သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် ဆိုတိုင်း ရှောင်ရမှာလား

    ကာဗိုဟိုက်ဒရိတ် ဆိုတိုင်း ရှောင်ရမှာလား

    ဒါ့ကြောင့် ကိုယ်စားသုံးမယ့်အာဟာရတွေထဲမှာ ကာဗိုဟိုက်ဒရိတ်တွေကို မှန်ကန်အောင်ရွေးချယ်နိုင်ဖို့ ဒါလေးတွေသိထားသင့်ပါတယ်။

    ကာဗိုဟိုက်ဒရိတ် ရိုးရိုးလား၊ အရောလား

    carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓါကိုယ်ရဲ့ပင်မခွန်အားအရင်းအမြစ်ဖြစ်ပြီး ညီညွတ်မျှတတဲ့စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေပါတယ်။

    ကာဗိုဟိုက်ဒရိတ်အဓိကအမျိုးအစား(၃) မျိုးက သကြားဓါတ်၊ ကစီဓါတ်နဲ့ အမျှင်ဓါတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓါတုဖွဲ့စည်းမှုနဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။

    ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေကချေဖျက်ရလွယ်ကူတဲ့ ခွန်အားအရင်းအမြစ်ဖြစ်တဲ့ အခြေခံသကြားဓါတ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓါတ်တချို့က အသီးတွေနဲ့ နို့မှာလိုမျိုး သဘာဝအတိုင်းပါဝင်နေတတ်တာဖြစ်ပါတယ်။

    ဂျုံကြမ်း၊ ပဲနဲ့ ကစီပါတဲ့ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတဲ့ ကာဗိုဟိုက်ဒရိတ်အရောကlonger chains of sugar moleculesတွေပါဝင်လို့ ခန္ဓါကိုယ်ကဖြိုခွဲချက်လုပ်ဖို့ အချိန်ပိုယူရပါတယ်။ ဒါ့ကြောင့် လူကို ခိုင်မြဲတဲ့ ခွန်အားပမာဏပိုပေးနိုင်တယ်လို့ သိရပါတယ်။

    ကာဗိုဟိုက်ဒရိတ်ရိုးရိုးဆိုတာ ဘာလဲ

    သူတို့အားလုံးကတော့ ဆိုးကျိုးပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေမဟုတ်ကြပါဘူး။ ဘယ်အစားအသောက်ကနေ သူတို့ကို ရရှိလိုက်တာလဲဆိုတာကိုပဲ မူတည်တာပါ။ ဥပမာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်အရင်းအမြစ်တွေဖြစ်ပြီး အခြေခံသကြားဓါတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေ သဘာဝအလျောက်ပါဝင်ပါတယ်။

    ဒါပေမယ့် အသီးနဲ့ ဟင်းသီးဟင်းရွက်တွေက ကွတ်ကီးနဲ့ ကိတ်မုန့်တို့လို ပြုပြင်သကြားထပ်ပေါင်းထားတဲ့ ကာဗိုဟိုက်ဒရိတ်ရိုးရိုးအမျိုးအစားဝင် တခြားအစားအသောက်တွေနဲ့တော့ ကွာခြားပါတယ်။ အသီးတွေမှာပါတဲ့အမျှင်ဓါတ်က ခန္ဓါကိုယ်ရဲ့သကြားချေဖျက်မှုကိုပြောင်းလဲစေပြီး အစာချေဖျက်မှုကိုနှေးစေပါတယ်။

    ကာဗိုဟိုက်ဒရိတ်ရိုးရိုး ဖြစ်ပေမယ့် အကန့်အသတ်နဲ့ ဆင်ခြင်စားသုံးသင့်တဲ့ အစားအစာတွေကတော့ –

    • ဆိုဒါ
    • သကြားလုံး
    • ကွတ်ကီး
    • အချိုမုန့်တွေ
      အချိုရည်
    • အားဖြည့်အချိုရည်
    • ရေခဲမုန့် တို့ပါဝင်ပါတယ်။

    ကာဗိုဟိုက်ဒရိတ်အရော ဆိုတာ ဘာလဲ

    သူတို့ကတော့ အကျိုးပြုတဲ့အမျိုးအစားလို့ သတ်မှတ်ကြပါတယ်။ သူတို့ကိုဖွဲ့စည်းထားတဲ့ သကြားဓါတ်ဟာ ခန္ဓါကိုယ်ကချေဖျက်ဖို့ ပိုကြာတတ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တာလုံးမှာ သကြားဓါတ်ကိုနည်းနည်းချင်းပုံမှန်နှုန်းနဲ့ ထုတ်ပေးနေမှာ ဖြစ်ပါတယ်။

    ကာဗိုဟိုက်ဒရိတ်အရောပါဝင်တဲ့ အစားအသောက်တွေမှာ ရိုးရိုးမှာထက် ဗီတာမင်၊ သတ္တုဓါတ်နဲ့ အမျှင်ဓါတ်တွေပိုပါဝင်တတ်ပါတယ်။ အာဟာရဓါတ်ပြည့်ဝတဲ့ ကာဗိုဟိုက်ဒရိတ်အရောတွေဆိုတာ –

    ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်တစ်ခုက ကောင်းမလား၊ ဆိုးမလား ရွေးချယ်တော့မယ်ဆိုရင် ဒါလေး သတိရပါ။ သကြားဓါတ်များပြီး အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်တွေနည်းလေ ကျန်းမာရေးအတွက် မကောင်းလေ ဆိုတာပါပဲ။

    ကာဗိုဟိုက်ဒရိတ်တွေဆိုတာ လုံးဝရှောင်သင့်တဲ့အရာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီတဲ့စားသောက်ပုံမှာဆို တစ်စိတ်တစ်ပိုင်းပါဝင်နေတာပါ။ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။ အာဟာရဓါတ် နည်းနိုင်တဲ့ အချိုပွဲသရေစာတွေကို ရှောင်ပါ၊ သကြားဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုကို ထည့်စဉ်းစားပါ၊ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ခွန်အားတွေရဖို့ ကျန်းမာရေးနဲ့ညီတဲ့ ဂျုံကြမ်း၊အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကထားရွေးချယ်ပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 13/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: