backup og meta

ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။

    ကိုယ်ဝန်ဆောင်ကာလမှာ မေမေတိုင်းလိုလို ကိုယ်ဝန်ဆောင်အားဆေးတွေ သောက်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးသွားပါမယ်။

    ကိုယ်ဝန်ဆောင်အားဆေးသောက်ခြင်းနဲ့ ပတ်သက်လို့ မေမေတို့ သိထားသင့်တဲ့အချက်တွေ ။ ။

    ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတွေ အတွက် တကယ်ကို ကြီးကျယ်တဲ့ စွန့်စားခန်းတစ်ခုပါ။ ကိုယ့်ရင်သွေးလေး ဗိုက်ထဲမှာ ရှိစဉ်တည်းက ကောင်းကောင်းဖွံဖြိုးဖို့၊ အာဟာရတွေ အပြည့်ရဖို့အတွက် အချိန်တိုင်း မေမေတို့ ခေါင်းထဲ မှာ စဉ်းစားနေကြတယ်မလား။ အဲဒီ အထဲမှာ ကိုယ်ဝန်ဆောင် ဖြည့်စွက်အားဆေးတွေ သောက်ဖို့အတွေးက ထိပ်ဆုံးကပေါ့။ ဒါပေမယ့်လည်း မေမေတို့ ခေါင်းထဲမှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးသောက်ဖို့ ဆိုတဲ့ အကြောင်းအရာတစ်ခုအပြင် အခြား မေးခွန်းတွေ လည်း ရှိနေဦးမယ်လို့ ထင်ပါတယ်။ ဒီတော့ ခေါင်းထဲက အတွေးတွေ ရှင်းသွားအောင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော် ။ ။၏

    • ကိုယ်ဝန်ဆောင်အားဆေးတွေ ထဲမှာမှ ဘယ်ဗီတာမင် နဲ့ သတ္တုဓါတ်က အရေးအကြီးဆုံးလဲ ။

    ဗီတာမင်နဲ့ သတ္တုဓါတ်ေတွ ထဲမှာမှ ကိုယ်ဝန်ဆောင်တွေ အတွက် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးကတော့ Folic acid၊ သံဓါတ်နဲ့ ကယ်လ်ဆီယမ်တို့ပဲ ဖြစ်ပါတယ်

    folic acid က ဦးနှောက်ရဲ့ အာရုံကြောစနစ်တို့ တည်ရှိရာနေရာဖြစ်တဲ့ ကျောရိုး ဖွံ့ဖြိုးမှုကို အားပေးပါတယ်။

    သံဓါတ် ကတော့ ဗိုက်ထဲက ရင်သွေးလေးတွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို သယ်ပေးပြီး မိခင်တွေကို သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။

    ကယ်လ်ဆီယမ်ကတော့ ရင်သွေးလေးတွေရဲ့ အရိုးကို သန်မာစေပြီး မိခင်တွေမှာ အရိုးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ အကုန်လုံးက အတူတူပဲလား ။ ။

    ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတိုင်းက မတူပါဘူး။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်အချိုးအစားနဲ့ ပေါင်းစပ်ပုံတို့က တံဆိပ်တစ်ခုနဲ့ တစ်ခုချင်းဆီမှာ မတူကြပါဘူး။ တစ်ချို့မှာ ဗီတာမင် အစုံပမာဏ နည်းနည်းနဲ့ ပါတတ်ပေမယ့် တစ်ချို့ကျတော့ အရေးကြီးတာတွေလောက်ကိုပဲ ပမာဏ အများကြီးထည့်ထားတာဖြစ်ပါတယ်။

    • ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေကို ကိုယ့်ဘာသာဝယ်သောက်လို့ရလား။

    ဆေးဝါးထောက်ခံချက် အမှတ် FDA ရထားတဲ့ ဘယ်ဆေးကိုမဆို စိတ်ချစွာ ဝယ်သောက်လို့ရတယ်ဆိုပေမယ့် ကိုယ့်ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။ ဘာ့ကြောင့်လဲဆိုတော့ကိုယ့်ဘာသာ ဝယ်သောက်တဲ့အခါကျတော့ ဝယ်သောက်တဲ့ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးရဲ့ ပါဝင်ပစ္စည်းနဲ့ အချိုးအစားကို သေချာမသိတဲ့အတွက် ကလေးဖွံဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ ဗီတာမင် A လိုမျိုး အရာတွေ ပါသွားတတ်လို့ပါ။

    ကိုယ်ဝန်စဆောင်တည်းက ပျို့အန် နေတတ်တော့ ဆေးသောက်လည်း ဆေးတွေ အန်တဲ့အထဲ ပါသွားတယ်။ ဘယ်လိုလုပ်ရမလဲ ။။

    ဒါဆိုရင် အားဆေးသောက်တဲ့ အချိန်ကို ပြောင်းလိုက်ပါ။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ မနက်ပိုင်း ပြန်အန်ထွက်ခြင်းကို ကာကွယ်ဖို့အတွက် ညအိပ်ရာ မဝင်ခင်သောက်ပေးလို့ရပါတယ်။

    • ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး တွေ အပြင် အခြား ဘာတွေ သောက်ပေးဖို့ လိုသေးလဲ။ ။

    ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ တော်တော်များများမှာ ကယ်လ်ဆီယမ်သတ္တုဓါတ် ၁၅၀ ကနေ ၂၅၀ မီလီဂရမ်လောက်ပဲပါပါယတ်။ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်လောက်တောင် လိုအပ်တာဆိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးတွေ လိုအပ်ရင် ထပ်သောက်ပေးလို့ရပါတယ်။

    ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ပါတတ်တဲ့ ဗီတာမင် D ပမာဏက 400 IU ကိုယ်ဝန်ဆောင်တွေ တစ်နေ့လိုအပ်တဲ့ ဗီတာမင် D ပမာဏက 600 IU ဆိုတော့ မလုံလောက်ဘူးဖြစ်နေတတ်တာပေါ့နော်။ ဒါပေမယ့် လိုနေတဲ့ ဗီတာမင် D ပမာဏ အနည်းငယ်ကို အစားအစာတွေ နေရောင်ခြည်တွေကနေ ရရှိနိုင်လို့ အများကြီးစိတ်ပူစရာတော့မရှိပါဘူး။

    ကလေးဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲံ အိုမီဂါ 3 fatty acid တစ်မျိုးဖြစ်တဲ့ DHAကိုတော့ ပင်လယ်ငါးတွေ စားပေးလိုက်ရင် ရမှာပါ။ ငါးကြီးဆီတွေ သောက်ပေးလို့လည်း ရပါတယ်။ တစ်ခုမှတ်ထားရမှာက ကိုယ်ဝန်ဆောင်အတွင် းဘာဆေးပဲသောက်သောက် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်တာကသာ အကောင်းဆုံးပါ။

    • သက်သတ်လွတ်သမား ကိုယ်ဝန်ဆောင်တွေရော ဖြည့်စွက်အားဆေးတွေ သောက်ပေးဖို့လိုလား ။ ။

    အသားမစားတဲ့ သက်သတ်လွတ်သမားတွေ လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ vitamin B12, zinc, iron နဲ့ omega-3 fatty acids ထဲက DHA တိုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သတ်သတ်လွတ် ကိုယ်ဝန်ဆောင်တွေ အားဆေးရှာဝယ်တဲ့အခါ ဒီလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ပါတဲ့ အားဆေးကို ရွေးဝယ်သင့်ပြီး ငါးကရတဲ့ DHA မဟုတ်ဘဲ ရေညှိကရတဲ့ DHA ကို သောက်ပေးလို့ရပါတယ်။

    • ကိုယ်ဝန်ရှိနေပြီး ဖြည့်စွက်အားဆေး မသောက်ရင်ရော ဆိုးကျိုးတွေ ဖြစ်နိုင်လား ။ ။

    ကိုယ်ဝန်ဆောင်တဲအချိန် အရေးအကြီးဆုံးကတော့ အစာအာဟာရ ပြည့်ပြည့်ဝဝစားသုံးတာနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာပဲ ဖြစ်ပါတယ်။ ကုိယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ က သောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ အားဆေးတွေချည်းကိုပဲ အားကိုးနေလို့ကတော့ လုံးဝမရပါဘူး။

  • ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေး သောက်ဖို့မေ့သွားရင် ဘာလုပ်ရမလဲ။
  • တစ်ရက်သောက်ဖို့မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ပြန်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။ သွေးတွင်း ပမာဏထဲက အချိုးအစားတွေ ပြောင်းသွားနိုင်လို့ပါ။ ဒါ့ကြောင့် ဆေးသောက်ဖို့ မမေ့အောင် မြင်သာတဲ့နေရာမှာ ထားတာမျိုး၊ ဖုန်းထဲ ဆေးသောက်ဖို့ alarm ပေးထားတာမျိုး လုပ်သင့်ပါတယ်။

    • ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ ကို ဘယ်အချိန်မှာ စသောက်သင့်တာလဲ ။ ။

    အခြား သတ္တုဓါတ်တွေကတော့ ဘယ်အချိန် စသောက်သောက် ကိစ္စမရှိပေမယ့် Folic acid ကိုကျတော့ ကိုယ်ဝန် မရခင် ၁ လလောက် အလိုတည်းက ကြိုသောက်ထားတာ အကောင်းဆုံးပါ။ ဒါ့အပြင် ကိုယ်ဝန် စစချင်း အပတ်ဆိုတာ ဗိုက်ထဲက ရင်သွေးလေးဖွံ့ဖြိုးဖို့ အားယူနေတဲ့အချိန်ဖြစ်တာကြောင့် အဲဒီ အချိန်မှာ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေ သောက်ပေးရင် အကောင်းဆုံးပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement