လူတစ်ယောက်ကျန်းမာတက်ကြွနေတယ်ဆိုတာ ကိုယ်တွင်းမှာဟော်မုန်းတွေ ညီမျှနေလို့ပါ။ ကိုယ်တွင်းဟော်မုန်းတွေညီမျှနေစေဖို့ အစားအသောက်နဲ့ သက်ဆိုင်သလို တစ်နေ့တာလှုပ်ရှားနေထိုင်တဲ့ လူနေမှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်ကျနေမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ စိုးရိမ်စိတ်များနေမယ်၊ အသားအရေတွေခြောက်နေမယ်ဆိုရင်တော့ ခန္ဓါကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပါပြီ။