backup og meta

ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဘယ်လိုလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဘယ်လိုလုပ်ရမလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝလာတယ်ဆိုတာ ထူးခြားတဲ့အရာတခုတော့ မဟုတ်ပါဖူး။ ဒါပေမယ့် သင့်အနေနဲ့ နှစ်ယောက်စာစားတယ်ဆိုပြီး အရမ်းကြီးမကြိတ်ဖို့တော့လိုပါလိမ့်မယ်။ ပေါင်ချိန်တွေ အရမ်းတက်လာခဲ့အခါ သင့်ရောသင့်ကလေးပါ ဆိုးရွားပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေပြဿနာတွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်။ ဥပမာ လမစေ့ဘဲမွေးတာ၊ ဆီးချိုတက်တာ၊ သွေးတိုးတာနဲ့ မွေးလာတဲ့ကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းတာ စတာတွေပေါ့။ ဒါကြောင့် သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးတွေကို အောက်မှာဖော်ပြထားပါတယ်။ ဖတ်ကြည့်ပါဦး။

    ကိုယ်ဝန်ဆောင်ချိန် အရမ်းဝလာရင် ဒီလိုလုပ်ပါ။

    သင့်တင့်လျောက်ပတ်သလောက် စားပါ။

    ကယ်လိုရီတွေ လုံးဝဖြတ်တောက်ရမယ်လည်း မဟုတ်ပါဘူး။ သင့်ဗိုက်ထဲက ရင်သွေးလေး ကောင်းကောင်းကြီးထွားဖို့အတွက်လည်း ကယ်လိုရီလိုသေးတာကိုး။

    အဓိကမှတ်ထားရမှာက ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်အလေးချိန်ကျတာဟာ အန္တရာယ်ရှိတာမို့ ဝတယ်ဝတယ်ဆိုပြီး ဝိတ်တွေ အရမ်းချမပစ်ဖို့ပါ။ ကိုယ်အလေးချိန် အရမ်းမြန်မြန်ကြီး တက်မလာဘဲ နည်းနည်းချင်းဆီနဲ့ လိုအပ်သသလောက်ပဲ တက်တယ်ဆို ရပါပြီ။

    ဒါ့ကြောင့် သင့်အနေနဲ့လက်ရှိစားနေတဲ့ အစားအသောက်တွေနေရာမှာ ကျန်းမာရေးနဲ့ပိုပြီးသင့်တော်တဲ့အစားအစာတွေကို အစားထိုးပြီး စားပေးပါ။ ဥပမာ

    •  ပုံမှန်သောက်နေကျ နွားနို့အစား မလိုင်တွေ ဖယ်ထုတ်ထားတဲ့ (အဆီမပါသလောက်ဖြစ်တဲ့) နွားနို့ကို သောက်ပါ။
    • သစ်သီးခြောက်တွေ၊ အသီးနဲ့ လုပ်ထားတဲ့ သွားရည်စာတွေအစား လတ်ဆတ်တဲ့ သစ်သီးတွေကို စားပါ။
    • အာလူးကြော်အစား အာလူးပြုတ်စားပါ။
    • အရေခွံပါအောင် ကြော်ထားတဲ့ အသားတွေအစား အရေခွံမပါ၊ အဆီမပါတဲ့ အသားချည်းသက်သက်ကို စားပါ။

    မှန်ကန်သင့်တော်တဲ့ အစားအစာတွေကို ဝဝစားပါ။

    ဒီနေ့ ဘာချက်ရမလဲ စဉ်းစားတဲ့အခါ သင့်ကို အဆာလည်းခံစေပြီး ကယ်လိုရီလည်းမတက်စေတဲ့ အစားအစာတွေကို ရွေးချယ်ပါ။ ဥပမာ

  • လတ်ဆတ်တဲ့ အသီးအရွက်တွေ (အထူးသဖြင့် အစိမ်းရောင်အရွက်တွေပေါ့)။
  • ဖရဲသီးလို ရေဓာတ်ကြွယ်ဝတဲ့ အသီးတွေ။
  • အဆီမပါတဲ့ အသားတွေ။
  • ငါး။
  • Oatmeal စတာတွေ ဖြစ်ပါတယ်။
  • ရေဓာတ်ပြည့်ဝဖို့အတွက် ရေကိုပဲ အဓိကသောက်ပါ။ အအေးတွေ၊ ဖျော်ရည်တွေ မသောက်ပါနဲ့။
  • လိုအပ်တဲ့ပမာဏ ပြည့်မီအောင်စားပါ။

    ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစားအစာတွေကို လျှော့စားဖို့ မတွေးပါနဲ့။ ဥပမာ အသားတွေ၊ ငါးတွေ၊ အသီးအရွက်တွေကို ပုံမှန်စားနေကြ ပမာဏ ဒါမှမဟုတ် တိုးပြီး စားပေးရမှာပါ။ ဒါမှ လိုအပ်တဲ့ ပမာဏ ပြည့်မီမှာပဲ ဖြစ်ပါတယ်။

    အဆီတွေကို သတိထားပြီးစားပါ။

    လုံးဝမစားနဲ့လို့ မဆိုလိုပါဖူး။ တချို့သော အဆီအမျိုးအစားတွေက သင့်ရင်သွေးလေး ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျန်းမာရေးကို ထိခိုက်စေပြီး အဝလွန်စေနိုင်တဲ့ ဆီကြော်တွေ မစားပါနဲ့။ တိရိစ္ဆာန်ကရတဲ့ အဆီတွေ မစားပါနဲ့။ ဟင်းအနှစ်တွေ စားတဲ့အခါ အလွန်အကျွံမဖြစ်ဖို့ သတိပြုပါ။

    လှုပ်လှုပ်ရှားရှားနေပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ လှုပ်လှုပ်ရှားရှားနေလို့ရတဲ့ နည်းလမ်းတွေ အများကြီးပဲ ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် အထူးဖွင့်ထားတဲ့ ယောဂသင်တန်းတွေ တက်လို့ရသလို နေ့စဉ်ပုံမှန်လမ်းလျှောက်တာမျိုး လုပ်လို့လည်းရပါတယ်။

    တကယ်လို့ သင်ဟာ အလုပ်များလွန်းလို့ အားကစားပုံမှန်လုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင် ရုံး၊ အလုပ်သွားရင်၊ တနေရာရာကို သွားရင် သွားရမယ့်နေရာနဲ့ ဝေးဝေးမှာ ကားကိုရပ်ခဲ့ပြီး လမ်းလျှောက်တာမျိုး၊ ဓာတ်လှေကားမသုံးဘဲ ရိုးရိုးလှေကားနဲ့ တက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် အဝလွန်လာတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်တဲ့အတွက် အရမ်းကြီးမစိုးရိမ်ပါနဲ့။ သင့်နေထိုင်စားသောက်မှုပုံစံကို ပြင်ဆင်နေထိုင်မယ်၊ ဆင်ဆင်ခြင်ခြင်နေမယ်ဆိုရင် အားလုံးအဆင်ပြေမှာပါ။ အရေးကြီးဆုံးက ပိန်ဖို့မဟုတ်ဘဲ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မိခင်တယောက်မှာ ရှိသင့်တဲ့ကိုယ်အလေးချိန်အတိုင်း ရှိနေဖို့ပဲလိုပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement