backup og meta

မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းကို ကုသနည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးဖွားပြီးနောက် ဆီးမထိန်းနိုင်ခြင်းကို ကုသနည်းများ

    ဆီးမထိန်းနိုင်ခြင်း ဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဟာ အန္တရာယ်မရှိပေမယ့် သက်တောင့်သက်သာတော့ မရှိစေပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ဆီးမထိန်းနိုင်ခြင်းဟာ ပုံမှန်ဖြစ်ပါသလား။

    ဆီးမထိန်းနိုင်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လူအချို့မှာတော့ ကလေးမွေးပြီးသည်အထိ ဖြစ်တတ်ပါတယ်။ အမျိုးသမီးအချို့အတွက်ကတော့ မပြင်းထန်ပေမယ့် အချို့အတွက်ကတော့ ပြင်းထန်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးပြီး ၃-၄ လအကြာမှာ ဆီးအိမ်နဲ့ သားအိမ်ဟာ ပုံမှန်အခြေအနေတွေကို ပြန်ရောက်သွားရင် ဆီးမထိန်းနိုင်ခြင်းလည်း ပျောက်သွားတတ်ပါတယ်။

    ဆီးမထိန်းနိုင်ခြင်း ဘာကြောင့်ဖြစ်တာလဲ။

    ကိုယ်ဝန်ဆောင်အပြီး ဆီးမထိန်းနိုင်ခြင်းဟာ ဆီးအိမ်ပေါ်မှာ ဖိအားများတာကြောင့် ဆီးထွက်ကျခြင်းကို ဆိုလိုပါတယ်။ ဆီးအိမ်ရဲ့ အဝက ကြွက်သားဟာ ဆီးကို ကောင်းကောင်းထိန်းပေးဖို့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး။

    များသောအားဖြင့် အာရုံကြော၊ အရွတ်နဲ့ တင်ပါးဆုံကြွက်သားတွေက ဆီးမထွက်ကျအောင် ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းကို အထောက်အပံ့ပေးထားကြပါတယ်။ ဒီနေရာတွေ အဆန့်လွန်ခြင်း (သို့) ဒဏ်ရာရခြင်းတွေဟာလည်း ဆီးမထိန်းနိုင်ခြင်း ကို ဖြစ်စေနိုင်ပါတယ်။

    ဘယ်လောက်ကြာမလဲ။

    ကိုယ်ဝန်ဆောင်စဉ် ဆီးမထိန်းနိုင်တဲ့ အမျိုးသမီးအများစုဟာ ကလေးမွေးအပြီးမှာ ပျောက်သွားတတ်ပါတယ်။ အချို့မိခင်တွေအတွက် ဆီးထွက်ကျခြင်းဟာ အကြိမ်ရေ နည်းလာပြီးကလေးမွေးအပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ အချို့တွေမှာတော့ လပေါင်းများစွာ (သို့) ဒီထက်ပိုပြီး ကြာမြင့်တတ်ပါတယ်။

    ဘယ်လိုကုသမလဲ။

    အောက်ပါအချက်တွေက ဆီးမထိန်းနိုင်ခြင်း ကို သက်သာစေနိုင်ပါတယ်။

    • ကဖင်းဓါတ်ဟာ ဆီးအိမ်ကို ဒုက္ခပေးပြီး ဆီးထိန်းသိမ်းမှုကို ခက်ခဲစေတာကြောင့် သူ့ကို လျှော့သင့်ပါတယ်။
    • ဆီးထွက်ကျခြင်းကို စုပ်ယူဖို့နဲ့ အဝတ်အစားတွေကို မညစ်ပတ်စေဖို့ သန့်ရှင်းတဲ့ လစဉ်သုံးပစ္စည်းကို အသုံးပြုသင့်ပါတယ်။
    • ဆီးအိမ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ ဆီးသွားချင်လာရင် ၁၅ မိနစ်လောက် အောင့်နိုင်အောင် လေ့ကျင့်သင့်ပါတယ်။ ဒီလိုနှစ်ပတ်လောက်လေ့ကျင့်ပြီး နောက်ပိုင်းမှာ မိနစ် ၃၀ အထိ၊ အစရှိတဲ့ အချိန်တွေကို တိုးတိုး လေ့ကျင့်သင့်ပါတယ်။

    ကီဂယ်လေ့ကျင့်ခန်း

    သင့်ဆရာဝန်က ဆီးမထိန်းနိုင်ခြင်းကို ထိန်းချုပ်ဖို့၊ လက္ခဏာတွေကို သက်သာစေဖို့ ကီဂယ်လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ တင်ပါးဆုံကြမ်းပြင်က ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

    ဒီကြွက်သားတွေ သန်စွမ်းခြင်းဟာ ဆီးပြွန်နဲ့ အစာဟောင်းအိမ်အ၀ ကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေပါတယ်။

    ကီဂယ်လေ့ကျင့်ရမဲ့ ကြွက်သားတွေကို ရှာဖွေဖို့ကတော့ အိမ်သာမှာထိုင်ပြီး ဆီးစသွား သင့်ပါတယ်။ ပြီးရင်တော့ ဆီးကြောင်းတစ်ဝက်မှာ ရပ်လိုက်ပါ။ ဆီးကြောင်းကို ရပ်ဖို့ အသုံးပြုလိုက်တဲ့ ကြွက်သားတွေဟာ ကီဂယ်ကြွက်သား တွေပဲဖြစ်ပါတယ်။ ကီဂယ်လေ့ကျင့်ခန်း လုပ်ဖို့အဆင့်တွေကတော့

    • ဝမ်းဗိုက်၊ ပေါင်နဲ့ တင်ပါးဆုံ ကြွက်သားတွေကို ဖြေလျှော့ပါ။
    • တင်ပါးဆုံအောက်ခြေက ကြွက်သားတွေကို တင်းလိုက်ပါ။
    • ကြွက်သားတွေကို တင်းပြီး ၁၀ အထိရေပါ။
    • တင်ပါးဆုံအောက်ခြေက ကြွက်သားတွေကို အနားပေးပြီး ၁၀ အထိရေပါ။

    ဒီလေ့ကျင့်ခန်းကို မနက်မှာ ၁၀ ကြိမ်၊ နေ့လည်မှာ ၁၀ ကြိမ်နဲ့ ညမှာ ၁၀ ကြိမ်၊ စုစုပေါင်း တစ်နေ့မှာ အကြိမ် ၃၀ ပြုလုပ်သင့်ပါတယ်။ တစ်နေ့တာရဲ့ အချိန်တိုင်း နေရာတိုင်းမှာ ပြုလုပ်နိုင်ပါတယ်။ ကားမောင်းနေစဉ်၊ စာကြည့်စားပွဲမှာ ထိုင်နေစဉ်၊ တီဗွီ ကြည့်နေစဉ်တွေမှာလည်း ပြုလုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement