backup og meta

ကိုယ်ဝန်ဖျက်ချခြင်း - နောက်ပိုင်းကိုယ်ဝန်တွေကို ထိခိုက်နိုင်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဖျက်ချခြင်း - နောက်ပိုင်းကိုယ်ဝန်တွေကို ထိခိုက်နိုင်သလား

    ကိုယ်ဝန်ဖျက်ချခြင်း ဆိုတာဘာလဲ။

    ကိုယ်ဝန်ဖျက်ချခြင်း (သို့) ကိုယ်ဝန်အဆုံးသတ်ခြင်းဟာ ခွဲစိတ်ခြင်း (သို့) ဆေးသောက်ခြင်းအားဖြင့် အချိန်မတိုင်ခင် ကိုယ်ဝန်အဆုံးသတ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဖျက်ချဖို့ အကြောင်းရင်းများစွာရှိပါတယ်။ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ (သို့) ကလေးမွေးအပြီးမှာ ကလေးရဲ့ ကျန်းမာရေးအခြေအနေ (မျိုးရိုးဗီဇဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှု) တွေ ပါဝင်ပါတယ်။ သင် ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် နောက်တစ်ကြိမ်ကိုယ်ဝန် ပြန်ရဖို့ ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိတ်ပူကောင်း စိတ်ပူနေနိုင်ပါတယ်။

    ကိုယ်ဝန်ဖျက်ချမှုဟာ အမျိုးသမီးတွေရဲ့ ကလေးရရှိမှုကို ထိခိုက်စေနိုင်ပါသလား။

    သုတေသနတွေအရ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကိုယ်ဝန်မရရှိနိုင်ခြင်းတွေ၊ နောက်ရလာမယ့် ကိုယ်ဝန်တွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြင်း မရှိပါဘူး။ ကျင့်ဝတ်ပိုင်းအရ ကြည့်မယ်ဆိုရင် အငြင်းပွားဖွယ်အချက်တွေ ရှိပေမယ့် ကိုယ်ဝန်ဖျက်ချခြင်းကို သင့်လျော်တဲ့ သန့်ရှင်းတဲ့ အခြေအနေတွေမှာ ပြုလုပ်ရင် သူဟာ စိတ်ချရပြီး ရိုးရှင်းတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချခြင်းဟာ အမျိုးသမီးရဲ့ နောက်ထပ်ကိုယ်ဝန်ရှိနေခြင်းကို ထိခိုက်ခြင်း မရှိပါဘူး။

    ဆိုးကျိုးတွေက ဘာတွေလဲ။

    ကျန်းမာရေးအရ လုပ်ဆောင်မှုအားလုံးမှာ ဆိုးကျိုးတွေ ရှိပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းမှာလည်း ဆိုးကျိုးရှိနိုင်ပါတယ်။ နောက်ကိုယ်ဝန်အတွက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

    • ကိုယ်ဝန်အစောပိုင်းမှာ မိန်းမကိုယ်မှ သွေးဆင်းခြင်း
    • အချိန်မတိုင်မီ ကလေးမွေးခြင်း
    • ကလေးမွေးချိန်မှာ ကလေးကိုယ်အလေးချိန် နည်းခြင်း
    • အချင်း ပြဿနာများ

    ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဓိက ဆိုးကျိုး နှစ်ခုကတော့ ရောဂါပိုးဝင်ခြင်းနဲ့ သားအိမ်ပျက်စီးခြင်း တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ နှစ်ကြိမ်ထက်ပိုပြီး ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် ကလေးဖျက်ချအပြီးမှာ ရောဂါပိုးဝင်နှုန်း မြင့်မားနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းအများစုကို ဆေးနဲ့ကုသနိုင်ပါတယ်။ ဒါပေမယ့် မျိုးပွားအင်္ဂါများရောင်ရမ်းခြင်းလိုမျိုး ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်းဟာ သေချာကုသခြင်းမရှိခင် လိင်အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်မရနိုင်တော့ခြင်း (သို့) သားအိမ်ပြင်ပ ကိုယ်ဝန်ရှိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရှားပါးပေမယ့် ခွဲစိတ်မှု ကြီးမားတာကြောင့် သားအိမ်ထိသွားတယ်ဆိုရင် သားအိမ်ခေါင်းဟာ ပျက်စီးနိုင်ပြီး အားနည်းနိုင်ပါတယ်။ အားနည်းသွားတဲ့ သားအိမ်ခေါင်းဟာ နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ထိန်းသိမ်းနိုင်မှု အားနည်းတာကြောင့် ကိုယ်ဝန်ပျက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သားအိမ်ခေါင်း အားနည်းမှုကို ခွဲစိတ်ကုသနိုင်ပြီး သားအိမ်ခေါင်းပိတ်အောင် ချုပ်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။

    ကိုယ်ဝန်ဖျက်ချခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ

    ကိုယ်ဝန်ဖျက်ချခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်နေတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချမှုကို ကြုံရတဲ့ အမျိုးသမီးတွေဟာ အပြစ်ရှိတယ်လို့ ယူဆခြင်း (သို့) ရောထွေးနေတဲ့ ခံစားမှုတွေကြောင့် လိင်ဆက်ဆံမှုကို ရှောင်ရှားတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့နောက်တစ်ကြိမ် ကလေးရရှိခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်း မပြုလုပ်မီနဲ့ ပြုလုပ်အပြီးမှာ အိမ်ထောင်ဖက် (သို့) သင်ယုံကြည်ရသူနဲ့ တိုင်ပင်စကားပြောသင့်ပါတယ်။ ပြီးတော့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ အနည်းဆုံးတစ်လ စောင့်ဆိုင်းသင့်ပါတယ်။ သင့်ကိုယ်ခန္ဓါဟာ နောက်တစ်ကြိမ် ကိုယ်ဝန်မဆောင်ခင် ပြန်ကောင်းဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။

    ဘာကြောင့်ပဲ ကိုယ်ဝန်ဖျက်ချသည်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်လွှဲလို့မရပါဘူး။ တကယ်လို့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီး စိတ်ပူနေတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ကျန်းမာရေးစောင့်ရှောက်သူက ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ နောက်တစ်ကြိမ်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို နားလည်အောင် ရှင်းပြမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement