backup og meta

လူစိမ်းများက မိမိကိုယ်ဝန်နှင့်ပတ်သက်ပြီး အကြံဉာဏ်တွေပေးလာတဲ့အခါ ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူစိမ်းများက မိမိကိုယ်ဝန်နှင့်ပတ်သက်ပြီး အကြံဉာဏ်တွေပေးလာတဲ့အခါ ဘယ်လိုလုပ်မလဲ

    ရင်သွေးလေးရှိလာတဲ့အခါ မိမိအမေ၊ အစ်မ၊ အဖွားစသဖြင့် အတွေ့အကြုံရှိဖူးတဲ့ မိခင်တွေဆီက နှစ်သိမ့်မှုတွေ ၊ မှတ်သားစရာအကြံဉာဏ်လေးတွေရနိုင်ပါတယ်။ ဒါပေမယ့် အခြားသောလူစိမ်းတယောက်ယောက်ကသူတို့အတွေ့အကြုံပြောပြတာမျိုး၊ နောက်ဆုံးမိမိဝမ်းဗိုက်ကိုထိတွေ့သည်ထိလုပ်လာခဲ့မယ်ဆိုရင်တော့ သင်ကဒီတိုင်းပြုံးရင်းခေါင်းညိတ်လိုက်ရုံ၊ ဒါမှမဟုတ် ထွက်သွားချင်စိတ်ထိ ဖြစ်ပေါ်လာစေပါလိမ့်မယ်။ တစ်ခါတလေမိခင်လောင်းတချို့ကတော့အာရုံသိပ်မစိုက်ကြပေမယ့် တချို့သဘောမတွေ့တတ်တဲ့ မိခင်လောင်းတွေအတွက် မလိုချင်တဲ့အကြံပေးမှုတွေကိုရင်ဆိုင်ဖြေရှင်းနည်းလေးတွေဖြစ်ပါတယ်။

    ဒီလိုမျိုးတွေ ဘယ်တွေကနေကြုံရမလဲ

    သင်ရရှိတဲ့ အကြံဉာဏ်တွေဟာကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့အထွေထွေကိစ္စလေးတွေကစလို့ ခြုံငုံပြောတာမျိုးတွေအထိအမျိုးမျိုးရှိနိုင်ပါတယ်။ သာမန်အားဖြင့်တော့ အမေ၊ အဖွား၊ အစ်မတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဆီကရတဲ့ အကြံဉာဏ်တွေကတကယ်ကိုလှိုက်လှိုက်လှဲလှဲရိုးသားဖြူစင်ပါတယ်။ တချို့တွေကရှေးနည်းတွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မမေ့ပါနဲ့! နည်းလမ်းအသစ်တိုင်းကခေတ်မှီပြီးကောင်းမွန်တိုးတက်နေတာမဟုတ်ပါဘူး။ ထိုအမျိုးသမီးတွေရဲ့ အားပေးနှစ်သိမ့်တာတွေ အကြံဉာဏ်တွေနဲ့ ချစ်ခင်ရင်းနှီးမှုတွေကတန်ဖိုးထားနှစ်ခြိုက် ကျေးဇူးတင်စရာတွေပါ။

    လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆေးရုံမှာစောင့်နေတုန်းကသင့်နောက်ကတန်းစီနေတဲ့အမျိုးသမီးလိုမျိုးတွေကလည်းများသောအားဖြင့်တော့ ကောင်းသောရည်ရွယ်ချက်နဲ့အကြံပေးခြင်းဖြစ်ပါတယ်။

    ဒါပေမယ့် ထိုသူတွေကသင့်ကိုသင့်ရဲ့ဆံပင်ပုံစံ၊ အဝတ်အစားပုံစံတွေလိုမျိုးကိုတော့ အကြံဉာဏ်မပေးဝံ့ကြဘဲ ဘာကြောင့် ကိုယ်ဝန်နဲ့ပတ်သက်တာကတော့အများဆိုင်ရာကိစ္စလိုဖြစ်နေရပါသလဲ။ သူတို့တွေဆီကအကြံဉာဏ်တွေ ဝေဖန်ထောက်ပြချက်တွေကလုံးဝသာမန်တွေဖြစ်ပြီးတန်ဖိုးမရှိတတ်ပါဘူး၊ သူတို့ကသင့်ကိုရောသင့်ကိုယ်ဝန်အခြေအနေကိုရောသိကြတာမဟုတ်ဘူးလေ။

    သင့်ခံစားချက်အတိုင်းတုံ့ပြန်ပါ

    တချို့အမျိုးသမီးတွေကတခြားသူတွေထက် ပိုပြီးလူမှုရေးကောင်းတတ်ကြတယ်၊ အလိုအလျောက်ကိုပေါင်းရသင်းရလွယ်သူများဖြစ်ကြတယ်။ သင်ဟာအဲဒီလိုလူဆိုလျှင်တော့ သင်ကိုယ်ဝန်ဆောင်ချိန်မှာလည်းထိုကဲ့သို့ပဲဖြစ်မှာပါပဲ။ ဆရာဝန်ပြဖို့စောင့်ဆိုင်းနေတဲ့အခန်းထဲမှာတခြားအမျိုးသမီးတွေနဲ့ ပြောဆိုဖလှယ်ရတာကို နှစ်ခြိုက်ပါလိမ့်မယ်၊ ကြီးသူတွေကအလေးအပင်တွေမ,မဖို့ တွေသတိပေးတာကိုသဘောကျပါလိမ့်မယ်။ ဒါ့အပြင် တကယ်လို့ သင်ဟာလူမှုရေးကောင်းသူတစ်ယောက်ဆိုလျှင် သင့်ကိုယ်ဝန်နဲ့ပတ်သက်ပြီးသင်အံ့ဩသဘောကျစိတ်လှုပ်ရှားတာတွေကိုတခြားလူတွေအားလုံးကိုလည်းသိစေပါလိမ့်မယ်။ ဒီလိုမျိုးဆိုရင်တော့ မသိတဲ့လူစိမ်းတစ်ယောက်ကမိမိဝမ်းဗိုက်ကိုထိတွေ့တာမျိုးကိုဘယ်လိုမှကိုနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင်သည်တွေထဲမှာထိုကဲ့သို့ညွှန်ပြချက်တွေကိုမလိုချင်တဲ့လူမျိုးအနည်းဆုံးတော့ တစ်ယောက်လောက်ရှိတတ်ပါတယ်။

    တခြားသူတွေကသင့်ကိုဘယ်လိုလုပ်ရမယ် အကြံတွေပေးတဲ့အခါ သင်ကသင့်ရဲ့ပုံစံပေါ်မူတည်ပြီးအောက်မှာဖော်ပြထားတဲ့ တုံ့ပြန်မှုမျိုးလေးတွေထဲကတစ်ချက်၊ ဒါမှမဟုတ် ပိုပြီးသုံးကြည့်လို့ရပါတယ်။

    • ပြုံးပြပြီးခေါင်းလေးပဲညိတ်လိုက်ပါ။ ထိုသို့ပြုမူလိုက်ခြင်းဟာသင်ကသူတို့ကိုနားထောင်နေတယ်လို့ဖော်ပြလိုက်ခြင်းဖြစ်တယ်(သင်တကယ်နားမထောင်နေဘူးဆိုလျှင်တောင်မှ) ပြီးတော့ ဒီလိုနည်းနဲ့ ပြဿနာလေးတွေကိုရှောင်နိုင်တယ်။
    • အောက်ဖော်ပြပါတွေထဲကလိုပြောနိုင်ပါတယ်။

    ကျွန်မနဲ့ ခင်ပွန်းကဒီလိုဆုံးဖြတ်ထားပြီးပြီမို့လို့ ဒီလိုနည်းကပဲပိုကောင်းမယ်ထင်ပါတယ်။

    ဆရာဝန်ကကျွန်မတို့ကိုဒီလိုအကြံပေးထားတာမို့လို့ ကျွန်မတို့နှစ်ယောက်စလုံးဒီလိုပဲလိုက်နာတာကောင်းပါလိမ့်မယ်၊ ဆရာဝန်ကအသိဆုံးဆိုတော့လေဟုတ်လား၊

    ကျွန်မသိတာတော့ ဒါက ကျွန်မရွေးချယ်လို့ရတဲ့ထဲမှာအဆိုးဆုံးလို့သိထားတာ..

    ကျေးဇူးတင်ပါတယ်၊ ကျွန်မလုပ်ကြည့်လိုက်ပါမယ်နော်၊

    ဒါမှမဟုတ် စကားလမ်းကြောင်းလွဲပစ်လိုက်ပါ၊

    “ဟိုဇာတ်လမ်းနောက်ဆုံးပိုင်းကြည့်ဖြစ်လိုက်သေးလား” ဖြစ်ဖြစ်..၊ “ဈေးဆိုင်အသစ်ဖွင့်တယ်၊ သွားကြည့်ပြီးပြီလား” စသည်ဖြင့်….

    သင်နဲ့ရင်းနှီးနေတဲ့လူတွေကလွဲရင် တခြားလူတွေကိုသင့်ကိုယ်ဝန်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ၊ စိုးရိမ်မှုတွေကိုပြောမပြပါနဲ့။ တချို့လူတွေကဒါကိုအခွင့်အရေးယူပြီးသင်ကသူတို့ကိုနားထောင်ရတော့မယ်လို့တွေးသွားနိုင်ပါတယ်။ ထိုကဲ့သို့အခြေအနေတွေကြုံလာလျှင်တော့ ပြုံးပြပြီးခေါင်းလေးညိတ်လိုက်တာဖြစ်ဖြစ် ပြုံးပြပြီး

    ထွက်သွားလိုက်တာမျိုးကလုပ်သင့်ပါတယ်။

    အဖွဲ့အစည်းကနေကြိုဆိုပါတယ်”

    ဖော်ပြပါအကြံဉာဏ်မျိုးတွေအပြင် သင့်မွေးရက်နဲ့ ကလေးကယောက်ျားလေးလားမိန်းကလေးလားဆိုတာကိုသင်နဲ့ရင်းနှီးတဲ့လူတွေရဲ့ တဝက်ကျော်ကျော်လောက်ကမေးနိုင်ခြေရှိပါတယ်။ ရင်သွေးလေးရတော့မယ့်ကိစ္စဆိုတာဘက်စ်ကားပေါ်ကစိတ်အဆတ်ဆုံးအဖွားအိုတောင်မှ ပြုံးသွားစေနိုင်လောက်တဲ့ စိတ်လှုပ်ရှားစရာကိစ္စလေးပါ။ ကိုယ်ဝန်ရှိခြင်းကလေးရခြင်းတွေဟာစကြာဝဠာတစ်ခုလုံးကအမျိုးသမီးတွေကြားကိုချည်နှောင်ဆက်စပ်ပေးထားတာပါ။

    အဲ့ဒီအရာတွေက ကျွန်ုပ်တို့တွေကိုတူညီအောင်၊ တစ်ချိန်ထဲမှာပဲသူမတူထူးခြားနေအောင်စွမ်းဆောင်ပေးထားပါတယ်။ ဒီမေးခွန်းတွေကအမျိုးသမီးတိုင်းရဲ့ အလိုအလျောက်မေးလေ့ရှိတဲ့ မေးခွန်းလေးတွေဖြစ်ပြီးအချင်းချင်းမသိလိုက်မသိဖာသာနဲ့ ငါတို့အသင်းအဖွဲ့ကကြိုဆိုပါတယ် လို့ပြောနေသယောင် ချည်နှောင်ပေးသယောင်ဖြစ်နေပါတယ်။

    စိတ်မရှိပါနဲ့ ဒါကျွန်မဗိုက်ပါ၊

    လူစိမ်းတွေဆီကမေးခွန်းတွေကလက်ခံလို့ရနိုင်ပါသေးတယ်။ လူစိမ်းတွေဆီကအကြံဉာဏ်တွေကသင့်ကိုစိတ်အနှောင့်အယှက်ပေးနိုင်ပေမယ့် သည်းခံလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် ခွင့်မပြုဘဲသင့်ဗိုက်ပေါ် လက်တင်တာမျိုးကတော့ သည်းခံနိုင်မှုကိုကျော်လွန်သွားပါပြီ။ ဒါကဖြစ်သင့်တာမဟုတ်သလိုသင်သည်းခံဖို့လည်းမလိုပါဘူး။

    အဲဒီလိုဖြစ်လာရင်တော့(တကယ်လို့အဲဒီလိုဖြစ်မလာဘူးဆိုရင်လည်းသင်တော်တော်ကံကောင်းတာပါ)

    သင်က “စိတ်မရှိပါနဲ့၊ ဒါပေမယ့် ကျွန်မကိုထိပါးဖို့ထိသင့်ကိုခွင့်မပြုထားပါဘူး”ဟုဆိုကာလက်ကိုဖယ်လိုက်ပြီးတစ်ချက်ကြည့်လိုက်ကာထွက်သွားနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ကာလကိုနှစ်ခြိုက်ခံစားပါ

    ကိုယ်ဝန်ဆောင်ရခြင်းဟာသင့်ဘဝရဲ့ အံ့အားသင့် နှစ်လိုဖွယ်ကောင်းတဲ့ စိတ်လှုပ်ရှားစရာအချိန်လေးတွေပါ။ ဟုတ်ပါတယ် ပျို့အန်ခြင်းတွေနဲ့ တခြားကိစ္စတွေဖြစ်လာနိုင်တယ်ဆိုပေမယ့် နောက်ဆုံးရလဒ်ကတော့ တသက်တာချစ်သွားရမယ့် ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတစ်ယောက်ပဲမဟုတ်ပေဘူးလား..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement