backup og meta

ဝမ်းဗိုက်ရှေ့ကြွက်သား ကွဲထွက်၊ဟခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်ရှေ့ကြွက်သား ကွဲထွက်၊ဟခြင်း

    ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ခန္ဓါ ပြောင်းလဲမှု မျိုးစုံကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အချို့ပြောင်းလဲမှုတွေက ရင်သားနဲ့ ခြေထောက်ရောင်ရမ်းမှုတွေဖြစ်ပြီး ခဏတာသာ ဖြစ်ပေမယ့် အချို့ကတော့ သူမဘဝတစ်လျှောက်လုံး တည်ရှိနိုင်ပါတယ်။

    ဒီလိုကလေးမွေးအပြီး ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေ ထဲက တစ်ခုကတော့ ဝမ်းဗိုက်ကြွက်သား ဟခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီပြဿနာအကြောင်း ဖေါ်ပြသွားမှာဖြစ်ပါတယ်။

    ဝမ်းဗိုက်ရှေ့ကြွက်သား ဟခြင်း ဆိုတာဘာလဲ။

    ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း (Diastasis Recti) ဟာ သားအိမ်ရဲ့ လွန်ကဲတဲ့ ဖောင်းတင်းမှုကြောင့် ဖိအားများပြီး ရင်ညွှန့်ကနေ ဆီးခုံရိုးထိဆက်သွယ်တန်းထားတဲ့ ဗိုက်အလယ်ပိုင်းရှိ linea alba ကြွက်သားအမျှင်များ (ဘယ်နှင့်ညာဝမ်းဗိုက်ကြွက်သားကို ဆက်သွယ်ပေးထားသည်) သည် အဆွဲဆန့်လွန်ပြီး ကွဲသွားခြင်း ဖြစ်ပါတယ်။

    ဒီလိုဖြစ်ခြင်းဟာ ဝမ်းဗိုက်ရှေ့ကြွက်သား (rectis abdominits) ရဲ့ ဘယ်ညာနှစ်ဘက်မှာ ၃ စင်တီမီသာထက် ပိုပြီးတော့ ကွဲထွက်၊ ဟခြင်းကို ဖြစ်ပေါ်စေပြီး ဗိုက်ကို ဖေါင်းထွက်လာစေပါတယ်။ ဒီအခြေအနေကို ခံစားနေရတဲ့ မိခင်အများစုဟာ ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း ကို ဗိုက်ဖေါင်းလာပြီး နောက်တစ်ကြိမ်ကိုယ်ဝန်ရှိခြင်းနဲ့ တူတယ်လို့ ဖေါ်ပြကြပါတယ်။

    ဒီပြဿနာဟာ ကလေးငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ အန္တရာယ်မရှိပဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။

    ဒီပြဿနာကို မိခင်နဲ့ ကလေးအတွက် ရောဂါ (သို့) အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုအဖြစ် မသတ်မှတ်ကြပေမယ့် ဗိုက်အလယ်ပိုင်းမှာ ထောက်ပံ့ပေးနိုင်ခြင်း ကင်းမဲ့တာမို့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကတော့

  • တင်ပါးဆုံ၊ ခါးနာခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဝမ်းချုပ်ခြင်း
  • လမ်းလျှောက်၊ အသက်ရှူရ ခက်ခဲခြင်း
  • ကလေး ရိုးရိုးမွေးရန်ခက်ခဲခြင်း
  • အချို့အလွန်ရှားပါးတဲ့အခြေအနေတွေမှာ အူကျွံခြင်းကို ဖြစ်စေတတ်ပါတယ်။

    ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း ကို ဘယ်အခြေအနေတွေက ပိုဆိုးစေသလဲ။

    Sarah Haag အမည်ရှိကုထုံးဆရာဝန်၏ အဆိုအရ ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ ကိုယ်ဝန် တတိယသုံးလကိုရောက်ချိန်မှာ ဝမ်းဗိုက်ရှေ့ ကြွက်သားဟခြင်း အခြေအနေတစ်ခုအထိ ဖွံ့ဖြိုးလာတတ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ဒီအခြေအနေရဲ့ ပြင်းထန်မှုကတော့ အောက်ပါအချက်တွေရှိတယ်ဆိုရင် ပိုဆိုးနိုင်ပါတယ်။

    • အသက် ၃၀ ကျော်
    • ကိုယ်ဝန်အမြွှာပူးဆောင်ခြင်း
    • ဗိုက်ထဲက ကလေးထွားခြင်း

    ဗိုက်ဟာ သူ့အလိုလို ပြန်ကောင်းသွားနိုင်ပါသလား။

    သတင်းကောင်းကတော့ ခွဲစိတ်အပြီးမှာ မိခင်ရဲ့ linea alba (ဝမ်းဗိုက်အလယ်တွင်ရှိသော ရင်ညွှန့်ရိုးမှ ဆီးခုံရိုးထိဆက်ထားသော ကြွက်သားအမျှင်စု)ဟာ သူ့ရဲ့ ကိုယ်ပိုင် ကျုံ့နိုင်ဆန့်နိုင်စွမ်းနဲ့ တင်းကျပ်မှုတွေကို ပြန်ရနိုင်ပါတယ်။

    ဗိုက်အလယ်က နှစ်ခြမ်းဟာ တဖြည်းဖြည်း ပြန်ပိတ်လာနိုင်ပါတယ်။ ကလေးတွေအတွက် သတင်းဆိုးကတော့ ကိုယ်ခန္ဓါဟာ ဒီလိုကံျု့ခြင်းကို အနည်းငယ်သာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်မဆောင်ခင် အခြေအနေတွေကို ပြန်ဖြစ်ဖို့ဆိုတာ ရာနှုန်းအလွန်နည်းပါတယ်။

    ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း ကို ကာကွယ်ခြင်းနဲ့ ကုသခြင်း

    ဒီပြဿနာ ကို ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် အကောင်းဆုံးနည်းလမ်းကတော့ ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂလေ့ကျင့်ခန်း၊ ခြေထောက်ဆန့်တန်းခြင်း၊ လေးဖက်ထောက်ပြီး ခြေထောက်ဆန့်ထုတ်သောလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

    ဒီအခြေအနေကို ပိုဆိုးစေတဲ့ လေ့ကျင်ခန်းတွေဖြစ်တဲ့ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း၊ ဝိတ်မခြင်း၊ အိပ်ထမတင်လုပ်ခြင်း အစရှိတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မိခင်တွေဟာ ကလေးမွေးပြီးချိန်မှာ လေးလံတဲ့ အရာဝတ္ထုတွေကို မမသင့်ပါဘူး။

    ဝမ်းဗိုက်လေ့ကျင့်ခန်းတွေကို ကလေးမွေးပြီး ပထမ ခြောက်ပတ်အတွင်း မလုပ်သင့်ပါဘူး။ ဒါဟာ ကြွက်သားတွေရဲ့ သဘာဝအတိုင်းပြန်ကောင်းစေတဲ့ ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေကို ကလေးမမွေးခင်မှာ ကလေးညှစ်တဲ့နည်းလမ်းတွေကို ကြိုတင်သင်ကြားပေးထားသင့်ပါတယ်။ ကလေးကို မှားယွင်းစွာညှစ်ခြင်းဟာ ဗိုက်မှာ ပြင်းထန်တဲ့ ဖိအားကိုဖြစ်စေပြီး ဆန့်ခြင်းရဲ့ ဆိုးရွားမှုကို မြင့်တက်စေပါတယ်။

    ပြင်းထန်တဲ့အခြေအနေတွေမှာ မိခင်တွေဟာ ဝမ်းဗိုက်ရှေ့ ကြွက်သားဟခြင်းအတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပြီး ကြွက်သားကို ပြန်စေ့စေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement