ်ခန္ဓာ ပုံပျက်သွားမယ်ဆိုတာတွေကို။ တကယ်တော့ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာမှန်ပါတယ်။ အဲ့ဒီ တက်နေတဲ့ ကိုယ်အလေးချိန်တွေက မီးဖွားပြီးရင် တဖြည်းဖြည်းပြန်ကျသွားမှာပါ။ ကိုယ်လက်လှုပိရှားမှုလေးလုပ်ပေးမယ်၊ ဆီကြော်တွေလည်းမစားဘူး၊ ကလေးကိုလည်း နို့တိုက်တယ်ဆိုရင် ကိုယ်အလေးချိန်ဆက်တက်နေစရာ အကြောင်း မရှိပါဘူး။ တစ်ခုရှိတာက ဗိုက်ခွဲမွေးတဲ့လူတွေက ရိုးရိုးမွေးတဲ့ သူတွေထက်စာရင် ပိုဝနိုင်ပါတယ်။ ခွဲပြီးချိန် ချုပ်ရိုးကနာနေတာတစ်ကြောင်း၊ ခွဲပြီးပြီးချင်း ငြိမ်ငြိမ်နေရမယ်ဆိုတာက တစ်ကြောင်းနဲ့ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်တော့ ပိုဝလာတတ်ပါတယ်။

  • ၄ ။ ကိုယ့်ကလေး ခြေလက်အင်္ဂါတွေ မစုံဘဲ မွေးဖွားလာမှာ။

  • ဘယ်မိဘမဆို ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ဗိုက်ထဲကကလေး ကိုယ်လက် အင်္ဂါအစုံနဲ့ မွေးဖွားလာတာကိုပဲ မြင်ချင်ကြတာပါ။ ဒီလိုမျိုးဖြစ်ဖို့ဆို ဆုတောင်းရုံနဲ့ ရမှာလား။ မဟုတ်ပါဘူး။ ဗိုက်ထဲက ရင်သွေးလေး ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်ပေးဖို့လည်း လိုပါသေးတယ်။

    • ၅ ။ မီးဖွားရတာ ခက်နေရင် ဘယ်လိုလုပ်ရမလဲ။ ။

    မီးဖွားခါနီးလေလေ ဒီအကြောက်တရားကို ကြီးစိုးလေလေပါပဲ။ မီးဖွားရတာခက်နေရင် အမေရော ကလေးကိုရော ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်စရှိပြီဆိုတည်းက ကျွမ်းကျင်စိတ်ချရတဲ့ သားဖွားမီးယပ် ဆရာဝန်၊ ဆရာမ တွေနဲ့ ကိုယ်ဝန်ကို အပ်ထားစေချင်ပါတယ်။ ဒါမှ ကိုယ်ဝန်ဆိပ်တက်တဲ့အခါလည်း အချိန်မီ ကုသမှုခံယူနိုင်မယ့်အပြင် ကိုယ်နဲ့ သင့်တော်တဲ့ မီးဖွားနည်းကိုလည်း သေချာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

    • ၆ ။ ကိုယ်ဝန်ပျက်ကျမှာ စိုးတဲ့အတွေးတွေ။ ။

    ရင်သွေးလေးတွေဆိုတာ အိမ်ရဲ့ ဆည်းလည်းလေးတွေပါ။ စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေး ပိုခိုင်မြဲအောင် ချည်ပေးတဲ့ ကြိုးလေးတွေ ဆိုလည်း မမှားပါဘူး။ အိမ်ထောင်ကျပြီးပြီ ဆိုတာနဲ့ ကလေးမလိုချင်တဲ့ စုံတွဲဆိုလို့ ခပ်ရှားရှားရယ်ပါ။ ဒီလို ဘုရားပေးတဲ့ ဆုလာဘ် ကိုယ်ဝန်လေးကိုပျက်ကျသွားမှာ စိုးတဲ့ အကြောက်တရား ကိုယ်ဝန်ဆောင်မိခင်တိုင်းမှာ ရှိကြပါတယ်။ ကိုယ်ပင်ပန်း ဆင်းရဲခံပြီး လပေါင်းများစွာ လွယ်ထားရတဲ့ ကိုယ်ဝန်ကို ဘယ်သူကတော့ ပျက်စေချင်ပါ့မလဲနော်။

    ဒါတွေကတော့ ကြုံဖူးမှ သိမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အကြောက်ဆုံး အရာတွေပဲဖြစ်ပါတယ်။ ကိုယ်ဝန်ရှိတော့ သွေးသားကလည်းနု ၊ စိတ်ကလေးကလည်း အရမ်းကို နုနယ်နေတဲ့အချိန်ဖြစ်တာကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အရာတွေ ကိုယ်ဝန်ဆောင်မိခင်တိုင်း ခံစားရမှာ တကယ့်ကိုအသေအချာပါ။ ဒီလို အကြောက်တရားတွေ ခံစားနေရတဲ့အချိန်ဆို မိသားစု၊ အထူးသဖြင့် ကိုယ့်အမျိုးသားရဲ့ ဖေးမကူညီမှုဟာ ကျွန်မတို့ မိန်းမသားတွေ အတွက်ကတော့ တကယ့်ကို နတ်ဆေးတစ်ပါး အလားပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင် ဇနီးသည်ကို ကြင်နာပါ။ ယုယပါ။ အရင်ကထက် ပိုဂရုစိုက်ပေးပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement