ရေမြွာရည် များခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

အယ်ထွာဆောင်း ရိုက်လိုက်လို့များ အဖြေက ကလေးလည်း ကောင်းတယ်။ အချင်းလည်း ပုံမှန်ပဲ။ ကလေးလည်း ပုံမှန်ကြီးတယ်။ ရေမြွာရည်လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကို ပြောတာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေ အကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို ရေမြွာရည် များတယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။

ရေမြွာရည် ဆိုတာဘာလဲ။

ရေမြွာရည် ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာ မရအောင်၊ အပူအအေးဒဏ် ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်း ဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေ သန်မာအောင်၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေအောင်၊ ချက်ကြိုးကို မဖိမိအောင် လုပ်ပေးပါတယ်။ တစ်လက်စတည်း ပြောရရင် ဗိုက်ထဲက ကလေးတွေက အသက်မရှူသေးတာမို့လို့ ရေမြွာရည် မမွန်းတတ်သေးပါဘူး။ နောက်ပြီး ကလေးက ဒီရေမြွာရည်ကို မျိုချလိုက်၊ စွန့်ထုတ်လိုက် လုပ်နေတာပါ။

ရေမြွာရည်များတယ် ဆိုတာ အယ်ထွာဆောင်း ရိုက်လိုက်လို့ AFIတန်ဖိုး 24ထက်ပိုတာ ဒါမှမဟုတ် MVPတန်ဖိုး 8cmထက်ပိုတာပါ။ ဒါကတော့ ဆရာဝန်ကိုမေးကြည့်မှ သိနိုင်တာပါ။ ကံကောင်းတာက ဒါက ကိုယ်ဝန်ဆောင်၁၀၀မှာ ၁ယောက် ၂ယောက်လောက်ပဲဖြစ်တာပါ။

ရေမြွှာရည်များရတဲ့အကြောင်းရင်းများ

  • ကလေးမှာ မွေးရာပါအစာအိမ်နဲ့ အူလမ်းကြောင်း ချို့ယွင်းပြီး ရေမြွာရည်မမျိုနိုင်တာ
  • ဦးနှောက်မဖွံ့ဖြိုးလို့ မျိုချရကောင်းမှန်း မသိတာ
  • Twin to Twin transfusion syndrome (အမြွာကိုယ်ဝန်မှာ တစ်ယောက်က သွေးများများရပြီး တစ်ယောက်က နည်းနည်းပဲရတာ)
  • ကလေးမှာ သွေးနီဥ နည်းတာ
  • အမေနဲ့ ကလေးနဲ့ကြား သွေးအမျိုးအစား ပြဿနာဖြစ်တာ (ဥပမာ Rh သွေးအမျိုးအစားမတူတာ)
  • ကိုယ်ဝန်ဆောင်စဥ် ပိုးဝင်တာ
  • အမေမှာ ဆီးချိုရောဂါရှိတာ စတာတွေ ပဲဖြစ်ပါတယ်။ တစ်ခါတလေတော့လည်း ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမသိရပါဘူး။

ရေမြွာရည်များရင် ဘာလက္ခဏာတွေပြမှာလဲ။

ရေမြွာရည်သိပ်မများရင်တော့ လက္ခဏာ သိပ်မပြပါဘူး။ သိပ်များလွန်းရင်တော့

ရေမြွာရည် များခြင်းရဲ့ နောက်ဆက်တွဲက ဘာဖြစ်မှာလဲ။                  

လနုနုလေးနဲ့ ရေမြွာရည်များနေတာက နောက်ဆက်တွဲဖြစ်ဖို့ ပိုများပါတယ်။ ဖြစ်နိုင်တာတွေကတော့

  • လမစေ့ဘဲ မွေးတာ
  • ရေမြွာရည်စောပေါက်တာ
  • အချင်းကွာတာ
  • ချက်ကြိုးကျွံတာ
  • ခွဲမွေးရတာ
  • ကလေးအသေမွေးတာ
  • မွေးပြီးရင် သားအိမ်ကျယ် နေတာကြောင့် သွေးသွန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒီလောက်ဆို ရေမြွာရည်များတာက ဘာလဲဆိုတာ သိလောက်ပါပြီ။အဖြစ်နည်းပေမယ့် ဖြစ်လာရင် အမေရော ကလေးပါ ထိခိုက်နိုင်တာမို့လို့ ရေမြွာရည်များတယ် ဆိုတာ သိတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး  စောင့်ရှောက်မှု ခံယူပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချိုရောဂါရှိနေတဲ့ ကလေးကို ဘယ်လို ပျိုးထောင်ပေးမလဲ။

အမျိုးအစား (၁) ဆီးချိုရောဂါက ကလေးတွေမှာ အတွေ့ရများပါတယ်။ အစားအသောက်၊ ဆေးဝါးနဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဖျားနာတာ၊ ဆေးသောက်ချိန်မမှန်တာ၊ ကဖင်းဓာတ်စတာတွေကြောင့် ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲတာက ခံရခက်ပြီး အခန့်မသင့်ရင် နာတာ၊ ပိုးဝင်တာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှီတဲ့သူတွေဆို ပိုပြီး ဂရုတစိုက် ကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read
ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
သုက်မထွက်အောင် ထိန်းတာ

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read