backup og meta

ရေမြွှာရည်နဲ့ ပတ်သက်တဲ့ ပြဿနာများ


Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေမြွှာရည်နဲ့ ပတ်သက်တဲ့ ပြဿနာများ

    မမွေးဖွားလာစဉ်တည်းက amniotic fluid လို့ခေါ်တဲ့ ရေမြွှာအိတ်ကလေးက သင့်ကလေးငယ်အတွက် အိမ်ကလေးပါပ။ သင့်ကလေးရဲ့ အသက်ကိုထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေမြွှာရည်တွေဟာ သားအိမ်ထဲက သန္ဓေသားကို ဖုံးလွှမ်းထားပါတယ်။ ရေမြွှာအိတ်ဟာ တစ်ခါတလေမှာ အရည်နည်းလွန်းတာတွေ၊ များလွန်းတာတွေဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ။် ရေမြွှာရည်နဲ့ပတ်သက်တဲ့ ပြဿနာတွေကြုံလာတဲ့အခါ မှန်ကန်တဲ့ ကုသမှုကို ရရှိစေနိုင်ဖို့အတွက် အဖြစ်များတဲ့ ရေမြွှာပြဿနာတွေအကြောင်း ဖတ်ရှုကြရအောင်နော်…

    ရေမြွှာရည်တွေ ဘယ်ကလာသလဲ။

    ရေမြွှာအိတ်ထဲက အရည်တွေဟာ ကိုယ်ဝန်ပထမ ၁၄ပတ်အတွင်းမှာ သင့်ရဲ့ သွေးလည်ပတ်မှုစနစ်ကနေ ရောက်ရှိလာတာပါ။ ကိုယ်ဝန်ကာလ ဒုတိယ ၃လရဲ့အမှာတော့ ကလေးငယ်ဟာ ဒီရေမြွှာရည်တွေကို မြိုချပြီး ဆီးတွေအဖြစ် ထုတ်ပေးပါတယ်။ ဒါတွေကို ပြန်မြိုချပြီး ဒီလိုပဲ ဆက်သွားတဲ့အခါ နာရီတိုင်းမှာ ရေမြွှာရည်တွေက ဒီလိုပုံစံနဲ့ သံသရာလည်နေပါတယ်။ ရေမြွှာရည်အများစုက သင့်ကလေးရဲ့ ဆီးတွေကနေဖြစ်လာတယ်လို့ ဆိုချင်လည်း ရပါတယ။် ဒါကြောင့် ကလေးငယ်အတွက် သင့်ရဲ့ ရေမြွှာအိတ်ထဲမှာ မှန်ကန်တဲ့ ရေမြွှာရည် ပမာဏရှိနေဖို့ အရေးကြီးလှပါတယ်။ တကယ်လို့များ ဒီစက်ဝန်းက မမှန်နေဘူးဆိုရင် ရေအိတ်ထဲမှာ ရေနည်းလွန်းတာ များလွန်းတာတွေဖြစ်နိုင်ပြီး အခြားပြဿနာတွေ ဖြစ်လာစေပါတယ်။

    ရေမြွှာရည်နဲ့ပတ်သက်တဲ့ အဖြစ်များတဲ့ ပြဿနာတွေကဘာတွေလဲ။

    ပုံမှန်အားဖြင့်တော့ သင့်ရဲ့ ရေမြွှာရည်ပမာဏဟာ ကိုယ်ဝန်ဆောင်ကာလ တတိယ၃ပတ်အစမှာတည်းက သိသိသာသာတိုးလာရမှာပါ။ ၃၄ပတ်နဲ့ ၃၆ပတ်ကြားမှာဆိုရင်တော့ သင်က ရေမြွှာရည်အများကြီးကို သယ်ဆောင်ထားရမှာပါ။ ၃၆ပတ်မြောက်ကို ကျော်လွန်ပြိးချိန်မှာတော့ ကလေးမွေးဖွားတဲ့အချိန်အထိ ဖြည်းဖြည်းချင်း လျော့ကျသွားမှာဖြစ်ပါတယ်။ တကယို့များ သင်က ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အရည်တွေအများကြီးရှိနေတာကို တွေ့ခဲ့ရတယ်ဆိုရင်တော့ ဒါကို polyhydramnios လို့ခေါ်ပါတယ်။ တစ်ဘက်မှာလည်း ရေမြွှာအိတ်ထဲက အရည်တွေ အရမ်းနည်းနေရင် oligohydramnios လို့ခေါ်ပါတယ်။ ဒီအခြေအနေတွေကလည်း ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေဖြစ်ပြီး ကိုယ်ဝန်ဆောင်တွေထဲမှာမှ ခန့်မှန်းချေ ၁%လောက်သာ ခံစားရတာပါ။

    ၁။ ရေမြွှာရည် များလွန်းခြင်း (Polyhydramnios)

    ဒီအခြေအနေကတော့ သင့်ရဲ့ သားအိမ်ကို ဆွဲဆန့်လိုက်သလို ဖြစ်စေပြီး diaphragm (အမြှေးပါး)ပေါ်ကို ဖိအားတွေအများကြိး သက်ရောက်စေပါတယ်။ ရေမြွှာရည်များခြင်းဟာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်ရှူလမ်းကြောင်းအတွက် ပြင်းထန်တဲ့ ပြဿနာတွေကို ဦးတည်စေပြီး လမစေ့ခင် မွေးဖွားခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။ အရည်တွေများလွန်းခြင်းက အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

    • ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆီးချိုရှိခြင်း
    • အမြွှာကိုယ်ဝန်ဆောင်ထားရခြင်း
    • Rh သဟဇာတမဖြစ်ခြင်းနဲ့ ဒီအခြေအနေမှာတော့ Rh antibodies တွေ သွေးထဲမှာ ဖြစ်ပေါ်လာပါတယ်။
    • မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်း ။ အထူးသဖြင့် ဦးနှောက်ထိခိုက်ခြင်း၊ လေပြွန်နဲ့ ကျောရိုးမတို့ ပိတ်ဆို့ခြင်း

    ရေမြွှာရည်နည်းလွန်းခြင်း(okigohydramnios)

    ရေမြွှာရည်နည်းလွန်းတာက ကလေးအတွက် ပြဿနာပေါင်းများစွာကို ယူဆောင်လာပေးနိုင်ပါတယ်။ အရည်ပမာဏတွေဟာ ရုတ်ချည်းလျော့ကျသွားတယ်ဆိုရင ်ပုံပျက်သါားပါတယ်။ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်ပေါ်မယ်ဆိုရင် သင့်ကလေးရဲ့ အဆုတ်က အပြည့်အဝဖွံ့ဖြိုးတော့မှာမဟုတ်ပါဘူး။ ရေမြွှာရည်နည်းလွန်းခြင်းကလည်း အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

    • သန္ဓေသားက မွေးရာပါ ဆီးလမ်းကြောင်းချို့ယွင်းချက် ပါလာခြင်း၊ အထူးသဖြင့် ကျောက်ကပ်တွင်း
    • သန္ဓေသားက မှန်းထားသလောက် မကြိးထွားလာခြင်း
    • သေန္ဓသား သေဆုံးခြင်း
    • သန္ဓေသားမှာ ခရိုမိုဇုန်း မူမမှန်မှုများရှိနေခြင်း
    • အချင်းပုံမှန်အလုပ်မလုပ်ခြင်း( ဒါရဲ့ ရလဒ်ကတော့ သန္ဓေသားက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးလာတော့တာပါပဲ)
    • ကိုယ်ဝန်ဆောင်ကာလ အလွန်အမင်းကြာမြင့်ခြင်း(၄၂ပတ်နဲ့ အထက်)

    သင့်ကလေးရဲ့ လုံခြုံစစိတ်ချရမှုအတွက် ် ကလေးရဲ့ ကြွက်သားတွေ၊ လက်တွေ၊အဆုတ်တွေနဲ့ အစာချေစနစ် ကျန်းမာစွာနဲ့ ဖွံ့ဖြိုးလာစေဖို့ ရေမြွှာအိတ်ကကာကွယ်ပေးထားပါတယ်။ တကယိလု့ိများ သင့်မှာ အထက်ဖော်ပြပါ အခြေအနေနှစ်ခု ဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်က သင့်ကို Ultrasound ရိုက်ဖို့ ပို့ပေးမှာဖြစ်ပြီး ဒါမှသာ မှန်ကန်တဲ့ ကုသမှုနည်းလမ်းကို ခံယူနိုင်မှာပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement