backup og meta

သင်ဟာထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တစ်ယောက်လား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တစ်ယောက်လား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

    ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လောက် အလှကုန်ပစ္စည်းဝယ်ရတဲ့နေရာမှာ အလုပ်ရှုပ်တာ မရှိပါဘူး။ သူများတွေ လှတော့ကိုယ်လည်းလှချင်တယ်။ ဒါလေးကကောင်းတယ်၊ ဟိုဟာလေးကကောင်းတယ်ဆိုပြီးညွှန်းကြတော့ လိုက်ဝယ်သုံးတယ်။ ဒီလိုနဲ့ ကံဆိုးသူမယ်ရှင် အဖြစ် ကံစမ်းမဲပေါက်တော့တာပဲ။ ကိုယ်အသားအရေက ထိခိုက်လွယ်နေတော့ သူများတွေနဲ့ အကုန်တည့်တာတွေက ကိုယ့်ကျမှ မတည့်ဖြစ်ပြီး ဓါတ်မတည့်မှုတွေဖြစ်လို့ မျက်နှာလေးက အဖုအပိန့်တွေ၊ အနီကွက်တွေနဲ့ ခြောက်သရောင်းပြီး ရုပ်ဆိုးသွားပါရော။ ဒါကြောင့် ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေအနေနဲ့ ဘာတွေကို သိထားသင့်လဲဆိုတာနဲ့ ပက်သက်ပြီးပြောပြပေးတော့မှာပါ။ ။

    • မဝယ်ခင် ဘူးနောက်ကျောက စာတွေ၊ ပါဝင်ပစ္စည်းတွေကို အရင်ဆုံး ဖတ်ပါ။

    ဘူးပေါ်မှာ ရှာရမယ့် အဓိက စာလုံးကတော့ “ for sevsitive skin ” ( ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်များအတွက် “ Gentle on skin” ( ပြင်းအားပျော့) ဆိုတာတွေ ဖြစ်ပါတယ်။ ကိုယ် အသားအရေက ထိခိုက်လွယ်နေတာဆိုတော့ ကိုယ်ဝယ်မယ့် အလှကုန်ထဲပါတဲ့ ပါဝင်ပစ္စည်းတွေက နည်းလေ ကောင်းလေပါပဲ။ အရေးအကြီးဆုံးကတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေနဲ့ လုံးဝမတည့်တဲ့ bleach, alcohol, ammonia, ethylene glycol monobutyl acetate, sodium hypochlorite, and trisodium phosphate တို့ မပါတဲ့ ထုတ်ကုန်တွေကိုသာ ရွေးသုံးပါ။

    • ရေနဲ့ အကြာကြီး မထိ ပါနဲ့။ ။

    မျက်နှာခဏခဏသစ်တာတို့၊ ရေအကြာကြီးစိမ်ချိုးတာတို့လုပ်ရင် အရေပြားပေါ်က အဆီေတွကို ရေက ဖယ်ရှားလိုက်သလိုဖြစ်လို့ သင့်အသားအရေ ခြောက်သွားတော့မှာပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် နဂိုတည်းကမှ အသားခြောက်ရတဲ့အထဲ ခုလိုတွေလုပ်ရင် အရေပြားက စိုပြေမှုမရှိတော့ဘဲ ကျိန်းစပ်နေတော့မှာ ဖြစ်လို့ သင်လိမ်းမယ့် အလှကုန်ပစ္စည်းတွေကို ဘယ်လိုမှ ခံနိုင်ရည်ရှိတော့မှာမဟုတ်ပါဘူး။ ။

    • မျက်နှာပေါ်က ဆဲလ်သေတွေဖယ်ရှားမယ်ဆိုပြီး scrub ေတွ အကြမ်းကြီးမလုပ်ပါနဲ့။

    မျက်နှာလေး နုပျိုနေဖို့အတွက် ဆဲလ်သေတွေ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆဲလ်သေတွေကို မဖယ်ရှားဘူးဆိုရင် မျက်နှာပြင်က တောက်ပမှုမရှိတော့ဘဲ ညစ်နေပါလိမ့်မယ်။ မျက်နှာက အသားအရေ ခြောက်လေလေ ဆဲလ်သေတွေလဲ အများကြီးရှိလေလေပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေရဲ့ မျက်နှာ အသားအရေတွေက ခြောက်တဲ့အတွက် ဆဲလ်သေအများကြီး ရှိတယ်ဆိုပြီး ဆဲလ်သေတွေဖယ်ဖို့ မျက်နှာကို scrub တွေ အရမ်းမလုပ်မိဖို့ အရေးကြီးပါတယ်။ မျက်နှာပြင် အသားအရေတွေပွန်းသွားနိုင်လို့ပါ။ ဒါကြောင့် တစ်ပတ်ကို တစ်ခါပဲ မျက်နှာကို scrub လုပ်ပါ။ ကိုယ်သုံးတဲ့ scrub ထုတ်ကုန်တွေက sensitive skinအတွက် ထုတ်ထားတာတွေ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

    • လက်ပေါ်မှာ အရင်စမ်းကြည့်ပါ။

    ကိုယ့်အသားအရေက ထိခိုက်လွယ်နေတဲ့အတွက် အလှကုန်တွေပဲ ဝယ်ဝယ်၊ ရေမွှေးပဲ ဝယ်ဝယ် ကိုယ်နဲ့တည့်မတည့် အရင်စမ်းကြည့်သင့်ပါတယ်။ “ for sensitive skin ” ထိခိုက်လွယ်တဲ့ အသားအရေအတွက် ထုတ်ထားတယ်ဆိုပြီး မျက်စိမှိတ်ယုံလိုက်လို့လည်း မရပါဘူး။ ဒါကြောင့် ကိုယ်တစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံး လက်အတွင်းသားလေးပေါ်မှာ တစ်ချက်အရင်လိမ်းကြည့်ပါ။ ပြီးရင် shopping mall ကို တစ်ပတ်ပတ်လိုက်ပါ။ တစ်ပတ်ပတ်ပြီးတဲ့ အချိန်ထိ လက်အတွင်းသားလေး နီရဲနေတာ၊ ယားနေတာ၊ အဖုအပိန့်ထနေတာမျိုး မရှိဘူုးဆိုရင် ဝယ်လို့ရပါပြီ။

    • အမွှေးနံ့ မပါတာတွေကို ရွေးသုံးပါ။ ။

    အလှကုန်တော်တော်များများက လူကြိုက်များလောက်တဲ့ အမွှေးနံ့တွေပါအောင် ထုတ်ထားကြတာများပါတယ်။ လိမ်းလိုက်ရင် အနံ့လေးက မွှေးမွှေးလေးဆို ပိုသဘောကျတယ်မဟုတ်လား။ ဒီလို သဘောကျတဲ့သူတွေထဲမှာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေပါလို့မရဘူးနော်။ အမွှေးနံ့ဆိုတာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေ ထိပ်ဆုံးက ရှောင်ရမယ့်အရာတစ်ခုပါ။ ဒါကြောင့် အလှကုန်ဝယ်ရင် “Fragnance Free” ဆိုတဲ့ ဘာအမွှေးနံ့မှ ထည့်မထားတဲ့ ထုတ်ကုန်တွေကိုသာ ရွေးဝယ်ပါ။

    • မျက်နှာကို ချွေးပေါက်ပိတ်စေတဲ့ ထုတ်ကုန်တွေကို ရှောင်ပါ။

    ရေစိုခံ၊ချွေးစိုခံအောင် ထုတ်ထားတဲ့ ၂၄ နာရီ ကြာ မပျက်ဘဲ စစလိမ်းတဲ့အတိုင်းလှနေရမယ်ဆိုတဲ့ ထုတ်ကုန်တွေကို ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ ထိပ်ဆုံးက ရှောင်ရပါလိမ့်မယ်။ သူတို့က ချွေးပေါက်ေတွကို ပိတ်စေပြီး အဆီဖုေလးတွေ ဖြစ်စေလို့ပါ။ ဒါကြောင့် ကိုယ်ဝယ်မယ့် အလှကုန်တွေမှာ noncomedogenic ဆိုတဲ့ စာလုံးလေးပါဖို့ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ သတိထားစစ်သင့်ပါတယ်။

    • ရေဓါတ်များများဖြည့်ပါ။

    မျက်နှာက ခြောက်တဲ့အတွက် ရေဓါတ်ြပည့်ဝဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ထိခိုက်လွယ်တဲ့အသားအရေအတွက် သီးသန့်ထုတ်ထားတဲ့ ရေဓါတ်ပြည့် moisturizer တွေကို ရွေးဝယ်ပါ။

    • ဒုတိယ တစ်ခါဆိုတာ မရှိသင့်ပါဘူး။

    ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတစ်ခုကို ပထမ တစ်ခါကတော့ မသိလို့ဝယ်သုံးမိလိုက်တယ်။ နောက်တစ်ခါ အဲ့ဒီဟာကိုပဲ ထပ်ဝယ်သုံးမယ်ဆိုရင် တော့ သင့်လောက်မိုက်တဲ့သူမရှိပါဘူး. ဒါကြောင့် ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတွေကို သေချာမှတ်ထားပါ။ သူတို့ကို ရှောင်ပါ။

    • ကိုယ်နဲ့ တည့်တာတွေကိုပဲ စွဲသုံးပါ။

    ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ကိုယ်နဲ့တည့်တဲ့ ထုတ်ကုန်တစ်ခု တွေ့ပြီဆိုလို့ကတော့ မလွတ်တမ်း အဲ့ဒီတစ်မျိုးတည်းကိုပဲ စွဲသုံးပါ။ တစ်ခြားဟာတွေ ဘယ်လောက်ကောင်းကြောင်း ဘယ်သူတွေဘာပြောပြော နားမယောင်လိုက်ပါနဲ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement