ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင်  ဘာဖြစ်တတ်သလဲ။ မိုးရေက အဆိပ်သင့်စေလား။ မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။ ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။ မီးနေသည်များနဲ့ ရေပြဿနာ လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။ အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။ မီးနေသည်တွေ မိုးရေကိုင် ရင် […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

မွေးခန်းတွင်းမှာရှိတဲ့ ပစ္စည်းကိရိယာများ

မိခင်တစ်ယောက်အဖြစ် ရောက်ရှိခြင်းဟာ အဖိုးမဖြတ်နိုင်ပါဘူး။ မီးဖွားရမယ့်ရက်ကို နီးကပ်လာချိန်မှာ စိတ်ပူပင်စရာ၊ စိတ်လှုပ်ရှားစရာတွေ အများအပြား ခံစားရမှာပါ။ သင်မီးဖွားမယ့်နေရာအတွက် သေချာပြင်ဆင်တဲ့အခါ ကူညီနိုင်ဖို့ ဒီဆောင်းပါးက သင့်အတွက် မွေးခန်းထဲမှာ ဘယ်လိုကိရိယာတွေ လိုအပ်မလဲ၊ ဘယ်လိုနေရာချထားမလဲ ဆိုတာတွေကို ဖော်ပြပေးသွားမှာပါ။   Fetal Monitor ကိုယ်ဝန်လွယ်ထားစဉ်နဲ့ မီးဖွားတဲ့ အချိန်မှာ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းကို သေချာသိရှိအောင်လုပ်ခြင်းဖြင့် စိတ်ဖိအားကို တိုင်းတာဖို့ Fetal Monitor ကို အသုံးပြုပါတယ်။ အသုံးများတဲ့ အမျိုးအစား ၄ မျိုးကတော့ Doppler Fetal Monitor: Ultrasound နဲ့ တွဲဖက် အသုံးပြုပါတယ်။ A Fetal Stethoscope: ခရာပုံသဏ္ဍာန်ရှိပြီး ဝမ်းဗိုက်ပေါ် တိုက်ရိုက်ထားပြီး အသုံးပြုပါတယ်။ A Telemetry Monitor: Transmitter တွေကို အသုံးပြုခြင်းဖြင့် […]


ကလေးမွေးဖွားခြင်း

ကလေး ဘယ်လိုမွေးဖွားသလဲ

ကလေး ဘယ်လိုမွေးဖွားသလဲ ....... သင့်ရဲ့ ဒုက္ခတွေကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် အဆုံးသတ်ကိုရောက်ဖို့ တွန်းအားအနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာကို မရောက်မချင်း ကလေး မမွေးပြီးမချင်း ဘယ်အရာကိုမှ မြန်မြန်ဆန်ဆန် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရာအားလုံး ပြောင်းလဲချိန်တန်ပါပြီ။ သားအိမ်ဝချဲ့ပြီးတဲ့အခါမှာတော့ ကလေးကို မွေးလမ်းကြောင်းတစ်လျှောက် တွန်းထုတ်ဖို့ပဲ ကျန်ပါတော့တယ်။ ကလေး ဘယ်လိုမွေးဖွားသလဲ လူတွေရဲ့ တင်ပါးဆုံကွင်းဟာ ရှုပ်ထွေးတဲ့ပုံစံရှိပြီး သင့်ကလေးက ဗိုက်ထဲကထွက်လာနိုင်ဖို့ အလုပ်နည်းနည်းလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ တင်ပါးဆုံကွင်းဟာ အပေါ်ပိုင်းမှာ ဘေးကို အကျယ်ဆုံးဖြစ်ပြီး အောက်ပိုင်းမှာတော့ ရှေ့နောက် အကျယ်ဆုံးဖြစ်ပါလိမ့်မယ်။ ကလေးရဲ့ခေါင်းဟာ ရှေ့နောက်မှာ အကျယ်ဆုံးဖြစ်ပြီး ပုခုံးတွေကတော့ ဘေးဘက်ကို ကျယ်တာပါ။ ရလဒ်အနေနဲ့ သင့်ကလေးက လှည့်ကိုလှည့်ရမှာဖြစ်ပြီး မွေးလမ်းကြောင်းနဲ့တည့်အောင် ပြုပြင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ မိခင်တိုင်းလိုလိုရဲ့ တင်ပါးဆုံကွင်းဟာ အဝင်ဝမှာ ဘေးဘက်ကိုအကျယ်ဆုံးဖြစ်ပြီး ကလေးအများစုက တင်ပါးဆုံကွင်းထဲကို ဘယ်ဘက် […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမီးဖွားတော့မှာလား

ကိုးလကျော် ကိုယ်ဝန်ဆောင်အပြီးမှာ သင်အမျှော်လင့်ဆုံးနေ့ကတော့ ကလေးမွေးဖွားမယ့် နေ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးဘယ်နေ့မှာ မွေးမယ်ဆိုတာ သေချာ မသိနိုင်ပါဘူး။ ကလေးမမွေးဖူးတဲ့ မိခင်တွေဟာ ကလေးမွေးရမယ့် နေ့ရက်နီးလာရင် ကလေးမွေးမယ့် အရိပ်အယောင်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ဝင်လာကြပါတယ်။ ဘယ်တော့ ဖြစ်လာမှာလဲ။ ဘယ်လိုခံစားရမှာလဲ။ လက္ခဏာတွေက ဘာတွေလဲ။ ဒါဟာ အချိန်ကျပြီလို့ ဘယ်လိုသိမှာလဲ။ မိခင်တစ်ဦးနဲ့တစ်ဦး မတူညီတာကြောင့် ပထမ မေးခွန်းနှစ်ခုကို ဖြေဖို့ခက်ခဲပေမယ့် မိခင်မြောက်မြားစွာ ဝေမျှခဲ့ကြတဲ့ ကလေးမွေးမယ့်အရိပ်အယောင်တွေ အကြောင်းကို ဒီဆောင်းပါးမှာ ဝေမျှပေးမှာဖြစ်ပါတယ်။   ကလေးမမွေးခင် တစ်ပတ်ကနေ လေးပတ် ကလေးခေါင်းဆင်းခြင်း ကလေးမမွေးခင် ရက်သတ္တပတ်ပေါင်းများစွာအလိုမှာ သင့်ဗိုက်ဟာ ရင်ခေါင်းဆောင့်ပြီး ပြန်ကျတာကို ခံစားမိမှာပါ။ ဒီအခြေအနေမှာ သင့်ကလေးဟာ ထွက်လာဖို့ပြင်ဆင်တဲ့အနေနဲ့ တင်ပါးဆုံအတွင်းပိုင်းကို ဆင်းလာမှာဖြစ်ပြီး မွေးတဲ့အခါ လွယ်အောင် လှုပ်ရှားမှု ပြုမှာဖြစ်ပါတယ်။ ကလေးခေါင်းဟာ အောက်ကိုဆင်းလာပြီး နေရာယူမှာ ဖြစ်ပါတယ်။ သင့်ကလေးဟာ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းကို ကုသနည်းများ

ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။   ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ဆီးမထိန်းနိုင်ခြင်းဟာ ပုံမှန်ဖြစ်ပါသလား။ ဆီးမထိန်းနိုင်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လူအချို့မှာတော့ ကလေးမွေးပြီးသည်အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးအချို့အတွက်ကတော့ မပြင်းထန်ပေမယ့် အချို့အတွက်ကတော့ ပြင်းထန်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီး ၃-၄ လအကြာမှာ ဆီးအိမ်နဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေတွေကို ပြန်ရောက်သွားရင် ဆီးမထိန်းနိုင်ခြင်းလည်း ပျောက်သွားတတ်ပါတယ်။ ဆီးမထိန်းနိုင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။ ကိုယ်ဝန်ဆောင်အပြီး ဆီးမထိန်းနိုင်ခြင်းဟာ ဆီးအိမ်ပေါ်မှာ ဖိအားများတာကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။ ဆီးအိမ်ရဲ့ အဝက ကြွက်သားဟာ ဆီးကို ကောင်းကောင်းထိန်းပေးဖို့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။ များသောအားဖြင့် အာရုံကြော၊ အရွတ်နဲ့ တင်ပါးဆုံကြွက်သားတွေက ဆီးမထွက်ကျအောင် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို အထောက်အပံ့ပေးထားကြပါတယ်။ ဒီနေရာတွေ အဆန့်လွန်ခြင်း (သို့) […]


ကလေးမွေးဖွားခြင်းအကြောင်း

ရိုးရိုးမွေးရန် ပြင်ဆင်ခြင်း

သင့်ဘဝထဲသို့ ကလေးလေး ရောက်မလာခင် မိခင် အများစုသည် ကလေးမမွေးခင် ဘာလုပ်ရမည်၊ ဘာကို မလုပ်ရမည်ကို စဉ်းစားပြီး စိုးရိမ်တတ်ကြသည်။ သဘာဝအတိုင်း မွေးဖွားရန် ပြင်ဆင်ချိန်တွင် မိခင်တိုင်း စဉ်းစားရမည့် အချက်များစွာရှိသည်။ ဤဆောင်းပါးသည် သင်မွေးဖွားရန်အတွက် အရေးကြီးသော လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။   မွေးဖွားသည့် အဆင့်များကို သိထားခြင်း အမျိုးသမီးတိုင်းတွင် ကလေးမွေးသည့်အခါ ခံစားရသည်များ မတူညီကြပေ။ သင်မွေးဖွားလျှင် မည်သို့ ဖြစ်မည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။ သို့သော် ကလေး မွေးဖွားရာတွင် အောက်ပါ အဆင့်သုံးဆင့်ကို သင်ကြုံတွေ့ရမည်ဖြစ်သည်။ ပထမအဆင့်တွင် သင့်သားအိမ်သည် စတင်၍ တင်းလာပြီး ကျုံ့ခြင်း၊ ပြေလျော့ခြင်းကို တလှည့်စီ ဖြစ်စေမည်။ ထိုအခါ သားအိမ်ခေါင်းသည် ပါးပြီးကျယ်လာသည့် အတွက် ကလေးသည် မွေးလမ်းကြောင်း မှတဆင့် တိုးထွက်လာနိုင်သည်။ ဤအစောဆုံး အဆင့်သည် […]


ကလေးမွေးဖွားခြင်းအကြောင်း

ရေမြွှာပေါက်ရင်ဘာလုပ်ရမလဲ။

သင့်ကလေးကို မွေးဖွားဖို့အဆင်သင့်ဖြစ်ပြီဆိုရင် ရေမြွာပေါက်ပါလိမ့်မယ်။ သင်ရေမြွှာပေါက်ပြီဆိုရင် ဘာတွေဖြစ်လာမယ်လို့ တွေးထားပါသလဲ။ တကယ်လို့ သင်ဈေးဝယ်ထွက်နေတဲ့အချိန်မှာ ရေမြွှာပေါက်ရင် ဘယ်လိုလုပ်မလဲ။ စိတ်မပူပါနဲ့။ ဒါဟာ သင်ကြည့်နေကျ ရုပ်ရှင်တွေထဲကလို ဇာတ်လမ်းမဆန်လှပါဘူး။ ရေမြွှာပေါက်ရင် ဘာတွေဖြစ်လာနိုင်သလဲ။ သင့်ရဲ့ကလေးငယ်ကို ရေမြွှာရည်တွေပြည့်နေတဲ့ အမြှေးပါးအိတ်နဲ့ ကာကွယ်ထားတာပါ။ ဒီအမြှေးပါးပေါက်သွားပြီဆိုရင် သင့်ရဲ့မိန်းမကိုယ်နဲ့သားအိမ်ခေါင်းကနေ အရည်တွေစိမ့်ထွက်လာပါလိမ့်မယ်။ သင့်ရဲ့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် လက္ခဏာတစ်ရပ်ဖြစ်နိုင်သော်လည်း မွေးမယ့်နေ့မရောက်ခင်ကတည်းက ရေမြွှာပေါက်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လို ခံစားရမလဲ။ ခံစားရတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အဲ့ဒါက ဖောက်ဆို ပေါက်သွားတဲ့ခံစားမှုမျိုးလား။ အရည်တွေက ဝေါကနဲဆင်းလာမှာလား ။ ဒါမှမဟုတ် ဖြည်းဖြည်းချင်းစိမ့်ထွက်လာမှာလား။ ပြောရမယ်ဆိုရင်တော့ အထက်ပါအချက်တွေအားလုံး ခံစားရနိုင်ပါတယ်။ အချို့အတွက်ကတော့ ဒါဟာ အပေါ့စွန့်နေသလို ခံစားချက်မျိုး တဖြည်းဖြည်းချင်း စီးကျနေသလိုထွက်လာတာပါပဲ။ အချို့အတွက်ကတော့ ပိုပြီး ဒရာမာဆန်သွားပါပြီ။ ဒါပေမယ့် များသောအားဖြင့် ရေမြွှာအိတ်ပေါက်ပြီဆိုရင် လူတွေဟာ ဖိအားကိုအရင်ခံစားရမယ်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးခွဲမွေးမယ်ဆိုရင် ဘာတွေလိုအပ်သလဲ

Caesarean section လို့ ခေါ်တဲ့ C-section ဟာ ခွဲစိတ်ပြီး ကလေးမွေးဖွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ C-section ဟာ ပုံမှန်အတိုင်း မမွေးနိုင်တဲ့ မိခင်တွေ (သို့) ကလေးနဲ့ မိခင်ကို အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုလေ့ရှိပါတယ်။ မိခင်က ရိုးရိုးမမွေးချင်ဘူးဆိုရင်လည်း C-section ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။   C-section လုပ်ရင် ဘာတွေဖြစ်လာလဲ။ သင့်ကလေးကို လုံခြုံစိတ်ချရစွာ မွေးနိုင်မှာဖြစ်သော်လည်း ရိုးရိုးမွေးတာထက် နေပြန်ကောင်းဖို့ အချိန်ပိုယူရနိုင်ပါတယ်။ ဒါကြောင့် အောက်ဖေါ်ပြပါ အကြံပေးချက်တွေကို လိုက်နာပြီး သင့်ကိုယ်ခန္ဓါကို ဂရုစိုက်သင့်ပါတယ်။   ပြင်ဆင်ခြင်း တကယ်လို့ သင်ရော သင့်ဆရာဝန်ရောက C-section လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခွဲစိတ်မှုကို အစီအစဉ်ဆွဲသင့်ပါတယ်။ သင့်ဆရာဝန်က ခွဲစိတ်မှုနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုပါ ဆွေးနွေးပေးပါလိမ့်မယ်။ ဆရာဝန်ကို မေးခွန်းမေးဖို့ မမေ့သင့်ပဲ သင့်ရဲ့ […]


ကလေးမွေးဖွားခြင်းအကြောင်း

မိန်းမကိုယ်ကို နှိပ်နယ်ခြင်း (Vagina massage) ဟာ ကလေးမွေးဖွားစဉ် နာကျင်မှုကိုလျှော့ပေးနိုင်ပါတယ်။

ကလေးမွေးဖွားစဉ်မှာ မိခင်လောင်းတွေဟာ သူတို့ရင်ဆိုင်ရမယ့် နာကျင်မှုတွေအကြောင်း ကြားထားပြီးဖြစ်နေပါလိမ့်မယ်။ မွေးဖွားစဉ်နာကျင်မှုတွေထဲမှာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀ ရာခိုင်နှုန်း နဲ့အထက်ဟာ မိန်းမကိုယ်တစ်ဝိုက်မှာရှိတဲ့ နူးညံ့တဲ့တစ်ရှူးတွေရဲ့ အတွင်းပိုင်းနာကျင်မှုကို ခံစားကြရပါတယ်။ လတ်တလောမှာတော့ မိန်းမကိုယ်နှိပ်နယ်ခြင်း(vaginal massage) နည်းလမ်းဟာ ကလေးမွေးဖွားစဉ်နာကျင်မှုတွေကို ငွေကြေးကုန်ကျမရှိဘဲ လျှော့ချစေနိုင်မယ့် ထိရောက်တဲ့နည်းလမ်းတစ်ခုအနေနဲ့ လက်ခံလာကြပါပြီ။   မိန်းမကိုယ်နှိပ်နယ်ခြင်း(Vaginal massage) ဆိုတာဘာလဲ။ Vaginal massage ဆိုတာ မွေးဖွားစဉ်ကာလအတွင်းမှာ မိန်းမကိုယ်ကြွက်သားတွေနဲ့ perineum (မိန်းမကိုယ်နဲ့စအိုကြားကြွက်သား)တွေကို ပြေလျော့စေဖို့ရည်ရွယ်တဲ့ လေ့ကျင့်မှုပါ။ သဘာဝအတိုင်းမွေးဖွားမယ့် ကိုယ်ဝန်ဆောင်တွေဟာ ကလေးအပြင်ရောက်လာဖို့အတွက် မိန်းမကိုယ်ကြွက်သားတွေပိုပြီးဆန့်ထုတ်နိုင်ဖို့လိုအပ်တာကို တွေ့ကြရပါတယ်။ မွေးဖွားမယ့်နေ့မတိုင်မီ perineum (မိန်းမကိုယ်နဲ့စအိုကြားကြွက်သား) ကိုနှိပ်နယ်ပေးခြင်းဟာ သဘာဝအတိုင်းမမွေးဖွားဖူးတဲ့အမျိုးသမီးတွေကိုတောင် မွေးဖွားစဉ်နာကျင်မှုနဲ့ စုတ်ပြဲမှုဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်တာကိုတွေ့ရမှာပါ။ ကိုယ်ဝန်ဆောင်တွေဟာ မိန်းမကိုယ်နှိပ်နယ်ခြင်း (vaginal massage) ကိုပုံမှန်လုပ်ပေးမယ်ဆိုရင်မွေးလမ်းကြောင်းချဲ့ရခြင်း ကို ရှောင်လွှဲနိုင်ပါတယ်။   မိန်းမကိုယ်နှိပ်နယ်ခြင်း (Vaginal massage) […]


ကလေးမွေးဖွားခြင်းအကြောင်း

ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်

ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုး( ရိုးရိုးမွေးခြင်း၊ ဗိုက်ခွဲ၍မွေးခြင်း) ဖြင့် ကလေး မီးဖွားလေ့ရှိပါသည်။ နည်းလမ်း ၂ မျိုးစလုံးတွင် အားနည်းချက် အားသာချက်ရှိပါသည်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေကတော့ ရိုးရိုးမွေးခြင်း မည်သည့်ဆေးအကူမှမယူဘဲ သဘာဝမွေးလမ်းကြောင်း အတိုင်းမွေးခြင်းကို ဆိုလိုပါသည်။ အားသာချက် မိခင်အနေဖြင့် သဘာဝ မွေးလမ်းကြောင်းအတိုင်း မွေးနိုင်သည့်အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု အားတက်မှု ဖြစ်လာခြင်း ကလေးမွေးပြီး ဆေးရုံတွင် ၂၄ နာရီ မှ ၄၈ နာရီအတွင်းသာ နေရခြင်း နေပြန်ကောင်းချိန်မြန်ပြီး မီးတွင်းအနာမြန်မြန်သက်သာခြင်း ကလေးတွင်လည်း အဆုတ်သွေးလွှတ်ကြောများကျဉ်းမြောင်းရာမှ […]


ကြိုတင်ပြင်ဆင်ခြင်း

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄၀မှာ ကလေးမွေးဖွားနိုင်တယ်လို့ တွက်ချက်ကြတာကို ကျွန်တော်တို့အားလုံးသိပြီးသားပါ။ တကယ်လို့ ရက်သတ္တပတ်ပေါင်း ၄၀ကျော်လာတဲ့အချိန်ထိမမွေးသေးရင် သင်က မသက်မသာဖြစ်တာတွေ၊စိတ်မရှည်တာတွေနဲ့ မွေးဖွားမယ့်လုပ်ငန်းစဉ်စဖို့ စိတ်လှုပ်ရှားနေတာတွေဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မွေးဖွားရက်က နီးလာပြီး ကလေးက လက္ခဏာမပြသေးရင် သင်က အနည်းငယ်တော့ တွန်းအားပေးရပါလိမ့်မယ်။ ဆေးဘက်ဆိုင်ရာအကူအညီတွေအပြင် အိမ်မှာစမ်းကြည့်နိုင်တဲ့ ကလေးစတင်မွေးဖွားနိုင်မယ့် သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။ သင်က သဘာဝအတိုင်း မွေးဖွားဖို့အဆင်ပြေနေပေမယ့်အချို့သော အခြေအနေတွေမှာ အကူအညီ အနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ကျန်းမာရေးအကြံပေးက သင်နဲ့သင့်ကလေးဟာ နောက်မှမွေးတာထက် မကြာခင်မွေးလိုက်တာက ပိုပြီးကောင်းကျိုးရှိမယ်လို့ ဆုံးဖြတ်လိုက်ရင် သူက Inducing labor ကိုအကြံပြုနိုင်ပါတယ်။ Induce labor အတွက် ပထမနည်းလမ်းက ဆေးဘက်ဆိုင်ရာအကူအညီယူဖို့ဖြစ်ပြီး နောက်တစ်နည်းကတော့ အိမ်မှာပဲ များပြားလှစွာသောအချက်တွေကိုလိုက်လုပ်ပြီးမွေးဖွားဖို့ဖြစ်ပါတယ်။ ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ Medical induction အတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း