သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးမယူမီ စီစဉ်သင့်သောအရာများ

ကလေးမယူမီ စီစဉ်သင့်သောအရာများ

သင်သည် ကလေးယူရန် ဆုံးဖြတ်ပြီးပြီလား။ သင်သည် မိခင်တစ်ဦးအဖြစ်ခံယူရန် စိတ်ထဲတွင် အဆင်သင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သင့်တွင် ရုပ်ပိုင်းဆိုင်ရာအရလည်း အဆင်သင့်ဖြစ်နေရန် လိုအပ်ပါသည်။

ကိုယ်ဝန်မဆောင်မီ လိုအပ်သည်များကို အစီအစဉ်တကျပြုလုပ်ခြင်းသည် ကိုယ်ဝန်ဆောင်မည့်သူတိုင်း ပြုလုပ်သင့်သောအရာများဖြစ်ပါသည်။

အောက်ပါမေးခွန်းများကို လေ့လာကြည့်ပါ။

မည်သည့် သန္ဓေတားဆေးမျိုးကို သင်အသုံးပြု နေသလဲ။

သင်သည် ကိုယ်ဝန်တားရန် သောက်ဆေးသုံးသူဖြစ်ပါက ရာသီသွေးပေါ်ခြင်းသည် ဆေးဖြတ်ပြီး ၂ ပတ်ခန့်အထိနောက်ကျနိုင်ပါသည်။ သေချာအောင် လအနည်းငယ်မျှ ထပ်စောင့်ကြည့်ချင်လျှင် ကွန်ဒုံးသုံးခြင်းဖြင့် အတူနေနိုင်သည်။

သင်သည် Progestrone ထိုးဆေးများ (ကြာရှည် သန္ဓေတားဆေးများ)ထိုးနေလျှင် ဆေးရပ်ပြီး ပုံမှန်ရာသီစက်ဝန်း ပြန်ရောက်ရှိရန် အတော်ကြာပေးလိမ့်မည်။ လေ့လာမှုများအရ အမျိုးသမီးများ၏ ၅၀% သည် ထိုးဆေးရပ်ပြီး ၇ လခန့်ကြာမှသာကိုယ်ဝန်ရကြောင်း တွေ့ရသည်။

ကာကွယ်ဆေးများ အပတ်မီအောင် ထိုးထားရဲ့လား။

ရေကျောက်၊ ဂျိုက်သိုး ကဲ့သို့သောရောဂါများသည် သင့်ဗိုက်ထဲတွင်ရှိသော ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ သင်သည် ကာကွယ်ဆေးများနှင့် ပတ်သက်ပြီး မမှတ်မိပါက ဆေးခန်းသို့သွားပြီး သွေးထဲတွင် ခုခံအားရှိမရှိ စစ်ဆေးနိုင်ပါသည်။

လိုအပ်လျှင် ကာကွယ်ဆေးများ ထိုးနိုင်ပါသည်။ ထိုသို့ကာကွယ်ဆေးထိုးခြင်းကို ကိုယ်ဝန်မဆောင်မီ တစ်လအလိုတွင် ပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်သည်။

သင့်ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲ။

အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ နှင့် ရင်ကျပ်ပန်းနာရောဂါကဲ့သို့သော နာတာရှည်ရောဂါများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆိုးကျိုးများဖြစ်နိုင်ချေရှိပါသည်။ သင်သည် ကိုယ်ဝန်ယူရန် ဆုံးဖြတ်ထားလျှင် အဆိုပါရောဂါများရှိပါက ရောဂါကို ပိုမဆိုးအောင်ထိန်းထားရန် လိုအပ်ပါသည်။ သင့်ဆရာဝန်နှင့် တိုင်ပင်ကာ ကိုယ်ဝန်ဆောင်ချိန်တွင် သတိထားရမည့်အချက်များကို လိုက်နာရမည်။

သင်သည် ဖြည့်စွက်အာဟာရများ မှီဝဲနေပါသလား။

သင်သည် ဖြည့်စွက်စာများ၊ ဆေးဖက်ဝင်အပင်များနှင့် တိုင်းရင်းဆေးများမှီဝဲနေပါက သင့်ဆရာဝန်အားပြောပြပါ။ သင်သောက်နေသော ဆေးများအပေါ်မူတည်ပြီး ဆရာဝန်ကဆေးပမာဏ ပြောင်းလဲခြင်း၊ ဆေးအမျိုးအစား ပြောင်းလဲခြင်း နှင့် ဆေးရပ်ခြင်းတို့ လိုအပ်လျှင် ပြုလုပ်လိမ့်မည်။

သင်နှင့် သင့်ကလေးကျန်းမာစေရန် ကိုယ်ဝန်ဆောင်ချိန်တွင် အားဆေးများလည်း သောက်သင့်ပါသည်။

သင့်တွင် လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများဖြစ်နိုင်ချေရှိပါသလား။

လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများသည် သင့်မျိုးအောင်ခြင်းကိုသာမက သင်နှင့် သင့်ကလေးကိုပါ ကိုယ်ဝန်ဆောင်ချိန်တွင် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် သင်နှင့် သင့်အိမ်ထောင်ဖက်တွင် ထိုရောဂါများဖြစ်နိုင်သည်ဟု သံသယရှိပါက သင် ကလေးမယူမီ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်သော စစ်ဆေးမှုများနှင့် ကုသမှုများကို ခံယူရပါမည်။

အချုပ်ဆိုရသော် သင်သည် မည်သို့ပင် ကလေးယူချင်နေပါစေ၊ ကလေးမယူမီတွင် သင့်ကိုယ်တိုင်နှင့် သင့်ကလေးအတွက် ဆိုးကျိုးများ မဖြစ်လာစေရန် လိုအပ်သော စီစဉ်မှုများကို ပြုလုပ်ရန် လိုအပ်ပါသည်။

ထို့ပြင် ထိုအချိန်သည် သင့်အတွက် စားသောက်နေထိုင်မှုများကို မှန်ကန်စွာ ကျင့်သုံးသင့်သည့် အချိန်ပင်ဖြစ်ပါသည်။ သင့်ကလေးအတွက် ပိုကောင်းသော အစာများစားပါ။ အရက်လျှော့သောက်ပါ။ ဆေးလိပ်ဖြတ်ပါ။ ကျန်းမာရေးနှင့် အညီ နေထိုင်ပါ။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Preconception planning: Is your body ready for pregnancy?http://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/preconception/art-20046664 Accessed November 9, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr. K Zin Thwe မှ ရေးသားသည်။ 16/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။