ဒီပြသနာဟာ အမျိုးသမီးတွေတင်မက အံ့သြစရာကောင်းအောင်ပဲ အမျိုးသားတွေမှာပါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်း အတိအကျကိုတော့ မသိရပါဘူး။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကိုယ်တွင်းဓာတုစ္စည်းတွေ ဟန်ချက်မညီခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။
ကလေးရဖို့ ခက်ခဲခြင်း၊ မကြာခဏ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကို ဆုံးရှုံးရခြင်း၊ သွေးဆုံးချိန်နီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း စတဲ့ ပြဿနာတွေကြောင့် ကလေးကို အရမ်းလိုနေချိန်မှာ ကိုယ်ဝန်ရှိလာသယောင် ထင်ယောင်ထင်မှား ဖြစ်လာတတ်ပါတယ်။ တခါတရံ ရင်သားများ ကြီးထွားလာခြင်း၊ ဝမ်းဗိုက်ပူလာခြင်း စတာတွေ ဖြစ်လာပြီး ဦးနှောက်ကနေ ကိုယ်ဝန်ရှိလာတယ်လို့ မှတ်ယူလိုက်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ကိုယ်ဝန်လက္ခဏာများ ပေါ်လာပါတယ်။
မျိုးဥအိမ်ကင်ဆာ၊ ကိုယ်တွင်းဓာတုပစ္စည်းများ ဟန်ချက်မညီခြင်း စတဲ့ ကျန်းမာရေး အခြေအနေတွေကလည်း ကိုယ်ဝန်ရှိသလိုထင်ရ စေပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း စိတ်ကျခြင်း လက္ခဏာတွေ ပေါ်လာပြီး ကိုယ်ဝန်ရှိသလို ထင်ယောင်ထင်မှားဖြစ်စေ ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။